ဟူး
-------
အရာရာခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံကို
ပြုပြင်ပြောင်းလဲဖို့ ဆိုပြီး မိမိတို့ ကြိုက်တဲ့ခေါင်းဆောင်ကို မဲပေးပြီး ရွေးခြယ်ခဲ့ကြတယ်
ပြောင်းလဲခြင်းကို လိုလားသူတွေထဲမှာ
အလွှာမျိုးစုံ လူတန်းစားမျိုးစုံပါဝင်ပါတယ်
ခေတ်ဆိုး စနစ်ဆိုးက ရုန်းထွက်နိုင်ပြီဆိုပြီ
ပျော်ကြတယ် ပွင့်လင်းမြင်မှု့ရှိလာပြီဆိုပြီး
ဘာတွေတိုးတက်လာသလဲလို့  လေ့လာကြည့်မိတယ်
ပြည်သူတွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်ဆိုတဲ့
အခန်းကဏ္ဌတွေကို လေ့လာကြည့်မိတယ်
ဆင်းရဲသားပြည်သူတွေကို ရှေ့ဆောင်လမ်းပြ
ပြုလုပ်ရမဲ့ အနုပညာရှင်တွေဟာ ပွင့်လင်းမြင်သာ
မှု့ကိုခေါင်းစဉ်တပ်ပြီး အဝတ်အစားဝတ်စားတာ
အနောက်တိုင်းဆန်လာတယ် မြန်မာ့ယဉ်ကျေးမှု့ပျက်စီးစေမဲ့ဝတ်စားဆင်ယဉ်တဲ့ ပြောင်းလဲမှု့ကိုသာ တွေ့ ရတယ်
ဟူးးးးးး
TV ကလာတဲ့ လူစိတ်ဝင်စားတဲ့ ချန်နယ်တွေကို
လေ့လာကြည့်တော့ မုန့် စားပြိုင်တာတို့ 
ကလေးကလားဆန်တဲ့ ကစားနည်းတွေ ပြိုင်နေတာနဲ့ တင် အချိန်ကုန်နေတယ်
ဟူးးးးးးး
နိုင်ငံကို ခေါင်းဆောင်မဲ့ ပညာတတ်လူငယ်တွေ
ကို လေ့လာကြည့်တော့ coc တို့  ကိုးရီးဟား
ဇာတ်လမ်းတွဲတွေ နဲ့  ဘာဂိမ်းတွေ အသစ်ထွက်
သလဲ ဆိုတာကို လေ့လာရင်းနဲ့ ပဲ အချိန်တွေကုန်နေတယ် ဒီပုံစံနဲ့  နိုင်ငံကို ပခုံးလွဲဖို့ ဆိုတာ
ဟူးးးးး
စာပေလောကက စာရေးဆရာတို့  ဘာတို့ ကို
လေ့လာကြည့်တော့လည်း ဘာသာသာသနာ
အကြောင်းကိုသိပ်မတွေ့ ရဘူး အချစ်အကြောင်း
စာအုပ်တွေနဲ့  တဘဝအောင်မြင်ဖို့ အကြောင်း
အရာလောက်သာဇောင်းပေးရေးနေပြီး သံသရာ
ငြိမ်းအေးကြောင်းဗုဒ္ဓတရားတော်တွေကို ရေးသားသူအနည်းငယ်လောက်သာတွေ့ ရတယ်
တပါတီနဲ့ တပါတီ ပုတ်ခတ်တာမျိုးတွေ ဘာသာ
သာသနာကို စော်ကားတာမျိုးတွေကိုလည်း
တွေ့ နေရပြန်တယ် ဒီပုံစံနဲ့ ဆိုလို့ ကတော့
ဟူးးးးး
လိုချင်တာကတော့ ဒီမိုကရေစီပါပဲ
တဦးချင်းစီ ပြောင်းလဲနိုင်စွမ်းပြီလားလို့ 
လေ့လာကြည့်တယ် ကားတွေကြပ်တာဟာ
ယဉ်ကြောမနိုင်တာလား ဒရိုက်ဘာတွေ စပယ်ယာတွေ စည်းကမ်းမလိုက်နာလို့ 
ပိတ်တာလားဆိုတော့ တဦးချင်းစီ စည်းကမ်းမလိုက်နာလို့  ယဉ်ကြောပိတ်ဆို့ တာ
ပိုများတာတွေ့ ရတယ် ဒီပုံစံနဲ့ ဆိုလို့ ကတော့
ဟူးးးးးး
ဗုဒ္ဓဘာသာ အချင်းချင်း အထင်အမြင်လွဲမှားအောင် ရေးသူကရေး
မခံချင်စိတ်နဲ့ တုန့် ပြန်ကြ ဆဲဆိုကြနဲ့ 
အဆိုးဆုံးက ရဟန်းသံဃာတွေကို ပြစ်မှာမှု့ဟာ
အဆိုးဆုံးပါပဲ
ကြီးမားသော ဆုတ်ယုတ်မှုကိုဖြစ်ပေါ်စေတယ်
သဘာဝဘေးအန္တရယ် ဆိုးဆိုးတွေဟာ
ရတနာသုံးပါးကို စော်ကားတဲ့အခါမျိုးမှာ
ကျရောက်တက်တာပါ
အခု အရင်ကထက် သဘာဝဘေးအန္တရယ်တွေ ပိုဆိုးနေတယ်ဆိုတာ
လေ့လာရင်တွေ့ ရမှာပါ
ဘယ်သုက ဘယ်ကနေ ရေးမှန်းမသိတဲ့ သတင်းတခုအတွက်နဲ့  အကုသိုလ်အတက်ခံပြီး
တုန့် ပြန်ကြ ဆဲဆိုကြတာဟာ ဆင်ခြင်းတုံ
တရားနည်းပါးမှု့ပါပဲ
ဒီလိုပုံစံနဲ့ သာ ဗုဒ္ဓဘာတွေ မစည်းလုံးလို့ ကတော့
ဟူးးးးးး
ဟူးးးးးးး
ဟူးးးးးးးး
ဟူးးးးးးးးးး
ဟူးးးးးးးးးးးး
No comments:
Post a Comment