Monday, February 22, 2016

ဘယ်သူဖြစ်ဖြစ်ဖြစ်ပါ

ဘယ်သူဖြစ်ဖြစ်ဖြစ်ပါ
------------------------

သာသနာတော်ကို စောင့်ရှာက်တဲ့အခါ လူရယ်
ရဟန်း ရယ်ဆိုပြီး ခွဲခြားလို့ မရပါဘူး

ကိုယ်သိသလောက်ကို ကျယ်ပြန့် အောင်
ဖေါ်ထုတ်နိုင်ဖို့ သာအဓိကပါ

မန္တလေးက အဘိဓ္မာဆရာကြီး ဦးအုန်း ဆိုတာ
မန္တလေးက ရဟန်းတော်စာသင်သားတွေရဲ့
အသည်းကျော်ကြီးပါပဲ အဘိဓမ္မာ ဦးအုန်း  ဆိုတာ
စာသင်သားတော်တော်များများရဲ့ ဆရာကြီးပေါ့

တချိန်က သံဗျင်မင်းသမီးဆိုတာ ရှိတယ်
သူလည်း ရဟန်းတော်တွေကို ကန့်လန့် ကာ
နောက်ကွယ်ကနေ  တနေ့ ကို စာဝါ သုံးကြိမ်
ပို့ ချသတဲ့

ပဋိပတ္တိဘက် ကဆိုရင်လည်း အနာဂါမ်ဆရာသက်ကြီးတို့  ဦးဘခင်တို့ 
ဦးဂိုအင်ကာ တို့  ဦးကြည်တို့ ဆိုတာ
ကမ္ဘာကျော်တဲ့ ပဋိပတ္တိ တရားပြ ဆရာကြီးတွေပေါ့

အခု

ဗုဒ္ဓတရားတော်တွေကို နိုင်ငံခြားသား ရဟန်း
တော်များတင်မကတော့ဘူး
နိုင်ငံခြားသား လုပုဂ္ဂိုလ်များကလည်း
စွမ်းစွမ်းတမံ ဖေါ်ထုတ်ပြီး ဗုဒ္ဓသာသနာတော်မြတ်
ကြီးကို မိမိတို့ နိုင်တဲ့ဘက်ကနေ ထင်ရှားအောင်
ပြုလုပ်ပေးနေကြတာ အံ့မခန်းဖြစ်ပြီး ကြက်သီး
မွေးညှင်းတောင် ထမိပါတယ်

ကျွန်တော်တို့  မြန်မာပြည်သူတွေကသာ
အခုထိ ရဟန်းတော်တွေကို အပြစ်ပြောနေတုန်း ငြင်းနေကြတုန်း တဘက်နဲ့ တဘက်
ပုတ်ခတ်နေကြတုန်း ရန်ဖြစ်နေကြတုန်း

သြော်  - - - -

နေရာချင်းများ လွဲနေလေရော့သလား ပဲ

မချိတင်ကဲဖြစ်လိုက်တာ

လူလည်းဖြစ်တယ်
သာသနာနဲ့ လည်းကြုံတယ်
ဗုဒ္ဓဘာသာလည်းဖြစ်တယ်

သာသနာပြုဖို့  ဘုန်းကံတွေ ပါလာကြတာတောင်
အသုံးမချတက်သေးတော့လည်း

သာသနာနဲ့ ကြုံရတဲ့ လူ့ ဘဝဟာ
အလဟသ ဖြစ်ကြတော့မယ် ထင်ပါတယ်

နှမျောစရာ ကောင်းလိုက်တာ

share

No comments:

Post a Comment