Saturday, November 11, 2017

မဟာလတာတန်​ဆာ

" မဟာလတာတန်​ဆာ "
💢💭💢💭💢💭💢

ဓနဉ္စယ သူဌေးကြီးသည် သမီးဝိသာခါအတွက် မဟာလတာတန်ဆာကို ...
ပန်းထိမ်သည် ငါးရာတို့ထံတွင် အပ်နှံ၏...

မဟာလတာတန်ဆာတွင် ...
ရွှေစင်နိက္ခ ၁၀၀၀ ...
စိန် ၄ ကွမ်းးစား ...
ပုလဲ ၁၁ ကွမ်းစား ...
သန္တာ ၃၂ ကွမ်းစား ...
ပတ္တမြား ၃၃ ကွမ်းစား တို့ ပါဝင်၏ ...
ထိပ်အလယ်၌ ဥဒေါင်းရုပ်ပါ၏ ...
ဝတ်ဆင်လိုက်လျင် ဦးခေါင်းမှ ခြေဖမိုးတိုင် ဖုံး၏ ...

မဟာလတာတန်ဆာသည် အဖိုးအားဖြင့် ကိုးကုဋေထိုက်၏ ...
လက်ခအားဖြင့် တစ်သိန်းဖြစ်၏ ...
အချိန်ကာလအားဖြင့် လေးလတိုင်တိုင်လုပ်ရ၏ ...
ပန်းတိမ်လုပ်သားပေါင်း ငါးရာတို့ဖြင့် လုပ်မှ ပြီး၏ ...

ဤမြေအပြင်၌ မဟာလတာတန်ဆာ ဝတ်ဆင်နိုင်သူ အမျိုးသမီးသုံးယောက်သာရှိ၏ ...
ထိုအမျိုးသမီးတို့မှာ ...

၁ ။ ဝိသာခါ
၂ ။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ
၃ ။ ဗာရာဏသီ သူဌေးသမီး တို့ဖြစ်သည် ...

အမျိုးသမီးများအနေဖြင့် သင်္ကန်းလှူလျှင် မဟာလတာတန်ဆာရနိုင်၏ ...

သို့ရာတွင် ...

သင်္ကန်းလှူတိုင်း မဟာလတာကို ရသည်တော့ မဟုတ် ....
ကောင်းမှုဟူသမျှ အကျိုးပေးရာတွင် ...
ဆိုင်ရာ အကြောင်းတရား လေးပါးတို့အပေါ်တွင် အခြေခံ၏ ...

စေတနာသည် ပဓာန အကြောင်းတရားဖြစ်သည် ...
ဥပါဒါန အကြောင်းဟုဆို၏ ...
စေတနာကောင်းလျှင် ကောင်းသလောက် အကျိုးပေး၏ ...

ဒုတိယအကြောင်းမှာ ကမ္မဿကတ ဉာဏ်ဖြစ်၏ ...
အကျိုးပေးမှုသည် မိမိယုံကြည်မှုနှင့် ပတ်သက်သော အသိဉာဏ်အပေါ်၌လည်း တည်၏ ... နိမိတ္တ အကြောင်းဟု ဆို၏ ...

တတိယအကြောင်းမှာ လှူဖွယ်ဝတ္ထုနှင့် အလှူခံ ပုဂ္ဂိုလ်ဖြစ်၏ ...
သမဝါယီ အကြောင်းဟုဆို၏ ...
အကျိုးပေးရာ၌ လှူဖွယ်ပစ္စည်း၏ အမျိုးအစားအရ အကျိုးပေး၏ ...
အလှူခံ ပုဂ္ဂိုလ်၏ သီလရှိမှု မရှိမှုသည်လည်း အရေးကြီး၏ ...

စတုတ္ထ အချက်မှာ တောင့်တချက်ဖြစ်၏ ...
ပဏိဓိ(သို့) ပတ္ထနာ ဟု ဆို၏ ...
အကျိုးပေးရာတွင် မိမိတောင့်တချက်အရ အကျိုးပေး၏ ...

အမျိုးသမီးများအနေဖြင့် မဟာလတာ တန်ဆာကို ရလိုပါလျှင်...
မဟာလတာတန်ဆာကိုရည်မှန်းပြီး ...
သီလဝန္တ ပုဂ္ဂိုလ်တို့အား ကောင်းသော သင်္ကန်းကို လှူရ၏ ...
လှူသောအခါ သီလကို စောင့်ထိန်းပြီး ...
ဉာဏ်ယှဉ်သော စေတနာဖြင့် လှူပါက ...
မဟာလတာ တန်ဆာကို ရနိုင်ပါသည် ...

ဝိသာခါသည် ကဿပ ဘုရားရှင်လက်ထက်က ...
ရဟန်းတော်များအား ဤအကြောင်းလေးပါးနှင့် ပြည့်စုံအောင် ...
သင်္ကန်းလှူခဲ့သောကြောင့် ယခုကဲ့သို့ မဟာလတာ တန်ဆာကို ရခြင်းဖြစ်၏။

No comments:

Post a Comment