Tuesday, November 21, 2017

အာဒိတိပိဋကဓရ-လောင်းလျှာရှင်၏ရဟန်းခံပွဲ

အာဒိတိပိဋကဓရ-လောင်းလျှာရှင်၏ရဟန်းခံပွဲ
===============================
{၁၂▪၉▪၂၀၁၇}

ပိဋကတ်သုံးပုံ မဟာအဓိကရ
ပါဠိ အဋ္ဌကထာ့ ဋီကာအစုံ။

ရှာကြည့်လှပ ကြည်သာခုံမင်
မှီရာတစ်ဖုံပင် နိဿယများ။

ကျမ်းစာစုံထည့် ဗီယိုမကွာ
ကြည်ညိုစရာ ဆရာတော်ဘုရား။

မင်းကွန်းထေရ်မြတ် ရဟန်းခံသဘင်
ကျမ်းဂန်အစဉ် စုံလင်များ။

ဆန်းဉာဏ်အရှင် ခုံမင်ပွားဖို့
ဂုဏ်အင်များတဲ့ ပစ္စည်းတွေ။

ဆာဦးသွင်ခေါ် ရဟန်းဒကာကြီးက
လန်းသဒ္ဓါမငြီး ဖြည့်ဆည်းလှူဒါန်းပေ။

မန်းမြို့ထင်ရှား စာပေအကျော်မော်
မဟာထေရ်ဆရာတော် အရှင်ကောင်းတို့က။

အစဉ်ပေါင်းလို့ကြွ ခရီးရောက်မှန်အောင်ရာ
ချီးမြောက်ကံဆောင်ကာ။

အာဒိ-တိပိဋကဓရ လောင်းလျှာကျော်ရှင်
ကောင်းရာပေါ်လွင် ရဟန်းခံပွဲသို့ လေး။

မှတ်ချက်။ ။ မင်းကွန်းဆရာတော်ကြီး၏ ဂုဏပူဇာစာစောင်ကို မှီငြမ်း၍
အာဒိ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးနှင့်
ပိဋက ပါဠိ အဋ္ဌကထာ ဋီကာပါဠိကျမ်းစာအုပ်များနှင့်
မှီရာနိဿယကျမ်းစာအုပ်များကို အစုံလိုက်
ထည့်စရာ စာအုပ်ဗီယိုနှင့်တကွ လှူဒါန်းသော ရဟန်းဒကာကြီး သူဌေးကြီးဆာဦးသွင်တို့အား
လေးစား အလေးထား ရေးသားပူဇော်ပါသည်။

အရှင်သုမန{ကန့်ဘလူ}

No comments:

Post a Comment