Friday, November 10, 2017

ဂန္ထဝင် ဥဒါန်း

ပါဠိဂရုနဲ့ မဆိုင်သော်ငြား
…………………………………………
ဂန္ထဝင် ဥဒါန်း

©©©©©©©©©©©©©©©©©©©©©©©©

ဆရာတော်ကြီး ဦးရာဇဓမ္မ
မကြာခဏ မိန့်ကြားဖူး၏ ။
ဟေ့  ငါတို့က  ခွေးဖြစ်ရင်တောင် 
ရွှေသွားလေးနဲ့ခွေး  ဖြစ်မှာကွ - ဟူ၏ ။

ဆရာတော်ကြီးက  တပည့်များနှင့်
ကိုးကွယ်သူ  ဒါယကာ  ဒါယိကာမများကို
အမြဲမပြတ်  သွန်သင်ဆုံးမလေ့ရှိသည်မှာ
ဗဟုသုတရှိဖို 
သိတတ်နားလည်ဖို့ 
နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ဖို့
စိတ်နှလုံးကောင်းရှိဖို့
တစ်ကိုယ်ကောင်းမဆန်ဖို့
အများအကျိုးဆောင်ဖို့
လူက  လူနဲ့တူအောင်
ရှင်က  ရှင်နဲ့တူအောင်
ရဟန်းက  ရဟန်းနဲ့တူအောင်
ဆရာက  ဆရာနဲ့တူအောင်
တပည့်က  တပည့်နဲ့တူအောင်
ပြည်သူက  ပြည်သူကောင်းဖြစ်အောင်
အစိုးရက  အစိုးရကောင်ဖြစ်အောင်ချည်း ဖြစ်၏ ။
ဆရာတော်ကြီးကိုယ်တိုင်းလည်း
ထို့သို့  ကျင့်သည်ကို
အများက  သိရှိ၏ ။
ကြည်ညို  လေးစား၏ ။

ဆရာတော်ကြီးသည်
သူ့  အကျင့်
သူ့  စိတ်ဓာတ် 
သူ့ ဉာဏ်ပညာ
သူ့  အားထုတ်မှုကို 
သူကိုယ်တိုင်  သိရှိ  ယုံကြည်လျှက်
ပုထုဇဉ်ဘဝဖြစ်၍  ဂတိမမြဲ
တိရစ္ဆာန်ဘဝပင် ရောက်ရသော်လည်း မနိမ့်ကျဘဲ 
အထက်တန်းကျကျ  မျက်နှာပန်းလှလိမ့်မည်ဟု
ဥဒါန်းကျူးသကဲ့သို့  မြွက်ဆိုခြင်းပင်တည်း ။

မှန်၏
အလောင်းတော်များသည် 
အသိဉာဏ်နှင့်   ပါရမီဓာတ်ခံကောင်းသောကြောင့်
ဘုံဘဝအထွေထွေ ကျင်လည်ခဲ့ရပေသော်လည်း
ဖြစ်ရာဘဝတိုင်း၌  အောက်ကျ နောက်ကျ
နေရလှသည်  မရှိခဲ့ကြောင်း
ဇာတ်နိပါတ်များက  သက်သေထူလျှက်  ရှိ၏ ။

ကြည်ညို  လေးစား  အားကျဖွယ်များပါပေတကား

KKN

No comments:

Post a Comment