Monday, August 8, 2016

Adjectives တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။

Word Form ဖေါ်မြူ လာလေးတွေထုတ်ပြီးသင်ကြမှာပါ။ တစ်ချို့တွေကလည်း ကဗျာတွေ သံချပ်တွေ ထိုးပြီးသင်ကြပါတယ်။

*** Adjectives တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။

Adjectives are usually placed in two positions, before the noun an adjective modifies after linking verbs.
Place adjectives directly before the noun it modifies:

Adjectives တွေဟာ နေရာ ၂ ခုမှာရှိတတ်ကြပါတယ်။
၁). Noun ရဲ့အရှေ့ကနေ ကပ်လျက်လာပြီး တော့ Noun ကို အထူးပြုပေးတတ်ကြပါတယ်။
၂). Linking Verb တွေရဲ့အနောက် မှာရှိနေပြီးတော့ Noun ရဲ့အရှေ့ ကနေ Noun ကိုအထူးပြုပေးတတ်ကြပါတယ်
-------------------------------------------------------------------
*** ၁). Noun ရဲ့အရှေ့ကနေ ကပ်လျက်လာပြီး တော့ Noun ကို
အထူးပြုပေးခြင်း

ဥပမာ
Jack spoke to the slim woman. (slim သည် noun ဖြစ်သော woman ရှေ့တွင်ကပ်လျက်လာပြီးအထူးပြု)
We visited an interesting town. (interesting သည် noun ဖြစ်သော town ရှေ့တွင်ကပ်လျက်လာပြီးအထူးပြု)

ဤပုံစံတွင် Adj သည်
Determiner/(a/an/the) + Adj + Noun ပုံစံဖြင့် လာသည်ကိုမှတ်ပါ။

အထက်ပါ ပုံစံမှာ သတိပြုဖို့က Adjective နေရာမှာ Adj တစ်ခုထက်ပိုလာနိုင်တယ်ဆိုတာပါပဲ။
ဥပမာ ကြည့်ပါ။
Jack lives in a big, brown house. (Adj နှစ်ခုဖြစ်သော big နှင့် brown သည် noun ဖြစ်သော့ house ရှေ့တွင်ကပ်လျက်လာပြီးအထူးပြု)

Determiner/(a/an/the) + Adj1, Adj2,... + Noun ပုံစံဖြင့် လာသည်ကိုမှတ်ပါ။

He bought an interesting, metal box.
(Adj နှစ်ခုဖြစ်သော interesting နှင့် metal သည် noun ဖြစ်သော box ရှေ့တွင်ကပ်လျက်လာပြီးအထူးပြု)
Determiner/(a/an/the) + Adj1, Adj2 + Noun ပုံစံဖြင့် လာသည်ကိုမှတ်ပါ။

*** ၂). Linking Verb တွေရဲ့အနောက် မှာရှိနေပြီးတော့ Noun ရဲ့အရှေ့ ကနေ Noun ကိုအထူးပြုပေးခြင်း

Linking Verb လို့ခေါ်တဲ့ ချိတ်ဆက်ကြိယာ တနည်း (Verb to Be နေရာတွင် အစားသုံးလို့ရသောကြိယာ)
တွေဟာ ရိုးရိုးဝါကျတွေမှာ ၀ါကျရဲ့ Sub အကြောင်းကို ဖြည့်စွက်ပြောပြလေ့ရှိပါတယ်။

That steak looks very tasty! (Linking verb ‘look’ သည် steak ဟာအရသာရှိပုံပေါ်ကြောင်း sub ‘that steak’ အကြောင်းကိုဖြည့်စွက်ပြောပြတာပါ။

The test seems difficult. (linking verb ‘seem’ က sub ‘the test’ အကြောင်းကို ခက်မယ့်ပုံရှိတယ်လို့ ပြောပေးတာပါ။)

** ဒါကြောင့်ဒီနေရာမှာ Linking Verb လို့ခေါ်တဲ့ ချိတ်ဆက် ကြိယာတွေ အသုံးများတာလေးတွေကို မှတ်ထားပါမယ်။

*** အသုံးများတဲ့ Linking Verbs လေးတွေကတော့..

be, become, seem, appear, look , get, grow, prove, remain, smell, sound, taste, turn, stay, get, feel စသည်တို့ဖြစ်ကြပါတယ်။

ဥပမာလေးတွေပါ
The day is beautiful. လှသည် ( ‘is’ = Linking Verb)
She seems a little nervous. နည်းနည်းးကြောက်နေပုံပေါ်သည်။ ( ‘seem’ = Linking Verb)
The boys appear happy. ပျော်နေတဲ့ပုံပေါက်သည် ( ‘appear’ = Linking Verb)
The girls look satisfied. ကျေနပ်တဲ့ပုံပေါ်သည် ( ‘look’ = ။ ။ ။)
The berries taste sweet. ချို တဲ့အရသာရှိသည်။ မြည်းကြည့်ရတာချို သည်။ ( ‘taste’ = ။ ။ ။)
John feels tired. ကြည့်ရတာမောပုံရသည်။ မောပုံပေါ်သည်။ ( ‘feel’ = ။ ။ ။)

*** Verbs တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။

Sub ရဲ့အနောက်မှာ ကပ်လျက် နေပါတယ်။ (သိပြီးသားပါ)

တကယ်လို့ အကူကြိယာနဲ့ ပင်မကြိယာ နှစ်ခုပါလာတဲ့အခါမှာတော့ positive and negative sentences တွေမှာ
ပင်မကြိယာ ဟာ အကူကြိယာနောက်မှာရှိနေပါတယ်
အကူကြိယာ အရှေ့ကလာသည် + ပင်မကြိယာ နောက်ကလာသည် လို့ဆိုလိုတာပါ။ (သိပြီးသားပါ)

ဥပမာ

We are working on a project at the moment. (အကူကြိယာ ‘are’ + ပင်မကြိယာ ‘working’ )
She didn't come home last night. (အကူကြိယာ ‘didn't’ + ပင်မကြိယာ ‘come’ )

မေးခွန်းမှာကျတော့ ပင်မကြိယာ ဟာ sub နောက်မှာကပ်လိုက်ပါတယ်။ (ဒါလည်းသိပြီးသားပါပဲ)

Where have they been this week? (ပင်မကြိယာ ‘been’ ဟာ sub ‘they’ နောက်ကလိုက်သည်)
How often does she drive that car? (ပင်မကြိယာ ‘drive’ ဟာ sub ‘she’ နောက်ကလိုက်သည်)

*** Sub နဲ့ Verb ကြားမှာဝင်တတ်တာကတော့

never, rarely, sometimes, often. usually, always, ever တို့လို အကြိမ်ပြ ကြိယာဝိသေသန adverbs of frequency တွေပါပဲ။

ဥပမာ
She often visits her friends in Germany. (Sub ‘she’ + adverb ‘often’ + verb ‘visit)
They sometimes have lunch in an Italian restaurant. (Sub ‘They’ + adverb ‘sometimes’ + verb ‘have’)

*** Adverbs တွေကိုဘယ်နေရာတွေမှာထည့်ရတတ်ပါသလဲ။

ကြိယာဝိသေသန အမျိုးအစားများစွာရှိပါတယ်

Adverbs တွေဟာ ယျေဘူယ အားဖြင့် နေရာ ၃ နေရာမှာရှိကြပါတယ်။

*** Adverbs at the Beginning စာကြောင်းအစမှာရှိတတ်တဲ့ Adverb
Connecting adverbs such as 'however', 'consequently' and 'firstly' are placed at the beginning of sentences. Make sure to follow a connecting adverb with a comma.
*** ‘therefore’, 'however', 'consequently' and 'firstly' တို့လို connecting adverbs တွေဟာ ၀ါကျအစတွေမှာ နေရာယူတတ်ပါတယ်။သူ့နောက်မှာတော့ ကော်မာ ကိုထည့်ဖို့မမေ့ပါနဲ့

ဥပမာ

Therefore, the students chose Vancouver as a destination. (Therefore, နောက်မှာ ကော်မာပိတ်ပေး)
However, Henry felt he should speak to his cousin. (However, နောက်မှာ ကော်မာပိတ်ပေး)

အချိန်ပြ ကြိယာဝိသေသန တွေနဲ့ အကြိမ်ပြ ကြိယာဝိသေသန တွေဟာ စာကြောင်းအစတွေမှာ နေရာယူတတ်ပါတယ်။
အဲဒီအခါမှာလည်း အလေးအနက် ထားပြီးပေါ်လွင်အောင်ပြောချင်တဲ့သဘောမျိုးနဲ့သုံးလေ့ရှိပါတယ်။

ဥပမာ

Thursdays I play tennis with Greg. ( ‘Thursday’ ကြာသာပတေးနေ့ မှာ ဆိုတာကို ပေါ်လွင်အောင်ပြောချင်တာပါ။
Sometimes Alice spends her time at the mall. ( ‘Sometimes’ မကြာခဏဆိုသလိုပဲ ဆိုတာကို အဓိကပေါ်လွင်စေချင်တာပါ။

*** Adverbs in the Middle စာကြောင်း အလယ်မှာ မှာရှိတတ်တဲ့ Adverb

*** never, rarely, sometimes, often. usually, always, ever တို့လို
အကြိမ်ပြ ကြိယာဝိသေသန Adverbs of frequency တွေဟာ ၀ါကျ အလယ် ထဲ ကြိယာအရှေ့မှာကပ်လျက် နေရာယူတတ်ကြပါတယ်။

The biology class often meets in the lab. ( ‘often’ သည် ၀ါကျအလယ်ထဲ ကြိယာအရှေ့မှာကပ်လျက်လာသည်)
He is rarely morose.
We have never eaten Moroccan food.
He always takes flowers to his girlfriend.
She quite often invites people for Thanksgiving.
They almost never go to the theater.

အဲလို ၀ါကျအလယ် ထဲမှာ နေရာယူတတ်တဲ့တခြား ကြိယာဝိသေသန တွေကတော့
**သေခြာမှုပြ ကြိယာဝိသေသန adverbs of certainty ဖြစ်တဲ့
‘ certainly, definitely, clearly, obviously, probably ’ လို ဟာမျိုးတွေပါပဲ။

ဥပမာ
Tom decided he probably wants to join the club. ( ‘probably’ သည် ၀ါကျအလယ်ထဲ ကြိယာအရှေ့မှာ ကပ်လျက်လာသည်)
They are definitely suited for each other.
They’ll probably arrive late.
He has apparently passed the class.
They obviously forgot to read the directions.

*** Adverbs at the End စာကြောင်း နောက်ဆုံး မှာရှိတတ်တဲ့ Adverb

Adverbs of manner, place and time ပြုမူဆောင်ရွက်ပုံပြကြိယာဝိသေသန။အချိန် နေရာပြ ကြိယာဝိသေသန တွေဟာ ဘယ်လိုလုပ်တယ်-ဘယ်နေရာမှာလုပ်တယ်-ဘယ်အချိန်မှာလုပ်တယ် ဆိုပြီး လုပ်ဆောင်မှုကို
သရုပ်ဖေါ်ပေးဖို့ ၀ါကျနောက်ဆုံးမှာနေရာယူတတ်ကြပါတယ်။

S + V + (O ) ပြီးတော့ M + P + T ပေါ့။ ပြီးရင် reason/purpose နဲ့ ထပ်ဆက်ချင်လည်းဆက်မှာပေါ့။ (သိပြီးသားတွေဖြစ်မှာပါ)

*** Adverbs of time: today, every week, finally, already, soon
     Adverbs of manner (how something is done): slowly, suddenly, badly, quietly စသည်တို့အပြင်
usually, normally, often, frequently, sometimes and occasionally တွေဟာလည်း ၀ါကျနောက်ဆုံးမှာနေရာယူတတ်ပါတယ်။

ဥပမာ
We’ve performed there occasionally.
Where did you eat yesterday?
I will come over and help you tomorrow afternoon.
Have you taken the TOEFL yet?
Have you eaten dinner already?
She sang that aria very well.
He drives competently.
She drives her new Mercedes very carefully.
All the bedrooms are upstairs.
We like to meet in the cafeteria downstairs.

*** Objects (အပြုခံ - ကံ များ )

Objects follow the verbs of which they are objects. They can be preceded by modifiers such as 'some', 'a lot of', etc. or prepositions.
Object တွေဟာ ဆိုင်ရာ Verb နောက်ကနေလိုက်ပါလာတယ်ဆိုတာသိကြပါတယ်။
အဲဒီ Obj တွေရဲ့အရှေ့မှာလည်း သူကိုအထူးပြု တဲ့ Determiner တွေဖြစ်တဲ့ 'some', 'a lot of', စသည်တို့ဖြစ်စေ
ဒါမှမဟုတ် prepositions တွေပါလာနိုင်ပါတယ်။

ဥပမာ
She bought some ice-cream.
I travelled to Spain.

*** Indirect Object First သွယ်ဝိုက်အပြုခံ ကိုအရင်ရေးပါ။

English has both direct objects and indirect objects. Direct objects refer to the object that is affected and indirect objects refer to whom or for whom something is done. When using both a direct and indirect object, the indirect object usually comes first.
ဝါကျတစ်ကြောင်းမှာ တိုက်ရိုက်အပြုခံ direct object နဲ့ သွယ်ဝိုက် အပြုခံ indirect object ဆိုတာနှ စ်မျိုးရှိနိုင်ပါတယ်။

Direct object တွေဟာ (ပထမဦးစွာ) ထိတွေ့ခံရတဲ့ အရာဝတ္ထု ပစ္စည်း (လူမဟုတ်တဲ့) သက်ရှိ တွေဖြစ်တတ်ပြီး
Indirect object ကတော့ အပြုခံ တစ်ဦးတစ်ယောက်ဖြစ်တတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ Indirect Object ကိုအရှေ့က အရင်ရေးရပါတယ်။(နောက်က ရေးရင်တော့ preposition to/for ခံပြီးရေးရပါတယ်)

ဥပမာ Sub + Verb + IO + DO နဲ့ရေးရင်
She gave me money. ဖြစ်ပါမယ်။ She ဟာ ငွေ ကို အရင် ပထမထိတွေ့ပြီးမှ ကျနော့်ကို ပေးတာမို့လို့
ငွေ သည် တိုက်ရိုက်အပြုခံ DO ဖြစ်နေပြီး ကျနော် me ကတော့ နောက်မှ ထိတွေ့ခံရတာ တနည်း ရည်ညွှန်းခံရတာမို့
IO သွယ်ဝိုက်အပြုခံဖြစ်သွားပါတယ်။
IO ကိုရှေ့ကထားရေးရပါတယ်လို့ဆိုလိုတာပါ။

တကယ်လို့
Sub + Verb + DO + (to/for) + IO ပုံစံရေးမယ်ဆိုရင်တော့

ဥပမာ
She gave a lot of money to all of us. လိုဖြစ်သွားပါမယ်
Sub (She) + Verb (gave) + DO (a lot of money) + to + IO (all of us) ပုံစံပါ။
( IO, DO ကို ဒီနေရာမှာ ဒီလောက်ပဲ အကြမ်းဖျဉ်းရှင်းပြပါရစေ။)

ဥပမာလေးတွေထပ်ကြည့်ကြပါမယ်။
I bought Tim a present last week. – (Tim = IO ပါ )(a present = DO ပါ-အရင်ထိတွေ့တာမို့ တိုက်ရိုက် အပြုခံ Direct Object လို့အလွယ်မှတ်ပါ)
Our friends wrote us a nice letter. – ( 'us' = IO ) ( 'a nice letter' = DO ပါ။ စာကိုအရင်ရေးတာမို့လို့ )
*** Indirect Object Last သွယ်ဝိုက်အပြုခံ ကိုနောက်မှာထားရေးခြင်း
*The indirect object is placed after the direct object when a preposition such as 'for' or 'to' is used.
Sub + Verb + DO + (to/for) + IO ပုံစံဖြစ်သွားပါမယ်။အပေါ်မှာ ရှင်းပြထားပြီးပါပြီ။

ဥပမာလေးတွေ..
I bought the roses -for- my daughter. (IO ဖြစ်တဲ့ my daughter ကိုနောက်မှာထားရေးတာပါ)
She lent two thousand dollars - to - her friend. (IO ဖြစ်တဲ့ her friend ကိုနောက်မှာထားရေးတာပါ)
These two examples could also be expressed by placing the indirect object first by NOT using the preposition.

အဲဒါတွေကို ဒီအောက်က လိုပြန်ရေးလည်းရပါတယ်။

S+V+IO+DO ပုံစံပါ။ အဲဒါဆို (to/for) ကိုထည့်ဖို့မလိုတော့ပါဘူး။
I bought my daughter the roses.
She lent her friend two thousand dollars.
When both direct and indirect object are pronouns, place the indirect object last generally preceded by the preposition 'to'.
တကယ်လို့ DO နဲ့ IO နှစ်ခုစလုံးဟာ နာမ်စား pronoun တွေဖြစ်နေတဲ့အခါမှာ
IO သွယ်ဝိုက်အပြုခံ pronoun ကို ‘ to ‘ ခံပြီးနောက်မှာရေးရပါတယ်။
ဥပမာလေးကိုကြည့်ပါ။

*She offered it to them. သူ (မ) က အဲဒါကို သူတို့ကိုပေးခဲ့ပါတယ်။
Sub (She) + Verb (offered) + DO ( it ) + to + IO ( them ) ပုံစံပါ။
*They sent them to her. သူတို့က အဲဒါတွေကို/သူတို့တွေကို သူမဆီ ပို့ပေးခဲ့ပါတယ်။
Sub (They) + Verb (sent) + DO ( them ) + to + IO ( her ) ပုံစံပါ။

တပည့်လေးတွေကိုပြန်သင်ပေးနေကြတဲ့ အလွယ်ပုံသေနည်း ကိုတော့ အထူးတလည်ရှင်းပြမနေတော့ပါဘူး။

ဆရာတိုင်းလိုလို သင်ပြပေးထားတဲ့ ရေးသားထားတဲ့မှတ်စုတွေမှာ အလွယ်တကူတွေ့နိုင်လို့ပါ။

နားလည်တတ်ကျွမ်းကြပါစေ။
မေတ္တာဖြင့်
Htuu Sann

No comments:

Post a Comment