အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...
ဒီတစ်ခါ ဘ၀ခါးခါးက နည်းပညာတစ်ခု ထပ်ပေးပါ့မယ်။
သာမာန်အားဖြင့် ကျွန်တော်တို့ဟာ ကြက်ဥ ဘဲဥ နှင့် အခြားသော ဥများကို ပြုပ်မည်ဆိုပါက မှုလအတိုင်း ရေနွေးပူထဲထည့်၍ ကျက်အောင် ပြုပ်လေ့ရှိပြီး ဥ၏ အနှစ်နဲ့အကာဟာ တခြားစီ ဖြစ်နေတတ်ပါတယ်။
အခု ကျွန်တော် ပြောပြမည့် နည်းပညာက အနှစ်နဲ့အကာ ရောသမသွားအောင် ပြုလုပ်ချင်သူများအတွက် ရည်ရွယ်ပါတယ်။
(၁)မိမိပြုပ်လိုသော ဥတစ်လုံးကို ယူဆောင်ပါ..
(၂)တီရှပ် အင်္ကျီ လက်ရှည်တစ်ထည် ရှိရပါမယ်...
(၃)ကြိုးစလေး နှစ်ချောင်း ရှိရပါမယ်...
ဤသုံးမျိုး အဆင်သင့် ဖြစ်ပြီဆိုပါက မိမိရွေးချယ်ထားသော ကြက်ဥ(သို့)အခြားသော ဥအစိမ်းတစ်လုံးကို တီရှပ် အင်္ကျီလက်ထဲသို့ထည့်၍ ကြိုးဖြင့် ကြက်ဥ၏ ဘယ်ညာ နှစ်ဖက်မှာ သေချာစီးထားပြီး အင်္ကျီလက်စကိုကိုင်၍ ပတ်ချာလည် မွေ့ရမ်းလိုက်ပါက ဥ၏ အတွင်းမှ အနှစ်ဟာ အကာဖြင့်ရောသမ သွားမှာဖြစ်ပါတယ်။
မီးနစ်အနည်းငယ်ကြာအောင် မွေ့ရမ်းပြီးပါက ၎င်း ကြက်ဥကိုပြန်ထုတ်၍ မီးအလင်ရောင်ဖြင့်ထောင်ကြည့်ပါက ရောနှောနေသောဥသည် အနီရောင်အဖြစ်သို့ပြောင်းလဲနေပြီး မရောနှောသေးသော ဥသည် အ၀ါရောင်အဆင့်သာ ရှိနေပါမည်။
အနှစ်နှင့်အကာ ရောနှောသွားပါက ရေနွေးပွက်ပွက်ဆူနေသည့် အိုးထဲမှာ ကျက်အောင်ထည့်ပြုပ်ပါ...ကြက်ဥ ကျက်သွားပြီဆိုပါက အခွံကိုခွာကြည့်ပါ ပုံပါအတိုင်း တွေ့မြင်နိုင်ပါမည်။
©winminphyo
ပုံကို တဆင့်ခြင်းကြည့်ပြီး လက်တွေ့ကြိုးစားကြည့်ပါ။
ကျေးဇူးတင်ပါတယ်.. ကျွန်တော် ဘ၀ခါးခါးပါ။
ဘ၀ခါးခါး✏
No comments:
Post a Comment