Monday, February 22, 2016

နိုင်ငံတကာမှ စိတ်ဝင်တစားစောင့်ကြည့်လာသော ဝက်လက်မြို့နယ်မှ မြန်မာလူငယ် မောင်စွမ်းထက်

နိုင်ငံတကာမှ စိတ်ဝင်တစားစောင့်ကြည့်လာသော ဝက်လက်မြို့နယ်မှ မြန်မာလူငယ် မောင်စွမ်းထက်
===========================
မိဘများ ဝက်လက်မြို့နယ်...
Dr.သိန်းဆွေဦး(တိကု)+ဒေါ်သစ်သစ်ခိုင်
သား မောင်စွမ်းထက်

I am Myanmar
(Extra ordinary)
သာမန်ထက်ပိုတော်နေသော ကလေးတစ်ယောက်

86 Vet အဖွဲ့ထဲက Dr.သန်းဆွေ၏ သားတစ်ယောက်
သမ္မတ ကြီးရဲ့ ပညာသင်ဆုရပြီး Royal Melbourne Institute
မှာ Aero နဲ့ပါတ်သက်တဲ့ Master တက်နေပါတယ်

စရောက်ရောက်ချင်း တင်ရတဲ့ assignment တွေမှာ
အမှတ်က ဘိတ်ချီးရတယ်
ကလေးက အရိုးစွဲနေတဲ့ စာကျက် စာဖြေ လုပ်သလို
အခြားပညာရှင်တွေရဲ့ အချက်တွေရှာရေးပေးလိုက်တာကိုး
သူတို့လိုချင်တာက own idea တွေထွက်စေချင်တာ

ဒီအထာကိုသိသွားတော့ ကလေးက ကြိုးလဲကြိုးစားတဲ့အပြင်
သူ့ရဲ့ idea တွေနဲ့ ပေါင်းစပ်လိုက်တာ
First term exam မှာ ၄ ဘာသာသင်ရတာ
၎ ဘာသာလုံး ဂုဏ်ထူးရတယ်
နိုင်ငံပေါင်းများစွာက လာရောက်ပညာသင်နေတဲ့
နာမည်ကြီးကျောင်းကြီးမှာနော်

ကျောင်းအုပ်ကြီးကခေါ်တွေ့ပြီး
မင်း ဘယ်ကျောင်းတွေမှာပညာသင်ခဲ့တာလဲလို့
မေးယူရတယ့်အဆင့်
(မိတ္ထီလာမှာဘဲတက် BE aero ရထားရုံပါ။ယခု မြန်မာ
တရုတ် ကိုရီးယား ပေါင်းထုတ်နေတဲ့ ဒရုန်းက ဒီကလေးစထွင်ပေးခဲ့တာ)

ဒီအထိ မထူးဆန်းသေးဘူးထားပါတော့
လာပြီ ကမ္ဘာ မှာ မြန်မာဟေ့လို့ ထအော်ချင်စရာ

အုပ်စုလိုက်ဖွဲ့ပြီး paper တွေတင်ရတယ်
သူ့အဖွဲ့မှာ နယူးဇီလန်စစ်တပ်က မေဂျာက team leader,
နောက် တရုပ်၊ နောက်သြစီ နဲ့ ဒီကလေး

ဘာHeading နဲ့တင်မလဲရွေးရင်းနဲ့
ကလေးက သူ့idea ကို အဖွဲ့ကိုတင်ပြတယ်
တရုပ်က သဘောမတူဘူး

Team leader နယူးဇီလန်ကမေဂျာက
ငါ့ကို ထပ်ရှင်းပြပေးပါလို့ပြောတော့
ကလေးကထပ်ရှင်းပြလိုက်တယ်....
သူရှင်းသွားတော့
တရုပ်ကိုမေးတယ် ..မင်းငါတို့အဖွဲ့က ထွက်မယ်ဆိုလဲရတယ်ပေါ့

တရုပ်ကလဲ ကလေးကိုပြန်ချည်တယ်
မင်းဘယ်လိုတာဝန်ယူ မလဲ ဆိုတော့...
ကလေးက ...ငါ ငွေကြေးတော့တာဝန်မယူဘူး
ငါ့ ခေါင်းစဉ်နဲ့တင်လို့ မင်းစာမေးပွဲ မကျစေရဘူး..ပေါ့
(သူတို့က paper တင်ရင် လုပ်မယ့် ပစ္စည်းပါတွဲတင်ရတာကိုး)

ဒီလိုနဲ့ ကလေးရဲ့ idea heading အတိုင်းတင်ဖြစ်ပြီး
Presentation လုပ်တော့လဲ
Team leader က ဒီကလေးကိုဘဲ တက်ပြီးတင်ပြခိုင်းတယ်

Host Australia အပြင် USA နဲ့ England က ပရော်ဖက်ဆာ
၃ ယောက်ထိုင်ပေးတယ်
စတင်ပြတော့ ...တာဝန်အရသာထိုင်နေတာ
လျော့တိလျော့ရဲနဲ့ တဲ့
၂ မိနစ်လောက်နားထောင်ပြီးတော့ ခါးလေးတွေ မတ်လာကြတယ်တဲ့
၅ မိနစ်လောက်လဲရောက်ရော သူတို့ကိုပေးထားတဲ့ paper တွေ ပြူးပြဲပြီး
ဖတ်ကုန်ကြေ၇ာတဲ့

ပြီးလဲပြီးရော
သြစီက ပရော်ဖက်ဆာက
မင်းတင်တဲ့အကြောင်းအရာ ငါတစ်ခါမှ ကြားလဲမကြားဘူး
ဖတ်လဲမဖတ်ဘူးဒဲ့
ဒါကြောင့်မင်းတို့ paper ကို မထောက်ခံသလို ကန့်လဲမကန့်ကွက်ပါဘူးတဲ့..

USA က ပရော်ဖက်ဆာကတော့
ကလေးကို နောက်တစ်ခေါက်ထပ်ရှင်းပြခိုင်းတယ်
သူ သိချင်တာတွေလဲမေးတယ်.....
နောက်ဆုံးမှာ ဆရာတွေ ခေါင်းချင်းရိုက်ပြီး
USA , England ကဆရာ ၂ ယောက်က အပြည့်အဝထောက်ခံလိုက်တော့
သြစီက ဆရာကပါ ထောက်ခံပေးလိုက်တော့တယ်

(ဒါနဲ့မပြီးသေးဘူး ဇာတ်လမ်းက အခုမှစမှာ)

သူ့တို့ team leader ကိုခေါ်မေးပြီ
ဒါ ဘယ်သူ့ idea လဲပေါ့
ဟိုကလဲ အမှန်အတိုင်းပြောလိုက်တယ်
ဒီကလေး၇ဲ့ idea ပါပေါ့

နောက် USA က ဆရာက
တစ်ကမ္ဘာလုံးမှာရှိတဲ့ aero technology ကျောင်းတွေအားလုံးကို
ဒီခေါင်းစဉ်နဲ့ပါတ်သက်ပြီး လုပ်ထားတဲ့
Research တွေ paper တွေ ရှိပါလားပေါ့
ဘယ်မှာမှ မရှိပါဘူးလို့သိသွားပြီ။

နောက် ကလေးရဲ့ paper ကိုပို့လိုက်ပြီး
ဘာထောက်စရာရှိပါလဲလို့ မေးပြန်တယ်
အားလုံးကထောက်စရာမရှိပါဘူးလို့ဖြေကြတယ်

ဒီတော့မှ ကလေးကို ဘာမှကြိုမပြောဘဲ
အစည်းအဝေးရှိလို့ လာခဲ့ပါဦးဆိုပြီးခေါ်သွားတယ်
အဲ့မှာ တစ်ကမ္ဘာ လုံးက ပညာရှင်တွေခေါ်ထားပြီးသား

ကလေးကိုထပ်ရှင်းပြခိုင်းတယ်
ဝိုင်းမေးကြတယ်
နောက်ဆုံး အားလုံးရဲ့ရှေ့မှာ
ဒီအကြောင်းအရာနဲ့ပါတ်သက်ြပီး
ဒီကလေးရဲ့နာမည်နဲ့ မူပိုင်ခွင့် သတ်မှတ်လိုက်ကြတယ်

(ဤ တွင် မပြီးသေးပါ ပွဲကကောင်းပါပြီ)

NASA ကပါလာပါပြီ
Funding ကို သြစီက ရင်းပါပြီ
Team ဖွဲ့ပေးလိုက်ပါပြီ

Metal နဲ့ပါတ်သက်ပြီး India က ပညာရှင်
Electronic က. USA
Mechanical ပိုင်းက Australia
ပြီးတော့ မြန်မာနိုင်ငံသားလေးက ဦးဆောင်လို့ပေါ့

နောက်ဆုံးပေါ် ခေတ်မှီ lab ကို ပေးသုံးပြီ
(Lab မှာ လုပ်တတ်အောင် ၂ ပါတ်သင်ပေးသေးတယ်)

အရမ်းဂုဏ်ယူတယ်ဗျာ
USA က prof ကဆို third country လိုနိုင်ငံက
ဒီလိုကလေးတွေထွက်လာတာ အံသြ မဆုံး ပြောမဆုံပါဘဲတဲ့

သမ္မတ ကြီးခင်များ
ကုန်ရကျိုးနပ်ပါပြီ
ကျေးဇူးလဲတင်ပါတယ်......

Heading ပြောဘို့မေ့နေတယ်
Rocket တွေ လွှတ်တင်တဲ့အခါမှာ
ပွတ်မှု့အားကို လျော့နည်းစေမှုအတွက်
Design, formula, metal ကိုထွင်ပါပြီ
(အောင်မြင်ရင် သန်း ၂၀၀ ကနေ သန်း ၂၀ လောက်ထိ လျော့ချနိုင်မှာပါ)

သားလေးအတွက် ဒာားပေးကြပါခင်များ...

Source-ဦးဌေးအောင်

မှတ်ချက်
မောင်စွမ်းထက်၏ ဓာတ်ပုံနှင့်တကွ ပြည့်စုံစွာ ပြန်လည်တင်ပေးလိုက်ရပါသည်။
Admin

မူရင်းတင်သူ ... ခရက်ဒစ် ပေးသည်။

Sett Paing Hmuu ထံမှကူးယူဖော်ပြသည်။

No comments:

Post a Comment