Friday, November 10, 2017

ဧဟိဘိက္ခုရဟန်းတော်ပေါင်း -၂၈၆၄၇- ပါး

ဧဟိဘိက္ခုရဟန်းတော်ပေါင်း -၂၈၆၄၇- ပါး

မြတ်စွာဘုရားရှင် လက်ထက်တော်၌
ဘုရားရှင်က 'ဧဟိဘိက္ခု ' ခေါ်လိုက်ရုံနှင့်ရဟန်းအဖြစ်ရယူသွားကြသော ရဟန်း
တော်များ အရေအတွက် သရုပ်ကား-

***  ၀ိနည်း ပိဋကတော်၌  ***

ပဉ္စ၀ဂ္ဂီငါးပါး၊

ယသသတို့သားနှင့်
အပေါင်းအဖေါ်များ -ပေါင်း ၅၅-ပါး၊

ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်၊

ရသေ့ (ရှင်) ၁၀၀၀၊

အဂ္ဂသာဝက ၂-ပါးနှင့်
ပရိဗိုဇ်များ၊ပေါင်း၂၅၀။

အင်္ဂုလိမာလ ၁-ပါး၊

      ပေါင်း ၁၃၄၄-ပါး၊

** သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား **

သေလပုဏ္ဏားနှင့် အဖေါ် ၃၀၀၊

မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊

ကပိလ၀တ်ပြည်သား ၁၀၀၀၀၊

ပါရာယနိက ပုဏ္ဏားနှင့် အဖေါ် ၁၆၀၀၀၊

         ပေါင်း ၂၇၃၀၃ဖြစ်၍

၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။

မှတ်ချက်။ ။
ဤကား ၀ိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ
ယူပြခြင်းသာဖြစ်၍ထို့ထက်အလွန်လည်း များစွာပင်ရှိတန်ရာသေးသည်ဟု
မှတ်ယူရမည်။

            
              အရှင်ဝိစိတ္တသာရ - ရွှေညာ

No comments:

Post a Comment