ဆယ်စောင်တွဲက ပရိတ်အနက်တောင် မထင်တဲ့
မိုးပြာဆရာကြီး
©©©©©©©©©©©©©©©©©©©©©©©©
ခယံ ဝိရာဂံ အမတံ ပဏီတံ
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော
န တေန ဓမ္မေန သမတ္ထိ ကိဥ္စိ
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ
သကျမုနိ ဆိုတာ ဘုရားရှင်
အဇ္ဈဂါ ဆိုတာ ရတော်မူခဲ့တာ
ဘာရခဲတာလဲဆိုရင်
ယံ - ပါဠိနဲ့ ပြတဲ့ နိဗ္ဗာကို ရတော်မူခဲ့တာ ။
ဘာတရားရှိလို့ နိဗ္ဗာန်ကို ရတော်မူခဲ့သလဲ ဆိုရင်
သမာဟိတော အရိယာမဂ်သမာဓိရှိလို့
နိဗ္ဗာန်ကို ရတော်မူခဲ့တာ ။
[ ပရိတ်အနက် နောက်မှ ပြန်ဆက်မယ်
ဘုရားတွေ ဘုရားတွေ ပေါမှ ပေါ
ဒါပေမယ့်
နိဗ္ဗာန်ကို မသိဘဲ မတွေ့ဘဲ မရဘဲ
ဘယ်သူမှ ဘုရား မဖြစ်နိုင်ဘူး ။
နိဗ္ဗာန်ကို မသိဘဲ မတွေ့ဘဲ မရဘဲ
ဘုရားလို့ ပြောလဲ့မရဘူး ။
ပြောရင်လဲ အဲဒီပုဂ္ဂိုလ် လိမ်တာပဲ ။
ဘုရားဆိုတာ ထားလိုက်အုံး ပစ္စေကဗုဒ္ဓါတို့
အရိယာသာဝကတို့တောင်
နိဗ္ဗာန်ကို မသိဘဲ မတွေ့ဘဲ မရဘဲ
ဖြစ်နိုင်တာ မဟုတ် ။
နိဗ္ဗာန်ဆိုတာကို ခပ်ပေါပေါ မမှတ်ပါနဲ့
ပဏ္ဍိတဝေဒနိယာ ပညာရှိမှ သိနိုင်တာ ။
အတက္ကာဝစရာ အကြံအတွေးသမား
အကုသိုလ်ဒုစရိုက်သမားတွေနဲ့
လားလားမှ မဆိုင် ]
နိဗ္ဗာန်ဆိုတာ
ခယံ ဆိုတဲ့အတိုင်း
ကိလေသာကုန်ခန်းသွားတဲ့ သဘောတရား
ဝိရာဂံ ဆိုတဲ့အတိုင်း
တွယ်တာတပ်မက်ခြင်းတွေ
ကင်းမဲ့သွားတဲ့ သဘောတရား
အမတဆိုတဲ့ အတိုင်း
ဖြစ်ခြင်းပျက်ခြင်း လုံးဝကင်းသွားလို့
သေစရာမရှိတော့တဲ့ သဘောတရား
ပဏီတဆိုတဲ့အတိုင်း
ကိလေသာအပြစ်
ခန္နာအပြစ်များ ကင်းစင်လို့
အချမ်းသာဆုံး အကောင်းဆုံး သဘောတရား
န တေန ဓမ္မေန သမတ္ထိ ကိဥ္စိ
နိဗ္ဗာန်နဲ့ တူတဲ့တရား တစ်ခုမှ မရှိဘူး - လို့ ဘုရားရှင်ကိုယ်တော်တိုင်
ရတနသုတ်မှာ
ဖွင့်ဆို ဟောကြားထားတော်မူခဲ့တယ် ။
ဟိုသူ့ စော်ကား ဒီသူ့စော်ကား
အကုသိုလ် ဒုစရိုက်တွေနဲ့
အပြစ်များနေလို့ ငရဲသွားရမယ့်သူတွေ အသာထား
ဘာအရိယာမဂ်
ဘာသမာဓိမှ မရှိဘဲ ဘုရားလို့ ဝန်ခံနေတဲ့
သူတွေတောင် အိပ်မက်မက်ခွင့် မရှိတဲ့
ထေရဝါဒ ဗုဒ္ဓဘာသတွေရဲ့ နိဗ္ဗာန်ကိုများ
ရာရာစစ မွတ်စလင်တွေရဲ့ ငရဲ့ နဲ့ တူသလေး
ဘာလေးနဲ့
ပြောတဲ့သူကလဲ ပြောပါ့
စကားထဲ့ထည့်
အတည်ပြုသလို
ထောက်ခံသလို လုပ်တဲ့
မိုးပြာကြီးကလဲ ပြာပ
ဆယ်စောင်တွဲထဲပါတဲ့ ရတနသုတ်က
ဂါထာလေးတစ်ပုဒ်ရဲ့ အနက်တောင် မသိဘဲ
ဘယ်လိုမျာ ထေရဝါဒတွေ အမည်ခံ မိုးပြာတွေ
ဂျိုးပြာတွေ ကင်ပွန်းတပ်
ဂိုဏ်ထောင်စားနေတယ် မသိ
အံ့သြလိုက်ပါဘိ
KKN
No comments:
Post a Comment