ကွန်ပြူတာ ဆိုတာ ဘာလဲ ?
Video ဖိုင် ကြာမြင့်ချိန်
၂ မိနစ်
ဒီ Video File က တဆင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် ရင်သွေးငယ်တွေကို အသိအမြင်တွေ တိုးပွားလာစေဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ နည်းပညာကို လက်ဆင့်ကမ်းတဲ့ အခါမှာလဲ အလျင်မြန်ဆုံး၊ အလွယ်ကူဆုံး နည်းလမ်းနဲ့ လက်ဆင့်ကမ်းပေးနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံ တိုးတက်ဖို့ အတွက် နည်းပညာဟာ အရမ်း အရေးကြီး ပါတယ်။
နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်လေးတွေ ကို ၁၀ တန်းအောင်မြင်လောက်တဲ့ အချိန်ကျမှ ကွန်ပြူတာ အကြောင်း ပြန် မိတ်ဆက်ပေးနေတာထက် အခုလို Video လေးတွေ ချပြပြီး၊ ငယ်စဉ်ကတည်းက နည်းပညာ ကို စိတ်ဝင်စားလာစေဖို့ လမ်းညွှန်ပြသပေးသင့်ပါတယ်။
ဒီ Video File မှာ
ကွန်ပြူတာ ဆိုတာ ၁ နဲ့ ၀ ကိုပဲ နားလည်တယ် ဆိုတဲ့ အသိလေး တစ်ခု Video စ ဖွင့် ကတည်းက ရသွားပါလိမ့်မယ်။
Hardware / Software ပေါင်းစပ်ထားတဲ့ အရာ တစ်ခုလို့ သူတို့ သိမြင်ပါစေလိမ့်မယ်။
လက်နဲ့ ကိုင်ပြလို့ ရတဲ့ အရာတွေဟာ Hardware ၊ လက်နဲ့ ထိတွေ့ပြလို့ မရတဲ့ အရာတွေ ဟာ Software လို့ သိမြင်ပါစေလိမ့်မယ်။
Software ဆိုတဲ့ အသုံးအနှုန်းကို Web Browser ၊ Music Player ပုံလေးတွေ နဲ့ ချပြရင် သူတို့ နားလည်နိုင်ပါတယ်။
Personal Computer တွေမှာ နှစ်မျိုးလောက် ခွဲပြပေးထားသလို၊ ဒါက PC , ဒါက Mac လို့ ခေါ်တယ် လို့လဲ ရှင်းပြပေးနိုင်ပါလိမ့်မယ်။
PC ကို ထုတ်လုပ်တဲ့ Company တွေ ပြောပြပေးနိုင်မှာ ဖြစ်သလို၊ PC တွေမှာ သုံးတဲ့ OS ဟာ Microsoft ဖြစ်ကြောင်းလဲ ရှင်းပြ ပေးနိုင်ပါလိမ့်မယ်။
Mac ကတော့ Apple Company က သာထုတ်လုပ်ကြောင်း၊ သူ့ OS ကတော့ Mac OS X ဖြစ်ကြောင်း၊ တခြား Devices လေးတွေ မျိုးစုံ ရှိကြောင်းလဲ သူတို့ သိအောင် ပြောပြ နိုင်ပါလိမ့်မယ်။
ဒါ့အပြင် ဒီ Video ပြီးခါနီးမှာ Server အကြောင်းပါ မိတ်ဆက်ပေးထားပါသေးတယ်။
...
ကလေးတွေ အတွက် နောက် သင်္ခန်းစာလေး တစ်ခု အနေနဲ့ Understanding OS အကြောင်း ကို ထပ်တင်ပေးသွားပါမယ်။
https://www.youtube.com/watch?v=pTdSs8kQqSA&index=3&list=PL4316FC411AD077AA
...
ဒီလို ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခုလို မိနစ် ပိုင်း စာလောက်သာ ကြာမြင့်တဲ့ အခမဲ့ သင်ကြားပေးထားတဲ့ Video File လေးတွေ အင်တာနက်မှာ လဲ အများအပြား ရှိပါတယ်။
စိတ်ဝင်စားရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?v=7cXEOWAStq4&index=2&list=PL4316FC411AD077AA
အခု ကျွန်တော်တင်လိုက်တဲ့ Video File ဟာ အင်တာနက် ရတဲ့ နယ်မြို့လေးတွေ အထိ ပျံ့နှံ့ ရောက်ရှိသွားပါလိမ့်မယ်။
...
ကလေး ငယ်တွေ ကို အခုအချိန်က စလို့ အတတ်နိုင်ဆုံး နည်းပညာ လေ့လာခွင့်ရမယ့် လမ်းကြောင်းတွေ ဖွင့်ပေးစေချင်ပါတယ်။
သူတို့ လက်ထဲက Game တွေ အစား၊ သူတို့ စိတ်ဝင်စားစေမယ့် နည်းလမ်း မျိုးစုံ သုံးပြီး နည်းပညာကို အတတ်နိုင်ဆုံး၊ အလျင်မြန်ဆုံး အစားထိုး လေ့လာခွင့်ရစေဖို့ ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
...
Stringlive < SE/SG >
https://www.facebook.com/netprogwiki
Programming Wiki - စွယ်စုံ ပရိုဂရမ်းမင်း
...
No comments:
Post a Comment