သိစေရန်
********************************
good night မနှုတ်ဆက်ချင်း
မအိပ်ပဲနေလိုက်တာ
နှစ်ရက်လောက်ပါပဲ
ကြောင်တောင်တောင်ဖြစ်သွားလို့
သယ်ချင်းက စိတ်ပူပြီးကော်ဖီထဲ
အိပ်ဆေးခပ်လိုက်ရတယ်
သူကဖုန်းဆက်ပြီးထမင်းစားဖို့
မပြောမချင်း. . . .
နှစ်ရက်လောက်ပါပဲ
အစာအိမ်ရှိတော့
ဆေးရုံတက်လိုက်တာ
ကံကောင်းလို့မသေတယ်
ူသူလိုက်ပို့မှ သူလိုက်ပို့မှဆိုပြီး
မသွားပဲနေလိုက်တာ
ရှေ့နောက်တောင်မြောက်တောင်
ခပ်မေ့မေ့ဖြစ်သွားလို့
မန်းလေးတောင်တက်တာ
ကြာနီကန်လမ်း တဝက်ရောက်မှသိတယ်
ဟွန်းဟွန်းးးးးး
ဒါကြောင့် ကျားလို့များပြောရင်
မျဉ်းကြားကနေတောင် မကူးဖြစ်တာ
အတော်ကြာနေပေါ့
အချစ်လို့များပြောလိုက်ရင်
သေမှာကြောက်လွန်းလို့
နားပင်းယောင်ဆောင်နေတာ
ဒီနေ့ထိပါပဲ
ဒါကိုများလူကို အပျိုကြီးတဲ့
ကိုယ့်ကို သေကြောင်းကြံမယ့်သူကို
အကူအညီတောင်းစရာ လား ဟွန်းးးးးးး
ံ
thel pwint
9:36pm
sat
No comments:
Post a Comment