ခင်ပွန်းကြီးဆယ်ပါးဇာစ်မြစ်
***********************
ဆရာတော် အရှင်သူမြတ်ဘုရား ..
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင် ဘုရား။
ခင်ပွန်းကြီး ဆယ်ပါးကို ဘုရားဟောကျမ်းဂန်မှာ
ဟောကြားပါသလား။
ခင်ပွန်းကြီးဆယ်ပါး အယူ အဆ၏ သမိုင်း
ဇာစ်မြစ်ကို ကျမ်းကိုး အခိုင်အလုံနှင့် အကျယ်တဝင့်
ရှင်းပြ ပေးစေလိုပါသည် အရှင်ဘုရား။
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားထားလျှင် တရားထိုင်
၍ တရားထူးမရဟု ဆိုပါသည်။
ရဟန်းတစ်ပါးအ နေနဲ့ တရားထူးရလိုလျှင် ခင်ပွန်းကြီး
ဆယ်ပါးလုံးကို ပွဲတင်ပြီး ရှိခိုးကန်တော့ရမလို ဖြစ်
နေပါသည်။
ယခုအခါ လူအ တော်များများနှင့် ရဟန်းတော်အချို့
ပါ ပွဲကြီး ပွဲငယ်တင်ပြီး ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်
ကန်တော့နေကြသည်မှာ အမှန်ထက် အမှားဘက်ကို
ဦးတည်နေသည်ဟု ထင်ပါသည်။
ကျေးဇူးတင်ပါသည်။
ထွတ်နုလှိုင်၊ ညောင်ဦး
>>>>>>>>>>>>>>>>
ဖြေကြားချက်
***********
သဲလွန်စ
ငယ်စဉ်က ဘုန်းကြီး မမြင်ဖူးတဲ့အဖွား (ဖခင်ရဲ့အ မေ)
ဖတ်ခဲ့တယ် ဆိုတဲ့ 'ဘုရား ရှိခိုးမူမှန်' စာအုပ်ငယ်ထဲက
ယ နေ့ထိ အလွတ်ရ နေတဲ့ ကဗျာတိုက လေးမှာ ..
'သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပ စ္စေကာနှင့်၊
သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊
ကျေးဇူးကြီးလှ၊ မိနှင့် ဘတည့်၊ ပြသတတ်သင်၊
ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊
ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊
ကြီးလှကျေးဇူး၊ ခေါင်အထူး' တဲ့။
ကဗျာကို ဆိုပြီးတိုင်း ကျေးဇူးကြီးသူ ဆယ်ယောက်ကို
လက်ချိုးပြီး ရေတွက်ပြရတယ်။
ဘယ်သူ ဘယ်တုန်းက ရေးတယ်ဆိုတာ မသိပေမယ့်
ဒီကဗျာကရတဲ့ သဲလွန်စက ဒီဆယ်ယောက်ကို
မူဂပက္ခဇာတ်တော်မှာ ဖော်ပြ တယ်ဆိုတဲ့ အချက်ပါပဲ။
နိဿယ ဟောင်း
ဒါနဲ့ မူဂပက္ခ(တေမိယ)ဇာတ်ပါဠိတော် (ဇာ ၂၊ ၁၅ဝ)ကို
လေ့လာတဲ့အခါ ဖော်ပြပါ ကျေးဇူးကြီးသူ ဆယ် ယောက်
ဖော်ပြချက်ကို မတွေ့ရဘဲ မိတ်ဆွေကို မပြစ်မှားခြင်းရဲ့
အကျိုးကို ဖော်ပြတဲ့ ဂါထာဆယ်ပုဒ်ကိုပဲ တွေ့ရတယ်။
အဋ္ဌကထာကို ကြည့်ပြန်တဲ့အခါ အဲဒီဂါထာတွေနဲ့
ပတ်သက်ပြီး 'ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ (ဇာ-ဋ္ဌ ၆၊
၁၆)'လို့ တွေ့ပါတယ်။
အဲဒီပါဠိကို အရှင်ဥပါလိမ ထေရ် ရေးခဲ့ တဲ့ တေမိယ
ဇာတ်အဋ္ဌကထာ နိဿယ ဟောင်းမှာ ဒီလို အနက်
ပြန်ပါတယ် ..
'ဒသမိတ္တပူဇဂါထာ နာမ၊
ခင်ပွန်းဆယ်ပါးတို့အားပူဇော်သော ဂါထာမည်သည်
ကို။ အာရဘိ၊ အားထုတ်၏။
ဇာတ်ဝိသောဓနကျမ်း၌ကား ..
ဒသမိတ္တပူဇ ဂါထာ နာမ၊ ခင်ပွန်းတို့အား ပူဇော်
အပ်သည်ကိုဆိုရာဖြစ်သော ဆယ်ပါးသော ဂါထာ
တို့ကိုဟူ၍ အနက်ပေး၏'။ (ပေမူ၊ ခေါ-ကျော)
ဒီနိဿယအရ 'ဒသမိတ္တပူဇဂါထာ' ဆိုတဲ့ ပါဠိစကား
တွဲကို ..
'၁) ခင်ပွန်းဆယ်ပါးတို့အား ပူဇော်သော ဂါထာ
၂) ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို ဆိုရာဖြစ်သော
ဆယ်ဂါ ထာ'လို့ ယူဆပုံနှစ်မျိုး တွေ့နိုင်တယ်။
ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊
ခင်ပွန်းပူဇော်ကျိုးပြ ဆယ်ဂါထာလို့ အဓိပ္ပာယ်
ယူဆပုံ နှစ်မျိုး ဖြစ်ပါတယ်။
ဇာတ်ဝိသောဓန
နိဿယ ဟောင်းမှာ ညွှန်ပြတဲ့ ဇာတ်ဝိသောဓန
(ကျမ်းနိဂုံးအရ ဒသဇာတက ၀ိသောဓန) ကျမ်းကို
ဋီကာကျော် ရဲ့အဖွင့် နာမည်ကျော် မဏိသာရမဉ္ဇူ
သာဋီကာ (သက္ကရာဇ် ၈၂၈-တွင် ရေးပြီး)ကို ရေးတဲ့
အရှင်မဟာအရိယ ဝံသ (သမန္တပါသာ ဒိက မဟာ
အရိယဝံသ ဟုလည်း ခေါ်) ရေးပါတယ်
(သာသနာလင်္ကာရစာတမ်း၊ စာ-၁၄၅။
Pali Literature of Burma, p. 42)။ ဒီကျမ်းမှာ
အောက်ပါအတိုင်း ဖော်ပြတယ် ..
'ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို
ဆိုရာဖြစ်သော ဆယ်ပါးသော ဂါထာတို့ကို ဟု ပေး။
ခင်ပွန်းဆယ်ပါး မဟုတ်။ ဂါထာဆယ်ပါး ဟူလိုသည်။ သူ
တချို့ကား ခင်ပွန်းဆယ်ပါးဟု ပေး၍ ဆယ်ပါးသရုပ်ကို
''ဗုဒ္ဓါ ပ စ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသဒ္ဓါ၊ ဓမ္မဒေသက ဒါယကာ''ဟု
ရေးကြကုန်၏။
ကျမ်းကြီးတို့၌ မလာ။
သုံးစွဲပြီးသော သစ်ပင်ကိုမျှ မပြစ်မှားအပ် ဟူသည်နှင့်
မတန်။ မှီ၍ အသက်မွေးအပ်သော နင့်သခင် မင်းကြီး
သားကား ငါတည်း၊ ထိုသို့နှင့် အရှင့်သားဖြစ်သော ငါကား
မပြစ်မှားအပ်သောသူတည်း၊ မပြစ်မှားအပ် သူကို
ပြစ်မှားသောသူကား သူယုတ်တည်းဟု ပြစ်မှားခြင်းအပြစ်ကို
တခွန်းတည်းဖြင့် ထိတ်လန့်စေ၍ မပြစ်မှားသော
အကျိုးကို ဆယ်ဂါထာဖြင့် ဟောမိန့်သောငှာ ဤဆယ်
ဂါထာကို ဆိုသည်။
ဤသို့ ဖြစ်တုံမူ ကား ယခင် ရေ သော ဆယ်ပါးကိုသာ
ယူချေသော် ဘုရားလောင်းဘို့ လွတ်ရာခဲ့'။
(ပေမူ၊ ကိ-ကျော၊ ကီ-ဝမ်း)
ဤကျမ်းအလို ခင်ပွန်းဆယ်ပါး မဟုတ်၊
ဂါထာဆယ်ပုဒ်လို့ပဲ ယူရမယ်။ အရိပ်ခိုဖူးတဲ့ သစ်ပင်တောင်
ခင်ပွန်း ဖြစ်ခွင့် ရှိတာပဲ။
ဆယ်မျိုးသာယူရင် ဘုရားလောင်း တေမိမင်းသားတောင်
ခင်ပွန်းထဲ မပါဘဲ ဖြစ်နေမယ်။
နိဿယသစ်
ဒန့်တိုင်ဆရာတော် အရှင်ဂုဏရံသာလင်္ကာရ ရေးတဲ့
တေမိယဇာတ်အဋ္ဌကထာ နိဿယသစ်
(ပုံနှိပ်မူ၊ စာ၊ ၁ဝ၃)မှာ ဒသမိတ္တပူဇဂါထာကို ..
'ဒသမိတ္တပူဇ(န)ဂါထာ နာမ၊ ဆယ်ပါးသော ခင်ပွန်း
တို့အား ပူဇော်ရာသော ဂါထာမည်သည်ကို။
တနည်းကား၊ ဘုရားအစရှိသော တကျိပ်သော
အ ဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားရာသော
ဆယ်ပါးသော ဂါထာမည်သည်ကို။
အာရဘိ၊ အားထုတ်၏' လို့ ပြန်ဆိုပါတယ်။
ဒီကျမ်းအရ 'ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊
ခင်ပွန်း ဆယ်ပါး ပူဇော်ကျိုးပြ ဆယ်ဂါထာ'လို့
ယူလို့န်ရှိင်ပါတယ်။
ဂါထာဆယ်ပုဒ်ထဲက ပထမဂါထာမှာ ပါတဲ့ 'မိတ္တာနံ'
ပုဒ်အဖွင့် အဋ္ဌကထာ(ဇာ-ဋ္ဌ ၆၊ ၁၇)ကို ဒီလို နိဿယ
ပြန်ပါတယ် ..
'မိတ္တာနန္တိ၊ မိတ္တာနံဟူသည်ကား။
ဗုဒ္ဓါဒီနံ၊ သဗ္ဗညုဘုရား အစရှိကုန်သော။
ကလျာဏ မိတ္တာနံ၊ အ ဆွေခင်ပွန်း ကောင်းတို့အား။
န ဒုဗ္ဘတိ၊ မပြစ်မှား။ ဗုဒ္ဓါဒီနံ၌ အာဒိသဒ္ဒါဖြင့် ပ စ္စေက ဗုဒ္ဓါ၊
သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာ
သုံးပါး၌ ယုံကြည်သောသူ၊ ပစ္စည်းဝတ္ထု ပေးကမ်းပေ
သောသူ၊ တရား ဟောပေ သောသူ၊
ဤသို့ ကိုးယောက်သော ကလျာဏမိတ္တကိုယူ။
ထို့ကြောင့် အဋ္ဌကထာဆရာတို့သည် ..
ဗုဒ္ဓေါ ပ စ္စေကဗုဒ္ဓါ သာဝကာ အဂ္ဂသာဝကာ စ
မာတာပိတု ဂုရုသဒ္ဓါ ပစ္စယဒါယကာ ဓမ္မဒေသနာ-
ဟူ၍ ဆိုတော်မူ ကုန်၏'
(ယင်း နိဿယ၊ စာ-၁ဝ၆) လို့ ခင်ပွန်းဆယ်ပါး
သရုပ်ကိုပါ ထုတ်ပြတယ်။
ဒါပေမယ့် နိဿယသစ်မှာ ဖော်ပြတဲ့ ခင်ပွန်းကောင်း
ဆယ်ပါးပြ ပါဠိစာသားမျိုး အဋ္ဌကထာတွေမှာ
ပါဖွယ်မရှိ။
ဘာကြောင့်ဆို စာလုံးရေ မပြည့်လို့ ဂါထာလည်း မဟုတ်၊
အဋ္ဌကထာတို့ရဲ့ ဝါကျအဆင့်ကိုလည်း မမီလို့ပါပဲ။
နောက် တစ်ခုက 'သဒ္ဓါ စ၊ ရတနာသုံးပါး၌ သဒ္ဓါ
ယုံကြည်သော သူတို့လည်းကောင်း'လို့ ဆိုခြင်းမှာ
ယုတ္တိမရှိ။
ရတနာသုံးပါးကို ယုံကြည် သူ(ဗုဒ္ဓဝါဒီ)ကိုသာ
မိတ်ဆွေကောင်းလို့ သတ်မှတ်ခြင်းမှာ ဗုဒ္ဓရဲ့
ဆန္ဒတော်နဲ့ မကိုက်ညီနိုင်။
ဂန္ထဝံသကို ဂန္ဓဝံသလို့ ရေးဖတ်မိသလို သတ္ထာကို
သဒ္ဓါလို့ အသံထွက် မှားရာက နေ သဒ္ဓါပုဒ် အတည်
ဖြစ်သွားတာမျိုးလား။
အံ့ဖွယ် တိုက်ဆိုင်မှုမှာ နိဿယ ဟောင်းမှာ
'မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏ မိတ္တာနံ န ဒုဗ္ဘတိ'
ဆိုတဲ့ စာပိုဒ်ရဲ့ နိဿယပြန်ဆိုမှုကို မ တွေ့ရခြင်းပါပဲ။
ပေကူးစဉ်က ကျန်ခဲ့ပုံပဲ။
ဒါကြောင့် နိဿယ ဟောင်းမှာ ခင်ပွန်းဆယ်ပါး
သရုပ်ကို ဖော်ပြမပြ မသိရဘူး။
ရှေးစာဆို
နာမည်ကျော် ဇာတ်ကြီးဆယ်ဘွဲ့ကျမ်း (စာ၊ ၈၅)မှာ
အ ဆွေခင်ပွန်းကောင်းကို မပြစ်မှားသူတို့ ရရှိတဲ့
အကျိုး တွေကို 'မိတ္တပူဇာဆယ်ဂါထာ'နဲ့ တေမိမင်းသား
က သုနန္ဒာရထားထိန်းကို ဟောကြားကြောင်းနဲ့ ဗုဒ္ဓ၊
ပ စ္စေက ဗုဒ္ဓ၊ ရဟန္တာစတဲ့ မေတ္တာပွားရမယ့်သူ တကျိပ်
(ဆယ်ယောက်)သရုပ်ကို ဖော်ပြပြီး 'ဤတကျိပ်ကုန်သော
သူတို့သည် အဖန်တလဲလဲ ချစ်ခြင်း မေတ္တာကိုသာ
ပွားစေအပ်သောကြောင့် အ ဆွေခင်ပွန်း မည်ကုန်၏'လို့
ဆိုတယ်။
ကန်တော်မင်းကျောင်း မေတ္တာစာအ ဖြေ မှာလည်း ..
'မပြစ်မှားရာသော ခင်ပွန်းတို့ကား ဗုဒ္ဓ၊ ပ စ္စေကဗုဒ္ဓ၊
ရဟန္တာ .. တကျိပ်တည်း'
(စာပိုဒ် အမှတ်၊ ၅၃) လို့ ဆယ်ပါးသရုပ်နှင့်တကွ
ဖော်ပြတယ်။
ဇာတ်ကြီးဆယ်ဘွဲ့၊ မေတ္တာစာအ ဖြေ၊ နိဿယသစ်နဲ့
နိဿယ ဟောင်းတို့က 'ခင်ပွန်းဆယ်ပါး ပူဇော်
ကျိုးပြဂါထာ၊ ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြ ဆယ်ဂါထာ'၊
ဇာတ်ဝိသောဓနကျမ်းက 'ခင်ပွန်းပူဇော် ကျိုးပြ
ဆယ်ဂါထာ' လို့ ယူတာကို တွေ့ရတယ်။
ကာလစဉ်
ဇာတ်ကြီးဆယ်ဘွဲ့ကျမ်းထဲက တေမိယဇာတ်ကို
သက္ကရာဇ် ၁၁၄၈-တွင် ရေးပြီး။
ကန်တော်မင်းကျောင်း မေတ္တာစာအ ဖြေကိုရေးသူ
တောင်တွင်း မင်းကျောင်း ဆရာတော်မှာ
၁၁၂၄-ခုနှစ် သက်တော် ၂၇-ခန့်တွင် ပျံလွန်။
တေမိဇာတ် အဋ္ဌကထာ နိဿယသစ်ကို ဆင်ဖြူရှင်မင်း
(သက္ကရာဇ် ၁၁၂၅ နန်းတက်) လက်ထက် ပင်း တလဲ
မြို့စီရင်စု လှည်းကူးရွာဇာတိ ဒန့်တိုင်ဆရာတော်
အရှင်ဂုဏာလင်္ကာရ (နိဿယ နိဂုံးဂါထာအရ
အရှင် ဂုဏရံသာလင်္ကာရ) ရေး။
ယင်း နိဿယ ဟောင်းကို နိဂုံးဂါထာအရ ရှင်ဥပါလိ
ထေရ် (ပင်းယ ခေတ် ?) ရေး။
ဇာတ် ဝိသောဓနကျမ်းကို သက္ကရာဇ် ၈၂၈-ပတ်ဝန်း
ကျင်တွင် ရေး။
အဲဒီ ၅-ကျမ်းထဲမှာ ပါဠိမြန်မာ နှစ်ဘာသာနဲ့ရေးတဲ့
ဇာတ်ဝိသောဓန ကျမ်းဟာ 'ခင်ပွန်းဆယ်ပါး'လို့
သုံးနှုန်းတဲ့ အ စောဆုံးကျမ်း ဖြစ်ဖွယ်ရှိပေမယ့် ခင်ပွန်း
ဆယ်ပါး အယူအဆကိုတော့ လက်မခံခဲ့ဘူး။
နိဿယနှစ်စောင်နဲ့ နှောင်း ခေတ် ကျမ်းပြုပုဂ္ဂိုလ်
တွေဟာ ဇာတ်ဝိသောဓနကျမ်းရဲ့ ဆုံးဖြတ်မှုကို
မလိုက်နာခဲ့ကြဘူး။
ဇာစ်မြစ်
ဘုန်းကြီးမှာ Hefnz Bechert နဲ့ Heinz Braun
ဆိုသူတို့ တည်းဖြတ်ပြီး P.T.S. ထုတ်ဝေတဲ့ Pali Niti
Literature of Burma စာအုပ်က လေး ရှိတယ်။
ဒီရဲ့ နိဒါန်းမှာ ဓမ္မနီတိ၊ လောကနီတိနဲ့ မဟာရဟ
နီတိကျမ်းတွေကို နှိုင်းယှဉ်လေ့လာ မှုအရ ဓမ္မနီတိ
ကျမ်းဟာ လောကနီတိနှင့် မဟာရဟနီတိတို့ထက်
ရှေးကျကြောင်း၊ မဟာရဟနီတိကျမ်းကို အရှင်မဟာ
သီလဝံသ ရေးတယ်ဆိုတဲ့ အဆိုမှန်ရင် ဓမ္မနီတိကျမ်း
ဟာ အေဒီ ၁၅-ရာစု နှောင်းပိုင်းထက် နောက်မကျနိုင်
ကြောင်း၊ ယင်း နီတိသုံးစောင်ရဲ့ သုံးပုံတစ်ပုံလောက်ဟာ
သက္ကတကျမ်းတွေ ဖြစ်တဲ့ ဗျာသသုဘာသိတသင်္ဂဟနဲ့
ဗျာသဟာရကျမ်းတွေထဲက ဖြစ်ကြောင်းနဲ့ ဓမ္မနီတိ
ကျမ်း ရေးသူရဲ့ အမည် ကို မသိနိုင်ကြောင်းဆိုတယ
် (Ibid, p.p. lvi, lxxiii)။ အ စောဆုံး နီတိကျမ်းဖြစ်တဲ့
'ဓမ္မနီတိ'မှာ ပညာရှိတို့ မဖြစ်မှားသူ ဆယ်မျိုးကို ဒီလို
ပြပါတယ် ..
'ဗုဒ္ဓေါ ပ စ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝ ကော။
မာတာပိတာ ဂုရုသတ္ထာ၊ ဒါယ ကော ဓမ္မဒေသ ကော။
ပဏ္ဍိတေဟိ ဣမေ ဒသ၊ န ဒုဗ္ဘန္တီတိ ဇာနိယာ'။
(ဓမ္မနီတိ၊ ၃၃၄-ဂါထာ၊ မူရင်းအတိုင်း)
မဟာရဟနီတိကျမ်းကို ရေးသားတဲ့ ရှင်မဟာသီလဝံသ
(သက္ကရာဇ် ၈၁၅-၈၈ဝ) ထက် ရှေးကျတဲ့ဓမ္မနီတိကျမ်း
ဟာ 'မပြစ်မှားထိုက်သူ ဆယ်မျိုး'ကို သင်္ချာ နဲ့ အတိအကျ
ဖော်ပြတဲ့ အဦးဆုံးကျမ်းလို့ ဆိုနိုင်တယ်။
ရှင်မဟာသီလဝံသထက် သက်တော် အနည်းငယ်
ကြီးဖွယ်ရှိတဲ့ အရှင်မဟာအရိယဝံသ အပါအဝင်
အဲဒီခေတ် မတိုင်ခင်က မြန်မာ့ဂန္ထဝင် ကျမ်းပြုပုဂ္ဂိုလ်
ကျော်တွေ ရေးတဲ့ကျမ်းစာ စာရင်းမှာ ဓမ္မနီတိကျမ်း
ကို မ တွေ့ရ။
ဘိုးတော်ဘုရား လက်ထက်မှာ ပထမ ဗားကရာဆရာတော်
အရှင်ဓမ္မာဘိနန္ဒထေရ်က ဓမ္မနီတိပါဠိကို မြန်မာ
နိဿယ (၁၁၄၅-ကဆုန်လတွင် ရေးပြီး)ပြန်ပြီး
ယင်းနိဿယထဲက အချို့ကို ရွေးထုတ်ပြီး အများ
သူငါ အ လွယ်တကူ ဖတ်ရှုနိုင်အောင် စဥ့်ပါဆရာ တော်
(အဆိုပါမင်းလက်ထက်)က လေးဆစ်ချိုးကဗျာ
'ဓမ္မနီတိချိုး'ကို ရေးခဲ့ပေမယ့် 'ပညာရှိတို့ မပြစ်မှား
ထိုက်သူ ဆယ်မျိုးပြဂါထာ' မပါခဲ့ဘူး။
ဘယ်လိုရ
ဆဋ္ဌသံဂါယနာမူ ဇာတကအဋ္ဌကထာမှာ
'ဒသ မိတ္တပူဇဂါထာ (ဇာ-ဋ္ဌ ၆၊ ၁၆)'လို့ ဒသနဲ့ မိတ္တ
ပူဇဂါထာကို ခွဲပြီးစာစီလို့ အဓိပ္ပာယ် ရှင်းဖွယ်ရှိပါတယ်။
ဒါပေမယ့် 'ဒသမိတ္တပူဇ ဂါထာ'လို့ ပါဠိစကားတွဲ
(သမာသ်ပုဒ်)အ နေနဲ့ တစ်လုံးတည်းကြံပြီး မြန်မာပြန်ကြတဲ့
အဲဒီ ပိဋကတ်ကျမ်းတတ် ဆရာမြတ်တွေဟာ ပါဠိတော်န
ဲ့ နိကာယ်အဋ္ဌကထာ ကျမ်းကြီးတွေမှာ မ တွေ့ရတဲ့
'ခင်ပွန်းဆယ်ပါး' အယူအဆကို ဘယ်လိုရသလဲ
ဘယ်ကရသလဲ ဆိုတာကို အတိအကျ ဆိုနိုင်ဖို့ ခက်သား။
ဘုန်းကြီး တွေးမိတာလေးကို တင်ပြရရင် ..
မဏိမဉ္ဇူသာလို ပါဠိဘာသာ ဋီကာကျမ်းကြီးကို
ရေးသားတော်မူတဲ့ အရှင်မဟာအရိယဝံသက တော့
'ကျမ်းကြီးတို့၌ မလာ'လို့ ရဲရဲကြီး ဆိုခဲ့ပါတယ်။
ဒါပေမယ့် နှောင်းခေတ် ကျမ်းပြုပုဂ္ဂိုလ်တွေဟာ
သက္ကတကိုလည်း တတ် ကျွမ်းနိုင်တာ ဖြစ်လို့
သက္ကတကျမ်းမှ တိုက်ရိုက်ဖြစ်စေ၊ ယင်းတို့ခေတ်မှာ
ရှိနေပြီလို့ ယူဆရတဲ့ ပါဠိဘာသာပြန်ဓမ္မနီတိကျမ်းမှ
ဖြစ်စေ 'မပြစ်မှားအပ်တဲ့ ခင်ပွန်းဆယ်ပါး'ဆိုတဲ့
'အမှတ်စွဲလေး' ရှိနေကြပုံရတယ်။
နိဿယသစ် ကျမ်းပြု အရှင်ဂုဏရံသာ လင်္ကာရ ကျတော့
မှတ်ထားဖူးတာ ကြာနေလို့ ဖြစ်စေ၊ ငယ်စဉ်အခါ
ဆရာသမား များဆီက တစ်ဆင့်ကြားကို မှတ်မိနေလို့
ဖြစ်စေ၊ဓမ္မနီတိ'စကား တစ်ပိုင်းတစ်စကိုပဲ အဋ္ဌကထာ
စကားလို့ ထင်မှတ်ပြီး မပြည့်စုံတဲ့ 'ခင်ပွန်းဆယ်ပါး
သရုပ်ပြပါဠိ'ကို ၎င်းရဲ့နိဿယထဲမှာ ရေးခဲ့ပုံရတယ်။
နောင်အခါ ခင်ပွန်းကြီးဆယ်ပါး အယူအဆကို
နှစ်သက်သူတွေက 'အဟံ ဝန္ဒာမိ သဗ္ဗဒါ'နဲ့ အနား
ကွပ်ပေးလိုက်တာ ဖြစ်ဖွယ်ရှိပါတယ်။
ခြားနားပုံ
ခိုင်လုံတဲ့ သံဂါယနာတင်ကျမ်းဂန် မရှိလို့
ခင်ပွန်းဆယ်ပါး ဖော်ပြပုံ အ ရေအတွက် တူပေမယ့်
ဆယ်ပါးသရုပ် ယူဆပုံ တစ်ကျမ်းနဲ့ တစ်ကျမ်း
ခြားနားတာကို တွေ့ရတယ် ..
၁) ဗုဒ္ဓ (မူကွဲမရှိ) ၂) ပစ္စေကဗုဒ္ဓ (မူကွဲမရှိ)
၃) ရဟန္တာ (မူအများ)၊ သာဝက (နိဿယသစ်)၊
သံဃာများ (ဘု ရားရှိခိုး မူမှန်)၊
၎) အဂ္ဂသာဝက (မူအများ)၊ ရဟန္တာ (ဘုရားရှိခိုးမူမှန်)
၅) အမိ (မူကွဲမရှိ) ၆) အဘ (မူကွဲ မရှိ)
၇) ဂရု = အလေး အမြတ်ပြုအပ်သူ (မူကွဲမရှိ)
၈) အတတ်ပညာ သင်ပေးသူ (မူအများ)၊
အသက်ကြီး သသူ (ကန်ဖြေ)၊ ရတနာသုံးပါး၌ သဒ္ဓါ
ယုံကြည်သောသူ (နိဿယသစ်)
၉) ဒါယကာ (မူ အများ)၊ သီလ စောင့် သူ
(ဘုရားရှိခိုးမူမှန်)၊
၁ဝ) ဓမ္မဒေသက (မူကွဲမရှိ)။
စဉ်းစားစရာတွေ ..
အမှတ်-၇) အရ ဆရာတော်တွေ ပါနိုင်သလို
ဒလိုင်းလားမားတို့ မာသာထရီ ဇာတို့ကော ပါခွင့်
မရှိဘူးလား။
အမှတ်-၈) အရ အသက်ကြီးတိုင်း ခင်ပွန်းကြီး
ဖြစ်နိုင်သလား။
ဒါကြောင့် ခင်ပွန်းဆယ်မျိုးကို မပြစ်မှားသင့်သူ၊
မေတ္တာပို့ရမယ့်သူ၊ ကျေးဇူးရှိသူလို့ ဆိုနိုင်ပေမယ့်
အဲဒီအထဲက အချို့ကိုတော့ လူဖြစ်စေ ရဟန်းဖြစ်စေ
'အဟံ ဝန္ဒာမိ သဗ္ဗဒါ (= အမြဲရှိခိုးပါ၏)'လို့
မဆိုထိုက်ဘူး။
ကျမ်းဆိုမရှိ
ပကိဏ္ဏကဝိသဇ္ဇနာကျမ်းပြု လုံးတော်ဆရာတော်ကြီး
က တော့ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ ပါတယ် ..
'ခင်ပွန်းသည် ဆယ်ပါးသာ မဟုတ်ရာ။
အများပင်ရှိရာ၏။
မူဂပက္ခအမည်ရှိသော တေမိယဇာတ်တော်တွင်
သုနန္ဒာ ရထားထိန်းကို ဘုရားအ လောင်းတော်
တေမိမင်း ဆုံးမရာ၌ မိမိ ကိုယ်ကိုပင် သုနန္ဒာရထားထိန်း
မပြစ်မှားသင့်သည်ကို အ ကြောင်းပြု၍ ဟောတော်မူသည့်
အရာ၌လည်း ခင်ပွန်းဆယ်ပါးဟူ၍ မလာ။
ခင်ပွန်းကို မပြစ်မှားသသူတို့၌ အကျိုးရှိရာသည်ကို
ဟောတော်မူသည့် ဒေသနာ ဆယ်ဂါထာ ဟူ၍သာ
လာသည် ..
ခင်ပွန်းဆယ်ပါးဟူ၍ ဂါထာစီကုံးလျက် ရှိကြသည်မှာ
ဗဟုသုတရှိသူတို့ စီကုံးရေးထားဟန်ရှိ၏ ..
ဂါထာသီကုံး ရေးသားထားကြ သော ပုဂ္ဂိုလ် ၁ဝ
-ယောက်တို့လည်း ခင်ပွန်းပင် မှတ်ရာ၏။
ယင်းသည့် ၁ဝ-ယောက်မှ တပါး လည်း ခင်ပွန်း
ရှိသေး၏ဟု မှတ်ရာ၏။'
(လုံးတော် ဆရာတော်၊ ပကိဏ္ဏကဝိသဇ္ဇနာ၊
အတွဲ ၁၊ စာ-၃ဝ၄၊ ၃ဝ၆)
လုံးတော်ဆရာတော်အ နေနဲ့
'ဒသ၊ ဆယ်ပုဒ်ကုန်သော။ မိတ္တပူဇဂါထာ နာမ၊
ခင်ပွန်းကို ပူဇော် (မပြစ်မှား)သူတို့၌
(အကျိုးရှိရာသည်ကို ဟောတော်မူသည့်)
ဂါထာမည်သည်တို့ကို'လို့ ဒသနဲ့ဂါထာကို တွဲလျက်
'မိတ္တပူဇာ ဆယ်ဂါထာ'လို့ပဲ အဓိပ္ပာယ် ယူခဲ့တယ်။
လုံးတော်နဲ့ ဇာတ်ဝိသောဓနကျမ်းတို့က ခိုင်လုံတဲ့
ကျမ်းဆို မရှိတဲ့အတွက် ခင် ပွန်းပူဇော်ကျိုးပြ
ဆယ်ဂါထာလို့ပဲ ယူခဲ့ကြပါတယ်။
ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါး ဆိုတာ
ပါဠိတော် အဋ္ဌကထာကျမ်းထွက် မဟုတ်တဲ့အတွက်
ဘုရားဟော မဟုတ် ဘူးလို့ ခပ်ရှင်းရှင်း မှတ်ဖို့ပါ။
တရားထူး
ခိုးသားဘဝတုန်းက ဗုဒ္ဓဘုရားကို လက်ညှိုးဖြတ်ဖို့
လိုက်ခဲ့ဖူးတဲ့ အင်္ဂုလိမာလရဲ့ ဖြစ်ရပ်အရ ဗုဒ္ဓ ပ စ္စေကဗုဒ္ဓ
အဂ္ဂသာဝက ရဟန္တာသာဝက အမိအဘတို့ကို
အနန္တရိယကံ ထိုက်သွားတဲ့အထိ မဟုတ်ဘဲ သာမန်
ကိုယ်နှုတ် စိတ်နဲ့ ပြစ်မှားမိတာမျိုးက တောင်းပန်ရင်
တရားထူးကို မတားမြစ်နိုင်ပါဘူး။
သီလ စောင့်သူ၊ သီလရှိတဲ့ အ တတ်ပညာ သင်ပေးသူ
တို့ကိုလည်း ဆိုးဆိုးဝါးဝါး မဟုတ်ရင် တောင်းပန်လို့
ရနိုင်ပါတယ်။
အ လေးအမြတ် ပြုအပ်သူ ဓမ္မဒေသက ပစ္စယဒါယကာ
အသက်ကြီးသူ ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သူ
ဆိုတာတွေကတော့ သီလမရှိရင် လေးစားစရာ
ဟုတ်ပေမယ့် အမြတ်မပြုနိုင်လို့ သာမန် စာရင်းထဲ ဝင်
်သွားပြီး အင်္ဂုလိမာလ လက်ညှိုးဖြတ်ခံရသူတွေနဲ့
တူနိုင်ဖွယ် ရှိပါတယ်။
မပိုမလို
တရားအားထုတ်ရာမှာ အ နှောက်အယှက် မဖြစ်
အောင် ပြစ်မှားဖူးရင် ကျေပါစေလို့ ခင်ပွန်းများကို
တောင်းပန် စကား ဆိုတာမျိုးက ကိစ္စမရှိပါဘူး။
အဲဒီ ဆယ်မျိုးကို လူရော ရဟန်းပါ ပွဲကြီးပွဲငယ်
တင်တာကျတော့ မမှားဘူး လို့ ဆိုနိုင်ပေမယ့်
ဖော်ပြပါ ဆယ်မျိုးထဲမှာ အဝန္ဒနိယ (ရဟန်းတို့
ရှိမခိုးထိုက်သူ)တွေ ပါနေလို့ ရဟန်းအဖို့ အား လုံး
မှန်လည်း မဟုတ်ဘူး။
ပြီးတော့ ဒါကြီးကိုပဲ ခါးတောင်းကျိုက်ပြီး ခမ်းနား
ကြီးကျယ်စွာ လုပ်ပြ နေရင်လည်း နည်းနည်း ပိုရာ
ကျမှာပေါ့။
နည်းမှန်လမ်းမှန် တရားကျင့်စဉ်ဖြစ်ဖို့သာ ပိုပြီး
အ ရေးကြီးသင့်ပါတယ်။
----------------------------------
Ashin Kelasa is author of Dhama Questions and Answers books.
No comments:
Post a Comment