အာသဝေါတရား
ကြာမြင့်စွာထုံအပ် စိမ်ထားအပ်သော
စိမ်ရည်သည် သောက်သုံး စားသူ
သတ္တဝါတို့ ကို မူးယစ်စေသကဲ့သို့ 
လောဘစသောတရားတို့ သည်လည်း
သတ္တဝါတို့ ကို အမြဲမူးယစ်စေကုန်သော
ကြောင့် " အာသဝ " ဟုခေါ်၏ ။
ဘုံအားဖြင့် ဘဝဂ်တိုင်အောင်
ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင်
ယိုစီးတက်သောကြောင့် " အာသဝ " ဟု
ဆို၏ ။
၁ ။ကာမာသ။
ကာမဘုံ၌ ကာမဂုဏ်ငါးပါးနှင့်စပ်သော
ရာဂဟုဆိုအပ်သော လောဘစေတသိက်
သည် ကာမာသဝမည်၏ ။
၂ ။ ဘဝါသဝ
ရူပဘုံ ၊ အရူပဘုံတို့ ၌ ကပ်ငြိတွယ်တာ
တက်သော လောဘစေသိက်ကို ဘဝါသဝ ဟုခေါ်၏ ။ ရူပဈာန် အရူပဈာန်
တို့ ကိုလည်း အကျုံးဝင်၏ ။
၃ ။ ဒိဋ္ဌာသဝ
၆၂ ပါးသော မိစ္ဆာဒိဋ္ဌိသည် ဒိဋ္ဌာသဝမည်၏ ။
၎ ။ အဝိဇ္ဇာသဝ
သစ္စာလေးပါး ၊ ပုဗ္ဗန္တ ( သံသရာ၏ရှေးအစွန်း ) လွန်ခဲ့သည့်ဘဝများ ။
အပရန္တ ( သံသရာ၏ နောက်အစွန်း )
အနာဂါတ်ဖြစ်မည့်ဘဝများ ။
ပုဗ္ဗန္တာပရန္တ ( ရှေးအစွန်း နောက်အစွန်း )
ပဋိစ္စသမုပ္ပါဒ် ဤရှစ်မျိုးသော တရားတို့ ကို ဖုံးလွှမ်းတက်သော မောဟသည်
အဝိဇ္ဇာသဝ မည်၏ ။
No comments:
Post a Comment