"က လေး က ဗျာ ဆ ရာ ကြီး ဦး တင် မိုး ၏
က လေး က ဗျာ စုံ ပန်း ဥ ယျာ ဉ်"
~~ ~ ~~
၁။"ပူစီ့သီချင်း"
*ပူစီက လေး သီချင်းဆို
သီချင်းက လေးက တို
*ညောင်ညောင် ဆိုတာ သူ့သီချင်း
ဆိုတိုင်း ဆိုတိုင်း ပျင်း
ပူစီ့ ညောင် သီချင်း။ ။
~~~ ~ ~~
၂။ကြောင်
*ပူစီက လေး ပေါကြောင်ကြောင်
နှုတ်ခမ်းမွှေးတွေ ထောင်။
*ထောင်ပေမယ့်လည်း အလကား
ပူစီ ကြောင် ငကြွား။
*ငကြွား င ကြောင် ကျားယောင်ဆောင်
ကျားနဲ့ မတူပေါင် ။
*အမြီးထောင် လို့ အ ကောင်သေး
ပူစီ ကြောင် က လေး။ ။
~~~ ~ ~~
၃။"ဖိုးဥာဏ်"
*သားက လေးက ဘောလုံးကန်
တကယ့် နတ်မြင်းပျံ
ဖိုးဥာဏ် ဖိုးဥာဏ် ဖန်ခေါင်းတုံး
မေ မေ့ဆီကို လာပါဦး။
*လာပါဦးလို့ မေ မေ ခေါ်
ဖိုးဥာဏ် နှုတ်ခမ်းထော်
သူပျော်ချင် ရာ ပျော်တဲ့သား
ဖ အေတူမို့လား။ ။
~~~ ~ ~~
၎။"ဆယ့်နှစ်လ ရာသီ"
*တန်ခူး ကဆုန် နယုန်လ
ပိတောက်ဖူးလို့ မိုးဦးကျ။
*ဝါဆို ဝါခေါင် တော်သလင်း
သ ပြေသီးလို့ ရေကြီးခြင်း။
*သီတင်းကျွတ် တန်ဆောင် မုန်း
နတ်တော်ကို
ဆီမီး ကထိန် မြတ်စာဆို။
*ပြာသိုလ် တပို့တွဲ တ ပေါင်းလ
နှင်းစဲခါစ နွေဦးလ
ဆယ့်နှစ် ရာသီ မှတ်သားကြ။ ။
~~~ ~ ~~
၅။"အက်ဖွတ်"
*လူက လေးက ဆိုတတ်ပြီ
အေ ဘီ စီ ဒီ အေ ဘီ စီ ဒီ။
*အီး အက်ဖ် ဂျီ အဆိုခက်
ဆိုပြရမှာ ရှက်။
*မရှက်ပါနဲ့ လူလေးရယ်
မခက်ပါဘူး ကွယ်။
*မျက်နှာကွယ်လို့ သံကုန်လွှတ်
အေ ဘီ စီ ဒီ အီး အက် ဖွတ်။ ။
#Photo credit
#မေတ္တာဖြင့်
Mg Wisdom
Friday, February 26, 2016
"က လေး က ဗျာ ဆ ရာ ကြီး ဦး တင် မိုး ၏ က လေး က ဗျာ စုံ ပန်း ဥ ယျာ ဉ်"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment