Wednesday, February 24, 2016

ဘယ်တော့မှ မမေ့ဘူး

ဘယ်တော့မှ မမေ့ဘူး

၎.၁၀.၂၀၁၅။ နေ့က သွားချင်ကြလို့ ၂.နာရီ၊သီလက္ခန်စာဝါနဲ့.၄.နာရီ ပါရာဇိကဏ်
စာဝါ နားပေးလိုက်ပါတယ်။တက်ကြွနေကြတာကို။

(မျိုးစောင့်အောင်ပွဲကျင်းပတဲ့နေ့)

အဲဒီနေ့က စာလိုက်သံဃာတွေရော သီလရှင်တွေပါပြောဖြစ်လိုက်ပါတယ်....

၈၈.ကို မင်းတို့ မမှီဘူး၊မန္တလေးမှာ ငါ့တပည့် ကိုရင်ဉာဏော ၁၄.နှစ်၊အိမ်တော်ရာ
ဘုရားဖက်က ပစ်လိုက်တဲ့ကျည်ဆံ ဆီးခုံဖောက်ပြီး ပျံလွန်ခဲ့တယ်။

ငါ့တို့ သံယုတ်ကျောင်းဆောင်က ငါ့သူငယ်ချင်း ဦးဇ၀န တောင်ငူထောင်မှာ နှစ်ရှည်ကျပြီး ယခု အမေရိကားမှာ၊
၈၈.ငါ့ကျောင်းဘေးက ကံဘဲ့သုသာန် ငိုကျွေးသံတွေ ညံ့ခဲ့ဘူးတယ်။
၉၀.ပတ္တနိက္ကုဇ္ဇနမှာ ငါတို့ ၀န်ခံကတိထိုးခဲ့ကြရတယ်။(အကြပ်ကိုင်ခံရတယ်)

၂၀၀၇.၂၆.ရက်၊တော်သလင်းလပြည့် ငါ့ဒကာဒကာမတွေက ဒီနေ့ ပစ်လိမ့်မယ်
ရွှေတိဂုံ ကြေးသွန်းဘုရားကြီးက မသွားဖို့ လျှောက်ကြတယ်၊ငါ့တပည့်တွေ ငါအသိ
ပေးခဲ့တယ်၊ဒါပေမဲ့ သူတို့ သွားခဲ့ကြတယ်။

သူတို့အတွက် ငါတို့စာချတွေ ဘယ်လောက်စိတ်ပူခဲ့ရဆိုတာ မင်းတို့မသိနိုင်။

၂၀၀၇.၂၆.ည တို့ကျောင်းတိုက်အနီးက ည ၂.နာရီ မိုးကောင်းကျောင်း၊ငွေကြာယံကျောင်းတွေ ၀င်စီးတယ်။
၂၀၀၇.၂၇.တစ်နေ့ခင်းလုံး ငွေကြာယံကျောင်း သစ္စာလမ်းမပေါ်မှာ တဒိုင်းဒိုင်းပစ်
ခတ်နေကြတယ်၊တို့ကျောင်းတိုက် သံဃာ.၃၀၀ ဘယ်လိုဖြစ်နေမယ်ဆိုတာ မင်းတို့
စဉ်းစားကြည့်ပါ။

၂၀၀၇.၂၇.ည ပဉ္စနိကာယ်ကို ၀င်စီးမယ်ဆိုတဲ့အသံကြောင့် ငွေကြာယံသင်္ခန်းစာယူပြီး စာသင်သားတွေ အထိခိုက်မခံဘူး ငါတို့ စာချတွေအားလုံးအဖမ်းခံမယ်ဆိုပြီး တစ်ညလုံးမအိပ်ဘဲနဲ့ အဖမ်းခံဖို့ စောင့်နေခဲ့ကြရတယ်။

နောက်ညတွေမှာလည်း ညတိုင်းလိုလို ၀င်စီးမယ်ဆိုတဲ့အသံလွင့်ပြီး တောချောက်
သလို လုပ်နေလို့ စာသင်သားတွေ အရပ်ပြန်လွှတ်၊ ဆွမ်းမခံ၊ဆွမ်းပို့ရဲသူမရှိ၊ကိုယ့်ဆွမ်းကိုယ်ချက်စား၊၀င်းတံခါးကြီးပိတ်ပြီး တို့စာချတွေ ညပေါင်းများစွာ စိုးထိတ်စွာနေ့ခဲ့ရယ်၊ထောင့်မကျိုးတဲ့ကောင်တွေ ကျောင်းထဲဝင်းလာပြီ ဟိုရှာဒီရှာ မလေးမခန့်ပြောတာ ခံခဲ့ကြရတယ်။

သံဃာ.၃၀၆.ပါး ရှိတဲ့ တို့ကျောင်းတိုက် အဲဒီ ၂၀၀၇.ကစလို့ ၂၇၀.သာသာပဲရှိတော့
တယ်။

စာသင်တိုက်တိုင်း သံဃာတွေအဲဒီ ၂၀၀၇.က စပြီးလျော့သွားတယ်၊ရွာတွေမှာ
ဆင်းရဲတော့ ပြည်တွင်းပြည်ပထွက် အလုပ်လုပ်ကြရတယ်။ကိုရင်ဝတ်သူ မရှိတော့၊
မြန်မာပြည် ဘုရားသာသနာဆိုတာ မင်းတို့ငါတို့လို တောက ကလေးတွေကနေ
သင်္ကန်းဝတ်၊ရဟန်းဖြစ်၊ဆရာတော်တွေဖြစ်နဲ့ မျိုးဆက်လာတာ၊ကျေးလက်တောရွာ
က ကလေးတွေ သင်္ကန်းမ၀တ်တော့ရင် မျိုးရင်းတွေပြတ်၊သာသန၀န်းထမ်းမရှိရင်
သာသနာမရှိနိုင်တော့၊ကျင့်သူအားထုတ်သူ ရှိမယ့်နေရာကို ဗုဒ္ဓသာသနာရွှေ့သွား
မှာ။ဒီနည်းနဲု့ အိန္ဒြိယက သာသနာဟာ မြန်မာနဲ့သီရိလင်္ကာကို ရွှေ့လာခဲ့တာ။

အဲဒါတွေ မင်းတို့က မမှီ မသိတော့ ၊
အခု မင်းတိုးသွားမယ့်နေရာက ပန်းခင်းလမ်းပါကွာ၊မင်းတို့ ဖေ့စ်ဘွက်ခ်တွေ ရိုက်ပြီး
အားရပါးရတင်ကြပါ။လူများရင် ပွဲကျင်းပသူတွေကလည်း ၀မ်းသာကြမှာပါ။

စာဖတ်ကြပါ၊သမိုင်းသိအောင် လေ့လာကြပါလို့ ငါပြောပါရစေ....။

ရေးသားဆုံးမသူ

အရှင်ပညာသီဟာလင်္ကာရာဘိဝံသ
သ စ အ ဓမ္မာစရိယ
ပဉ္စနိကာယ်ကျောင်းတိုက်
ရန်ကင်း

No comments:

Post a Comment