Monday, February 22, 2016

သရုပ်ဆောင်

သရုပ်ဆောင်
----------------

လူတိုင်းကြိုက်နှစ်သက်တဲ့ ဇာတ်ကားကြီးတကားရှိတယ်

သရုပ်ဆောင်တွေများ ပီပြင်လိုက်တာ
မပြောပါနဲ့ တော့

ဆင်းရဲသားအခန်းကသရုပ်ဆောင်တဲ့သူ
တွေကလည်း သဘာဝကျလိုက်တာများ
သူတို့ တွေသရုပ်ဆောင်နေရတယ်ဆိုတာ
ကိုမေ့နေပြီး ဘယ်တော့မှ မချမ်းသာတော့
မဲ့ စရိုက်လက္ခဏာတွေနဲ့  မျက်ရည်ရွဲလွဲနဲ့ 
သရုပ်ဆောင်နေကြတယ်

အရာရှိ ကြီးတွေ သူဌေးကြီးတွေ ကလည်း
သူတို့ ကျရာအခန်းကနေ မာန်မာနတွေ
အတ္တတွေ ကြီးစွာနဲ့  သရုပ်ဆောင်နေကြတာများ ဘယ်တော့
မှမဆင်းရဲတော့ဘူးဆိုတဲ့ အသွင်သဏ္ဌာန်
တွေနဲ့ 

သဘာဝကျလိုက်တာ မပြောပါနဲ့ တော့

ဆင်းရဲသားတွေရော သူဌေးကြီးတွေရော  သူတို့ သရုပ်ဆောင်
နေကြရတယ်ဆိုတာကို သတိမယကြဘူ်း
အချိန်တန်ရင် ဇာတ်ကားကြီးပြည်ဖုံးကား
ချရမယ်ဆိုတာကို မေ့နေကြတယ်

အဲဒီဇာတ်ကားကြီးရဲ့အမည်က

အယူမှားကြသူများ   တဲ့

ထုတ်လုပ်သူက
ကိုအဝိဇ္ဇာ နဲ့ ကိုတဏှာ တဲ့

သရုပ်ဆောင်တွေက
ကိုလောဘ 
ကိုဒေါသ 
ကိုမောဟ  တဲ့

ဇာတ်ညွန်းရေးဆရာက
ကို စေတနာ  တဲ့

ဒါရိုက်တာရဲ့အမည်က
ဦး ကံ  တဲ့

ကြည့် ကြည့်ကြပါလား
တော်တော်ကောင်းတဲ့ ဇာတ်ကားကြီး

သရုပ်ဆောင်တဲ့သူတွေများ
သဘာဝကျလွန်းလို့ 

အော်စကာဆု ရသင့်တယ်

နောက်ပြီ့း

ဒီဇာတ်ကားပြီးတော့

နောက်ဆက်တွဲဇာတ်ကားက

ဒါရိုက်တာ ကိုငရဲမင်းရဲ့

လွမ်းလွန်းလို့  ပြန်လာခဲ့ပါတော့ တဲ့

ဆက်လက်အားပေးကြရမယ်နော်

------------------------------------------

လူသိများအောင် share ပေးကြပါဦ်း

No comments:

Post a Comment