Monday, February 22, 2016

ဆဋ္ဌသင်္ဂါယနာ

ဆဋ္ဌသင်္ဂါယနာ
( The World Tipitaka Council)

သာသနာနှစ် ၂၄၉၈ (အေဒီ-၁၉၅၄) ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ ၊ သီဟိုဠ် (သီရိလင်္ကာ) ၊ ထိုင်း(ယိုးဒယား) ၊ လာအို (လော) ၊ ကမ္ဘောဒီးယား ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှ သံဃာတော် အပါး ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက အဋ္ဌကထာကျမ်းများ ၊ ဋီကာကျမ်းများကိုပါ မူအမျိုးမျိုး ညှိနှိုင်းတည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ် ဖြန့်ချီခဲ့ပေသည်။

ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း) မြန်မာနိုင်ငံမှ -

၁။ ဘဒ္ဒန္တရေ၀တမထေရ် (အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိ အဖြစ်၎င်း၊

၂။ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ် (အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ) က ပုစ္ဆက = မေးသူ အဖြစ်၎င်း၊

၃။ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ် (ပထမဆုံး- '' တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက = ဖြေဆိုသူ အဖြစ်၎င်း၊

သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။

----- ----- ----- ----- -----
The World Tipitaka Council B.E. 2500 (1957)
----- ----- ----- ----- -----

The Sixth Buddhist Council (Pali: Chaṭṭha Saṅgāyana; Burmese: ဆဋ္ဌသင်္ဂါယနာ) was a general council of Theravada Buddhism, held in a specially built cave and pagoda complex at Kaba Aye Pagoda in Yangon, Burma.

The council was attended by 2,500 monastics from eight Theravada Buddhist countries. The Council lasted from Vesak 1954 to Vesak 1956, its completion coinciding with the traditional 2,500th anniversary the Buddha's Parinibbāna. In the tradition of past Buddhist councils, a major purpose of the Sixth Council was to preserve the Buddha's teachings and practices as understood in the Theravada tradition.

Over the two-year period, monks (sangīti-kāraka) from different countries recited from their existing redaction of the Pali Canon and the associated post-canonical literature. As a result, the Council synthesized a new redaction of the Pali texts ultimately transcribed into several native scripts.
by.ko john

More information at : http://en.wikipedia.org/wiki/Sixth_Buddhist_council

No comments:

Post a Comment