သံဃိကကျောင်း ဖြစ်ပါလျက် ကိုယ့်သဘောနဲ့ ကိုယ်
စီမံအုပ်ချုပ်ခွင့် ရှိ/ မရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီမေးခွန်းက မေးထားတာ ကြာပါပြီ။
ကုလဒူသနအဖွင့် သာရတ္ထဋီကာ ဒုတိယတွဲ နှာ ၃၆၇ ထဲမှာ
အာဝါသိက ပုဒ်အဖွင့်
တေ အကတံ သေနာသနံ ကရောန္တိ ၊ ဇိဏ္ဏံ ပဋိသင်္ခရောန္တိ၊ ကတေ ဣဿရာ ဟောန္တိ။ လို့ ဖွင့်ထားတာ တွေ့ရပါတယ်။
သံဃိက ဆိုပေမယ့် ကျောင်းဖြစ်ပေါ်လာအောင် တည်ထောင်သူ ဒါမှမဟုတ် ကျောင်းအဟောင်းကို ပြင်ဆင်သူ ဖြစ်တဲ့အတွက် ထိုရဟန်း အစိုးရပါတယ်တဲ့။
ထိုသူ့မှာ စီမံပိုင်ခွင့် ရှိပါတယ်။
ဒါပေမယ့် သုံးစွဲတဲ့ အခါတော့ သံဃိကကျောင်းဖြစ်တဲ့ အတွက် သံဃိကကျောင်းနဲ့ ပက်သက်တဲ့ စည်းကမ်းများနဲ့ အညီ သုံးစွဲရမှာပါ။
ကျောင်းထိုင်ဆရာတော်ကတော့ တည်ထောင်သူပဲပေါ့။
ထိုသူ့မှာ စီမံပိုင်ခွင့် ရှိတဲ့ အတွက် ကျောင်းလျှောက်ရန်လာရောက်လျှောက်ထားသူများထဲက သူလက်ခံချင်သူကို လက်ခံနိုင်ပါတယ်။ လက်မခံချင်သူကို လက်မခံဘဲ နေလို့ ရပါတယ်။
သာဓက ပြရရင် ပထမသင်္ဂါယနာတင်ရန် အရှင်မဟာကဿပတို့ ရာဇဂြိင်္ုဟ်ရှိ ကျောင်းများကို ပြင်ဆင်ကြပါတယ်။ ထို့နောက် သင်္ဂါယနာတင် ဆရာတော်များမှ တစ်ပါး တစ်ခြား သံဃာများ ဒီရာဇဂြိင်္ုဟ်မှာ ဝါမဆိုရန် တားမြစ်ထားတဲ့ ထုံးစံများရှိပါတယ်။
တစ်ဆက်တည်း ပြောစရာ ရှိတာက ဘုရားဝိနည်း အပြင် တစ်ခြားစည်းကမ်းတွေ ထုတ်လို့ ရသလား။ ဆိုတာပါပဲ။
ဝိနယာနုလောမစည်းကမ်းများ ထုတ်လို့ ရပါတယ်။ မရတာကတော့ ဘုရားမဟောတာကို အာပတ်တပ်ပြီး စည်းကမ်းထုတ်ခွင့် မရှိပါ။
ဥပမာ ပြောရလျင် မြတ်စွာဘုရားကို မဖူးရ ၊ ဖူးလျှင် ဒုက္ကဋ်အာပတ်ဆိုတာမျိုး လုပ်ခွင့် မရှိ။
ဝိနယာနုလောမ ဓမ္မာနုလောမ စည်းကမ်းထုတ်လို့ ရပါတယ်။
ဥပမာပြောရလျှင် အရှင်ဥပသေနထံ တပည့်အဖြစ်နေလိုလျှင် ဓုတင်ဆောင်ကြရမည်။ ဓုတင်မဆောင်လျှင် တပည့်အဖြစ်လက်မခံ။
စာပေထဲမှာ ဓမ္မိက ကတိကဝတ်ဆိုတာတွေလည်း အများကြီးတွေ့ရပါတယ်။
ဒါ့ကြောင့် ဝိနယာနုလောမ ဓမ္မာနုလောမ စည်းကမ်းထုတ်လို့ ရတယ်လို့ မှတ်ကြရမှာ ဖြစ်ပါတယ်။
ခရက်ဒစ် ။ သူများဟာ
No comments:
Post a Comment