ဟင်္သတမြို့၊ မိုးကောင်းဆရာတော်ဘုရားကြီး၏
" သာသနာငါးထောင် ရှင်းတမ်း "
တပည့် - တပည့်တော်တို့ ရဟန်းတော်များပြုလုပ်ရမယ့်အလုပ်က ပရိယတ်နဲ့ပဋိပတ်
နှစ်မျိုးပဲရှိတယ်ဆိုရင် ယခုခေတ်အားလျော်စွာ ဆောင်ရွက်နေကြတဲ့ သံဃာ့
အဖွဲ့အစည်းတွေကို ဆရာတော့်အနေနဲ့ ဘယ်လိုသဘောရပါသလဲဘုရား?
ဆရာတော် - အဲဒါနဲ့ပက်သက်လို့ ကြားဖူးတာလေးပြောပြမယ် မင်းကွန်းတိပိဋကဆရာတော်
ကြီးကို မန္တလေးက တိုင်းသံဃနာကတစ်ပါးကလျှောက်ဖူးတယ် " ဆရာတော်
တပည့်တော်တို့တော့ သံဃာ့အဖွဲ့အစည်းကိစ္စတွေ ဆောင်ရွက်နေရလို့
စာချတောင်မမှန်တော့ဘူးဘုရား" လို့လျှောက်တယ် ဒီတော့ မင်းကွန်း
ဆရာတော်ကြီးကိုယ်တိုင်က " ဒါလည်းသာသနာပြုတာပဲ" လို့မိန့်တော်မူသတဲ့။
ငါပြောလိုတာက ကိုယ်ပြုလုပ်ရမယ့် ပရိယတ်,ပဋိပတ်ကိုလည်းလက်မလွှတ်ပဲနဲ့
အားတဲ့အချိန်လေးတွေမှာ သံဃာ့တာဝန်ထမ်းဆောင်တာကတော့ ကောင်းတာ
ပါပဲ။ ဒီကိစ္စနဲ့ပက်သက်လို့ ငါ တစ်ခုပြောချင်တယ်" လူနဲ့ရဟန်း မတူဘူး
လူကလူပဲ၊ ရဟန်းက ရဟန်းပဲ ရဟန်းတော်များဟာ လူနဲ့မတူသင့်ဘူး
လူတွေကိုအတုယူပြီး ရဟန်းတော်များက ရာထူးစိတ် လူစိတ်ပေါက်ကြပြီး
ရဟန်းအမူအယာတွေ ပျောက်ကုန်ကြမယ်ဆိုရင်တော့ သာသနာတော်
ပျက်ကြောင်းပါပဲကွာ။
တပည့် - ဆရာတော်ရဲ့ဩ ဝါဒတွေကြားရတာ တပည့်တော်အဖို့ ဝမ်းမြောက်လို့
မဆုံးပါဘုရား တပည့်တော်ဆက်လက် လျှောက်ထားစရာလေးရှိလို့
ခွင့်ပြုတော်မူပါဘုရား။
ဆရာတော် - ပြောစရာရှိ ပြောပေါ့ကွ။ ဒို့က ဆရာ တပည့်ပဲ သိတာတော့ ဖြေရမှာပေါ့။
တပည့် - အခြားကိစ္စတော့မဟုတ်ပါဘူးဘုရား၊ တပည့်တော်ကျောင်းထိုင်တဲ့ရွာမှာ
ယခုနှစ် တပေါင်းလဆန်း ၅ ရက်နေ့က ဒုလ္လဘရဟန်းခံပွဲ ပြုလုပ်ပါတယ်။
ရှင်အပါး ၅၀ ၊ ရဟန်းအပါး ၃၀၊ ဆရာတော် အတော်များများကြွရောက်တော်
မူကြပါတယ်။ အဲဒီရဟန်းခံပွဲမှာ ဆရာတော်တစ်ပါးက စတင်ပြောပါတယ်
ဟင်္သာတ - သာရေးနာရေး အခမ်းနားတစ်ခုမှာ မိုးကောင်းဆရာတော်က
" သာသနာ ငါးထောင် " ဆိုတဲ့စကားကိုသူမယုံဘူး လက်မခံဘူးဆိုပါလား လို့
အမိန့်ရှိပါတယ်။ အများက " သာသနာ ငါးထောင်" လို့ပြောနေကြပါလျှက်
သူကဘာမို့လို့ မယုံရမှာလဲ လို့ပြောပါတယ်။
တပည့်တော်တို့ကလည်း ကိုယ့်ဆရာသမားကိုပြောလာတော့ မခံနှိုင်ဘူး
ပြန်ပြီးတော့လည်း မချေပနှိုင်ဖြစ်ရပါတယ် အဲဒီကိစ္စနဲ့ပက်သက်လို့
ဆရာတော်ဘယ်လိုများ အမိန့်ရှိလိုက်ပါသလဲဘုရား။
ဆရာတော် - အေးကွာ ငါပြောမိတာတော့မှန်ပါတယ် ဒါပေမယ့် သူတို့ပြောသလို
ငါမယုံဘူး ငါလက်မခံဘူးလို့တော့မပြောပါဘူး ငါပြောတာက
သာသနာငါးထောင် ဆိုတဲ့အဋ္ဌကထာစကားလဲ သူ့နည်း သူ့ဟန်နဲ့ မှန်တာပဲ
ဘုရားဟောပါဠိတော်မှာ ငါးထောင်လို့ သက်မှတ်ချက် မပါဘူး လို့
ပြောတာပါ။
တပည့် - ဒီလိုဆို ငါးထောင်ဆိုတာကဘုရားဟော တိုက်ရိုက် မဟုတ်ဘူးလားဘုရား?
ဆက်ရန်......
No comments:
Post a Comment