Monday, February 22, 2016

ဆွမ်းနှင့် စွမ်းသူသို့ တမ်းတခြင်း

ဆွမ်းနှင့် စွမ်းသူသို့ တမ်းတခြင်း
......
နိုင်ငံဂုဏ်ရည်
မန်းတက္ကသိုလ်ကြီးမှာက
ခဲ့ရင်းလှပါဘိ ရှားပါးသည့်ဆွမ်းအမည်
ကိုယ်တိုင်ချက် ခေါ်တွင်သည်
ဒို့မျှော်သည့် ဆွမ်း .........

နေစဉ်နော်
ဒို့ဆွမ်းတော်က
လုလင်ပျို အမယ်အိုရသလိုပ
ဆွမ်းပွဲကို
ချက်သလို ဘုန်းရတယ်
ငြီးငွေ ပမာမခြား ..........

ကံဇာတာ ဘုန်းရောင်တောက်
မင်းမြှောက်လို့ အခွင့်ပေါ်
လူ့လင်အဖော်
အပျိုတော် ရတယ်ကွယ်
မင်းထင်သလို့ သူပျော်နွဲ .....

ဒို့လည်းလေး ထိုတူပါကွယ်
ကိုယ်တိုင်ချက် ဆွမ်ပွဲ
ကောင်းလိုက်သည့် ဒီလက်ရာကို
မြိန်ယှက်စွာ
ဘုန်းတော်မူကြတယ်
ထူးမြတ်စွာ ရွှင်ပျော်နွဲ .........

ဆွမ်းဘောဇဉ် သပ္ပါယ
မျှတလိုချိန်မကြာ
အပြန်မှာ သိရပါတယ်
သူခိုးက အဆောင်ဝင် ဆွဲလေးရက်......

အဆောင်မှု ဆရာတော်
ထိုပြင်နော် ညီနောင်တပါးတို့မှာ
ရှိတာလေး ပါသွားရှာသတဲ့
ဆိုလိုက်တဲ့ကြမ္မာ
ကြာရတာ မရွှင်သာပါဘူး
ဗိုလ်မှူးနဲ့ ပေါင်းဖော် တသိုက်နော်
စောင်ရှောက်ရေး ဘာလုပ်နေလဲ
နားချင်လည်း နားလိုက်ကြပေါ့
နိုင်ငံငွေ အချောင်မဆွဲသင့်ပါဘူး
တစ်ကြိမ်မက များလှပါပြီမို့
ပြောင်လဲချိန် တန်လောက်ပါပြီ
စွမ်းသူတို့ သိကြစေရန်
တမ်းတလို့ ဆုမျှော်မှန်းမိတယ်ကွယ်
ငါရေးချက် ငါစတေးမိစေတော့
သိကြစေသား? ..........
                            (တက္ကသိုလ်စာသင်သား၏ ပုထုဇဉ်အတွေး)

No comments:

Post a Comment