မျက်မှောက် ဗုဒ္ဓဘာသာ သာသနာ အ ခြေ အ နေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပြည်ထောင်စု မြန်မာနိုင်ငံသည် မြို့နယ်ပေါင်း
(၃၃၀)နှင့် ကျေးရွာပေါင်း (၆၄၉၁၇) ရွာတို့ဖြင့်
ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံဖြစ်သည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းပေါင်း (၆၁၃၀၂)
ကျောင်းနှင့် သီလရှင်ကျောင်းပေါင်း (၃၈၈၁) ကျောင်း
တည်ထောင်၍ ထိုကျောင်းများတွင် ရဟန်းတော်
(၂၇၂၉၂၇) ပါး၊ သာမ ဏေ (၂၈၇၈၁၈)ပါးနှင့်
သီလရှင် (၅၀၅၅၃) တို့ သီတင်းသုံးသာသနာပြု
လျှက်ရှိသည်။
အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျေးရွာပေါင်း
(၆၄၉၁၇)ရွာခန့်ရှိရာတွင် ဘုန်းတော်ကြီးကျောင်းမှာ
(၆၁၃၀၂) ကျောင်းခန့်သာရှိသဖြင့် ကျန်ကျေးရွာပေါင်း
(၃၆၁၅)ရွာတို့မှာ ဘုန်းတော်ကြီးကျောင်းမရှိသေး
သည်ကို တွေ့ရမည်ဖြစ်ပေသည်။
ထိုကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းများ တည်ထောင်၍ သာသနာပြုနိုင်ရေး ကြိုးပမ်းလုပ်
ဆောင်ရန် လိုအပ်လျှက်ရှိပေသည်။
ထိုထက်ပို၍ သတိပြုစရာကောင်းသည့်အချက်မှာ
မျက်မှောက်ခေတ် ကျေးလက်တောရွာများတွင်
ဘုန်းတော်ကြီးကျောင်းများ၌ ဝေယျာဝစ္စခိုင်းစရာ
ဟူ၍ ကျောင်းသားမရှိတော့ပါ။
ယင်းသို့ကျောင်းသားမရှိခြင်းကြောင့် ကိုရင်(သာမဏေ)
လည်း မရှိတော့ပါ။ ထိုအတိုင်း ဘုန်းတော်ကြီးကျောင်း
များတွင် ကျောင်းသားမရှိ၊ သာမ ဏေမရှိတော့ခြင်း
ကြောင့် နောင်အနာဂတ်ကာလ၌ ရဟန်းဘောင်သို့
ဝင်လာသူပင် ပါးရှားသွားကြောင်းသိနိုင်ပေသည်။
ယင်းသို့ဖြစ်ရသည်မှာ ကျေးလက်ဘုန်းတော်ကြီး
ကျောင်းများတွင် ပညာတတ်ရဟန်းတော်များမရှိဘဲ
တောထွက်ရဟန်းကိုသာ ကိုးကွယ်နေရသည့်အတွက်
ပညာသင်ကြားပေးနိုင်ခြင်း မရှိသောကြောင့်ဟု
သိရ ပေသည်။
၂၀၀၄ မှ ယခုနှစ်အထိ (၁၁)နှစ်တာကာလအတွင်း
ပထမကြီးတန်းဖြေဆိုအောင်မြင်ထားသူပေါင်း
(၄၉၈၂၇)ပါး၊ဘဓမ္မာစရိယ ဖြေဆိုအောင်မြင်ထားသူ
ပေါင်း (၅၈၄၈) ပါးတို့ကို တွေ့ရ ပေသည်။
ထိုအ ရေအတွက်မျှ ပညာတတ်ရဟန်းတော်များရှိပါ
လျှက် ကျေးလက်တောရွာများနှင့်နယ်မြို့များတို့တွင
် ပညာတတ်ရဟန်းတော်များ ရှားပါးနေရခြင်းမှာ
စဉ်းစားဘွယ်ကောင်းလှပေသည်။
အထက်ပါ ပညာတတ်ရဟန်းတော်တို့မှာ သူတို့တတ်
ထားသောပညာဖြင့် သာသနာတော်အတွက် အသုံးချ
လိုစိတ်မရှိခြင်းမှာ အဘယ့်ကြောင့်နည်းဟု စဉ်းစားရန်
လိုအပ်ပေသည်။
>>>>>>>>>>>>
ဘဒ္ဒန္တကောသလ္လ -
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
စံပြသာသနာပြုကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်။
ဝိဘဇ္ဇသွေး ဓမ္မဒါနပြုသည်။
20.2.2016
No comments:
Post a Comment