Thursday, November 30, 2017

သံဃိက​ကျောင်း ဖြစ်​ပါလျက်​ ကိုယ့်​သ​ဘောနဲ့ ကိုယ်

သံဃိက​ကျောင်း ဖြစ်​ပါလျက်​ ကိုယ့်​သ​ဘောနဲ့ ကိုယ်

စီမံအုပ်​ချုပ်​ခွင့်​ ရှိ/ မရှိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ​မေးခွန်းက ​မေးထားတာ ကြာပါပြီ။

ကုလဒူသနအဖွင့်​ သာရတ္ထဋီကာ ဒုတိယတွဲ နှာ ၃၆၇ ထဲမှာ

အာဝါသိက ပုဒ်​အဖွင့်​ 

တေ အကတံ ​သေနာသနံ က​ရောန္တိ ၊ ဇိဏ္ဏံ ပဋိသင်္ခ​ရောန္တိ၊ က​တေ ဣဿရာ ​ဟော​န္တိ။ လို့ ဖွင့်​ထားတာ ​တွေ့ရပါတယ်​။

သံဃိက ဆို​ပေမယ့်​ ​ကျောင်းဖြစ်​​ပေါ်လာ​အောင်​ တည်​​ထောင်​သူ ​ဒါမှမဟုတ်​ ​ကျောင်းအ​ဟောင်းကို ပြင်​ဆင်​သူ ဖြစ်​တဲ့အတွက်​ ထိုရဟန်း အစိုးရပါတယ်​တဲ့။ 

ထိုသူ့မှာ စီမံပိုင်​ခွင့်​ ရှိပါတယ်​။

ဒါ​ပေမယ့်​ သုံးစွဲတဲ့ အခါ​တော့ သံဃိက​ကျောင်းဖြစ်​တဲ့ အတွက်​ သံဃိက​ကျောင်းနဲ့ ပက်​သက်​တဲ့ စည်းကမ်းများနဲ့ အညီ  သုံးစွဲရမှာပါ။

ကျောင်းထိုင်​ဆရာ​တော်​က​တော့ တည်​​ထောင်​သူပဲ​ပေါ့။

ထိုသူ့မှာ စီမံပိုင်​ခွင့်​ ရှိတဲ့ အတွက်​ ​ကျောင်း​လျှောက်​ရန်​လာ​ရောက်​​လျှောက်​ထားသူများထဲက သူလက်​ခံချင်​သူကို လက်​ခံနိုင်​ပါတယ်​။ လက်​မခံချင်​သူကို လက်​မခံဘဲ ​​နေလို့ ရပါတယ်​။

သာဓက ပြရရင်​ ပထမသင်္ဂါယနာတင်​ရန်​ အရှင်​မဟာကဿပတို့ ရာဇဂြိင်္ုဟ်​ရှိ ​ကျောင်းများကို ပြင်​ဆင်​ကြပါတယ်​။ ထို့​နောက်​ သင်္ဂါယနာတင်​ ဆရာ​တော်​များမှ တစ်​ပါး တစ်​ခြား သံဃာများ ဒီရာဇဂြိင်္ုဟ်​မှာ ဝါမဆိုရန်​ တားမြစ်​ထားတဲ့ ထုံးစံများရှိပါတယ်​။

တစ်​ဆက်​တည်း ​ပြောစရာ ရှိတာက ဘုရားဝိနည်း အပြင်​ တစ်​ခြားစည်းကမ်း​တွေ ထုတ်​လို့ ရသလား။ ဆိုတာပါပဲ။

ဝိနယာနု​လောမစည်းကမ်းများ ထုတ်လို့ ရပါတယ်​။ မရတာက​တော့ ဘုရားမ​ဟောတာကို အာပတ်တပ်​ပြီး စည်းကမ်းထုတ်​ခွင့်​ မရှိပါ။

ဥပမာ ​ပြောရလျင်​ မြတ်​စွာဘုရားကို မဖူး​ရ ၊ ဖူးလျှင်​ ဒုက္ကဋ်အာပတ်​ဆိုတာမျိုး လုပ်​ခွင့်​ မရှိ။

ဝိနယာနု​လောမ ဓမ္မာနု​လောမ စည်းကမ်းထုတ်​လို့ ရပါတယ်​။

ဥပမာ​ပြောရလျှင်​ အရှင်​ဥပ​သေနထံ တပည့်​အဖြစ်​​နေလိုလျှင်​ ဓုတင်​​ဆောင်​ကြရမည်​။ ဓုတင်​မ​ဆောင်​လျှင်​ တပည့်​အဖြစ်​လက်​မခံ။

စာ​ပေထဲမှာ ဓမ္မိက ကတိကဝတ်​ဆိုတာ​တွေလည်း အများကြီး​တွေ့ရပါတယ်​။

ဒါ့​ကြောင့်​ ဝိနယာနု​လောမ ဓမ္မာနု​လောမ စည်းကမ်းထုတ်​လို့ ရတယ်​လို့ မှတ်​ကြရမှာ ဖြစ်​ပါတယ်​။
ခရက်​ဒစ်​ ။ သူများဟာ

Thursday, November 23, 2017

သီတဂူဆရာတော်၏ နာမည်ကြီးနေသော တရား (သို့မဟုတ်) ဘုရင်ဒုဋ္ဌဂါမဏိ အကြောင်း

သီတဂူဆရာတော်၏
နာမည်ကြီးနေသော တရား

(သို့မဟုတ်)

ဘုရင်ဒုဋ္ဌဂါမဏိ အကြောင်း
•••••••••••••••••••••

ဘုရင်ဒုဋ္ဌဂါမဏိသည် သူ၏နိုင်ငံတွင် (သီရိလင်္ကာ) စစ်ပွဲပေါင်း များစွာ ဆင်နွှဲပြီး ရန်သူပေါင်းများစွာကို ချေမှုန်းခဲ့၏။ ဘာကြောင့် စစ်တိုက်ရသနည်း၊ ဗုဒ္ဓသာသနာကို အန္တရာယ်ပြုနေသော ကျေးကုလားတို့ကို သုတ်သင်လိုသော ကြောင့် ဖြစ်သည်။

ဆိုလိုသည်ကား ကျူးကျော်သည့် စစ်ပွဲ မဟုတ်၊ ကာကွယ်သည့် စစ်ပွဲ ဖြစ်သည်။

ထို့ကြောင့် ဘုရင်ကြီးသည်
စစ်တိုက်ထွက်ခါနီးတွင် အဓိဋ္ဌာန် ပြုလေသည်။ ဘုရင်ကြီး၏ အဓိဋ္ဌာန်ကား သာသနာပြု အဓိဋ္ဌာန် ဖြစ်၏။

"ငါ စစ်တိုက်ခြင်းသည် မင်းစည်းစိမ် ရလို၍ မဟုတ်၊ ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ဖြစ်သည်"။

ဤကား ဘုရင် ဒုဋ္ဌဂါမဏိ၏ အဓိဋ္ဌာန်တည်း။ မြတ်နိုးဖွယ်, လေးစားဖွယ် ကောင်းသည့် အဓိဋ္ဌာန်ပင် ဖြစ်ပေတော့သည် တကား။

သီတဂူဆရာတော်မှ ဖုန်းဆက်
------------------------

မိမိသည် (၈- ၁၁- ၁၇) နေ့တွင် မုံရွာမှာ တရားပွဲ ရှိသောကြောင့် ညနေပိုင်း အချိန်တွင် စစ်ကိုင်းမှ ထွက်ခဲ့၏။ ထိုအချိန်မှာပဲ ဖုံးတစ်လုံး ဝင်လာ၏။ သို့နှင့် မိမိ ဖုန်းကိုင်လိုက်သောအခါ . . .

"မောင်ဒေဝိန္ဒ လား ဟေ့"။

ထိုအသံ ကြားလိုက်သောအခါ  မိမိ ပျာပျာသလဲ ဖြစ်သွားတော့၏။ ဘာကြောင့်နည်း၊ သီတဂူဆရာတော်မှန်း သိရှိလိုက်ရသောကြောင့် ဖြစ်၏။

"မောင်ဒေဝိန္ဒ . . . မင်း အခု ဘယ်ရောက်နေလဲ"

" တပည့်တော် မုံရွာ ရောက်နေပါတယ် ဘုရား၊ ဒီနေ့ည မုံရွာမှာ တရားဟောရ မှာပါဘုရား"။

"အော် .. မုံရွာမှာ ဟောရမှာလား၊ စာနှင့်အညီ ဟောနော်၊ ဟောနိုင်သမျှ ဟောကွာ၊ အခု ငါ့အသက်
၈၀ - ရှိပြီ၊ တရားဟော မနားသေးဘူး၊ ဟောနိုင်သမျှ ဟောနေဦးမှာပဲ"။

"မှန်ပါဘုရား"။

" ဟိုတနေ့က (၃၀- ၁၀- ၁၇) ဘုရင့်နောင်မှာ (တောင်ငူခရိုင်) ဒုဋ္ဌဂါမဏိဘုရင်ကြီး အကြောင်း ငါ ဟောခဲ့တယ်၊ စာနှင့်အညီ ဟောထားတာ၊ မင်း နာဖြစ်အောင် နာကွာ"။

"တပည့်တော် နာပြီးပါပြီဘုရား၊ အစ အလယ် အဆုံး သုံးချက်စလုံး ပြည့်စုံသည့် တရားပါဘုရား၊ သာသနာကို ချစ်မြတ်နိုးသည့် ပုဂ္ဂိုလ်တိုင်း သာဓုခေါ်ကြပါတယ် ဘုရား "။

"ဘုရင်ဒုဋ္ဌဂါမဏိရဲ့ အဓိဋ္ဌာန်ဟာ ရဲရဲတောက် ဆုံးဖြတ်ချက်ပဲ၊ ဒို့ သာသနာ ရေရှည်တည်တံ့ဖို့ အတွက် အဲဒီ အဓိဋ္ဌာန်ဟာ အားဆေးပါပဲ၊ ဒါကြောင့် ဘုရင်ဒုဋ္ဌဂါမဏိ အကြောင်းကို ငါ ဟောခဲ့တာ"။

"မှန်ပါ၊ ဟောသင့်ပါတယ်ဘုရား၊ ဆရာတော်ရဲ့ ဟောပြောချက်ကို
စာတတ်ပေတတ် ဆရာတော်ကြီးများ ကလည်း ချီးကျူးကြပါတယ်ဘုရား၊  ဗုဒ္ဓတံဆိပ် ခပ်နှိပ်ထားကြသည့် ပြည်သူများကလည်း တခဲနက် ထောက်ခံကြပါသည်ဘုရား" ။

"ဟုတ်လား၊ ဒီလိုထောက်ခံတော့ လည်း ဟောရကျိုး နပ်တာပေါ့ကွာ၊ ဘာပဲ ဖြစ်ဖြစ်၊ တိုင်းပြည်နှင့် သာသနာမျက်နှာကို ကြည့်ပြီး အမှန်တရားကို ဟောရဲရမယ်၊ ဒါမှ တိုင်းပြည်နှင့် သာသနာဟာ ရေရှည်တည်တံ့မှာ၊ ဒို့ကတော့ လုပ်သင့် လုပ်ထိုက်တာကို နောက်မဆုတ်တမ်း လုပ်မယ်၊ရှေးဆရာတော်ကြီးတွေလည်း ဒီလိုပဲ ဟောခဲ့ပြောခဲ့ ရေးခဲ့ကြတာပဲ၊ ဒါကြောင့် အခုချိန်ထိ သာသနာတည်ရှိ နေတာ"။

"ဟုတ်ပါတယ်ဘုရား၊ ဆရာတော် ဟောလိုက်တဲ့ ဘုရင်ဒုဋ္ဌဂါမဏိ အကြောင်းဟာ တိုင်းပြည်အတွက် မီးပြတိုက်ပဲ ဖြစ်ပါတယ်ဘုရား"။

"ဒို့ သဲကုန်းမြို့နှင့် မလှမ်းမကမ်းမှာ ရွှေတောင်မြို့ဆိုတာ ရှိတယ်ကွ၊
ကျီးသဲလေးထပ်ဆရာတော်ဆိုတာ အဲဒီရွှေတောင်ကပဲ၊ ဒို့ သာသနာမှာ မသိသူ မရှိဘူး၊ အလွန်ထက်မြက်တဲ့ ဆရာတော်ကြီးပဲ၊ ဒီဆရာတော်ကြီးကလည်း အင်္ဂလိပ်လက်အောက် ရောက်နေတဲ့ တိုင်းသူပြည်သားတွေကို ဒုဋ္ဌဂါမဏိ ပြဇာတ်ရေးပြီး ဆော်သြခဲ့တယ်၊ ဒါတွေကို အတုယူရမယ်ကွ၊ ဟုတ်တယ်မို့လား"။

"မှန်ပါဘုရား၊ ကျီးသဲလေးထပ် ဆရာတော်ဟာ လောကရေးရာ ဓမ္မရေးရာကော နှစ်ဘက်လုံးမှာ သိမြင် ကျွမ်းကျင်တဲ့ ဆရာတော်ပါဘုရား၊ စွယ်စုံကျော်ထင် အဖြေကို ကြည့်လျှင် ကျီးသဲလေးထပ်ဆရာတော်ရဲ့ ထက်မြက်စူးရှတဲ့ ဉာဏ်အစွမ်းကို အကဲခတ်နိုင်ပါတယ်၊
ဒီလိုဉာဏ်ရှိလို့လည်း ခေတ်ကာလ အခြေအနေအရ
ဒုဋ္ဌဂါမဏိပြဇာတ်ကို ချပြခဲ့ခြင်း ဖြစ်ပါတယ်ဘုရား"။

"ဟုတ်တာပေါ့ကွာ၊ ပြီးတော့, ဒို့နိုင်ငံ လွပ်လပ်ရေး ရခါစက မဟာဂန္ဓာရုံ ဆရာတော် ( အရှင်ဇနကာဘိဝံသ) က ဒုဋ္ဌဂါမဏိအကြောင်း ရေးပြီး ဆော်သြခဲ့ဖူးတယ်၊ စာအုပ်တောင် ထုတ်ထားတယ်လေ"။

"ဟုတ်ပါတယ်ဘုရား၊ ဘာသာသွေးစာအုပ်ထဲမှာ ပါပါတယ်ဘုရား၊ ဒုဋ္ဌဂါမဏိမင်းဟာ ဘာသာသွေး အားကောင်းတဲ့ မင်းဖြစ်ကြောင်း ချီးကျူးထားပါတယ်၊ မင်းကြီးရဲ့ သာသနာပြု အဓိဋ္ဌာန်ကိုလည်း အမွှမ်းတင်ထားပါတယ်ဘုရား"။

"ဒီလိုဆရာတော်ကြီးတွေဟာ ဒို့ အားလုံးအတွက် စံပြအာဇာနည် ပုဂ္ဂိုလ်ကျော်တွေပဲ၊ စာတတ်ပေတတ်, လောက ဓမ္မ နှစ်ဋ္ဌာန ကျွမ်းကျင်တော်မူကြတဲ့ ဒီလို ဆရာတော်ကြီးတွေကို အတူယူရမယ်၊ ဒါကြောင့် ဒုဋ္ဌဂါမဏိအကြောင်းကို ငါ ဟောခဲ့တာ"။

"မှန်ပါဘုရား၊ ဆရာတော်ရဲ့ ဟောပြောချက်ဟာ စာပေနှင့်လည်း ကိုက်ညီ၊ ရှေးဆရာတော်များရဲ့ အယူအဆ (အာစရိယဝါဒ) နှင့်လည်း ကိုက်ညီတဲ့အတွက် လူပညာရှိ, ရဟန်းပညာရှိများက ထောက်ခံကြခြင်း ဖြစ်ပါတယ်ဘုရား"။

"ဘယ်အကြောင်းအရာ မဆို၊ ဓမ္မဓိဋ္ဌာန်ကျကျ ဟောမယ်ဆိုရင် လက်မခံနိုင်စရာ မရှိပါဘူး၊ ဒို့ကတော့ စာပေအရှိကို ပြည်သူတွေ သိအောင် ဟောရမှာပဲ၊  ကဲ ... ဟုတ်ပြီကွာ၊ ဒါပဲ, ငါ့တပည့်ရေ"။

"မှန်ပါဘုရား၊ တပည့်တော် ဆရာတော်ရဲ့ ခြေတော်အစုံကို ဦးခိုက်လိုက်ပါတယ်ဘုရား"။

စာနှင့် ညီပါသလား
-----------------

ဘုရင် ဒုဋ္ဌဂါမဏိသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀- ကျော်က သီရိလင်္ကာနိုင်ငံတွင် ဘုန်းမီးနေလ တောက်ခဲ့သော ဘုရင် ဖြစ်သည်။

သီတဂူဆရာတော်သည် ဘုရင်ဒုဋ္ဌဂါမဏိ၏ ရာဇဝင်ကို ကိုယ့်အယူအဆ ( အတ္တနောမတိ) ဖြင့် ဟောထားခြင်း မဟုတ်ပါ။ ထိုရာဇဝင်ကို အတိအကျ မှတ်တမ်းတင်ထားသော
'မဟာဝံသ' မှာ ပါရှိသည့်အတိုင်း ဟောကြားထားခြင်း ဖြစ်သည်။

ဘုရင်ဒုဋ္ဌဂါမဏိ အဓိဋ္ဌာန်
----------------

ရဇ္ဇသုခါယ ဝါယာမော၊
နာယံ မမ ကဒါစိပိ။
သမ္ဗုဒ္ဓသာသနေဿဝ၊
ဌပနာယ အယံ မမ။

ငါ့တွက်များမြောက်, ချမ်းသာရောက်ဖို့၊ ခုလောက်ကြိုးကုတ်, အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ, သာသနာ၏၊
ရှည်ကြာအဓွန့်, ရောင်လျှံကွန့်ဖို့၊
စွန့်စွန့်စားစား, ငါကြိုးစားသည်၊
စိတ်ထား ငါ့မှာ အမြဲတည်း။

အမေးနှင့် အဖြေ
----------------

• ကထံ နု ဘန္တေ အဿာသော၊
မမ ဟေဿတိ ယေန မေ။
အက္ခောဘိဏိမဟာသေန၊
ဃာတော ကာရာပိတော ဣတိ။

ဘုရင်ဒုဋ္ဌဂါမဏိ။   ။ "အရှင်မြတ်တို့ ဘုရား တပည့်တော်ဟာ သာသနာ့ရန်စွယ် ကျေးကုလားတွေကို ချေမှုန်း ခဲ့ပါတယ်ဘုရား၊ ဒါကြောင့် စိတ်မကောင်း ဖြစ်နေပါတယ်ဘုရား"။

• သဂ္ဂမဂ္ဂန္တရာယော စ၊
နတ္ထိ တေ တေန ကမ္မုနာ။
ဒိယဍ္ဎ မနုဇာ စေတ္ထ၊
ဃာတိတာ မနုဇာဓိပ။

• သရဏေသု ဌိတော ဧကော၊ ပဉ္စသီလေပိ စာပရော။
မိစ္ဆာဒိဋ္ဌိ စ ဒုဿီလော၊
သေသာ ပသုသမာ မတာ။

ရဟန္တာ အရှင်မြတ်များ။   ။ " မင်းကြီး စစ်တိုက်ရင်းနဲ့  မိစ္ဆာဒိဋ္ဌိ ကျေးကုလား တွေကို မင်းကြီးက ချေမှုန်းတယ် ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ စိတ်မကောင်း ဖြစ်စရာ မလိုပါ"။

"ဘာကြောင့်လဲဆိုရင် ကျေးကုလား တွေဟာ ဘုရားဖျက်တယ်, ဘုန်းကြီးသတ်တယ် (မိစ္ဆာဒိဋ္ဌိ, ဒုဿီလ)၊ ဒါကြောင့် ဘာအသိမှ မရှိတဲ့ လူ့တိရစ္ဆာန်တွေပဲ (ပသုသမာ) "။

"ကုသိုလ် အကုသိုလ် ခွဲခြားနားလည်ပြီး ကိုယ်ချင်းစာတရား ရှိမှ လူပီသတယ်၊ မင်းကြီး ချေမှုန်းလိုက်တဲ့ ရန်သူထဲမှာ

သရဏေသု ဌိတော ဧကော -
ကုသိုလ် အကုသိုလ် ခွဲခြားနားလည် သူရယ် (တစ်ပိုင်း)၊

ပဉ္စသီလေသု စာပရော - ကုသိုလ် အကုသိုလ် ခွဲခြားနားလည်ပြီး ကိုယ်ချင်းစာတရား ရှိသူရယ် (တစ်ယောက်)၊ ဒါပဲ ပါတယ်၊ ဒီတော့
လူပီသသူဆိုလို့ တစ်ယောက်တစ်ပိုင်းပဲ ပါပါတယ်"။

(ကိုယ့်အိမ် မီး လာရှို့သူကို ချေမှုန်း သုတ်သင်ခြင်းဟာ  ရန်သူကို သတ်လို၍ မဟုတ်၊ အိမ်တွင်းရှိ မိသားစုကို သနားသောကြောင့် ဖြစ်၏၊ ထိုနည်းတူစွာ)

"မင်းကြီး တိုင်းပြည်နှင့် သာသနာကို ရန်ပြုနေသည့် အကြမ်းဖက်သမား များကို ချေမှုန်း သုတ်သင်ခြင်းဟာ ရဟန်းရှင်လူများကို သနားသောကြောင့် ဖြစ်ရကား မင်းကြီးအတွက် နတ်ပြည်ခရီးကို မတားဆီးနိုင်သလို မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း မတားဆီးနိုင်ပါ"။

(ဘုရင်ဒုဋ္ဌဂါမဏိသည် နတ်ရွာစံ ကံကုန်သောအခါ တုသိတာ နတ်ပြည်သို့ ရောက်ရှိသွားလေသည်။)

(မဟာဝံသ၊ ပဉ္စဝီသတိမ ပရိစ္ဆေဒ၊ ဒုဋ္ဌဂါမဏိဝိဇယ)။

--------------

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

(၁၇- ၁၁- ၂၀၁၇)

Tuesday, November 21, 2017

Get- အသုံး

Get- အသုံး
▄▄▄▄▄
Get a job အလုပ်ရသည်
Get a shock ဓာတ်လိုက်ခံရသည်
Get angry စိတ်တိုလာသည်
Get divorced ကွဲရှင်းပြတ်စဲသည်
Get drunk အရက်မူးသည်
Get frightened ကြောက်သည်
Get home အိမ်ပြန်ရောက်သည်
Get lost လမ်းပျောက်သည်
Get married အိမ်ထောင်ပြုသည်
Get nowhere ဘယ်မှ မရောက်
Get permission ခွင့်ရသည်
Get pregnant ကိုယ်ဝန်ရသည်
Get ready အဆင်သင့်ဖြစ်သည်
Get started စတင်သည်
Get the impression အထင်ကြီးခံရသည်
Get the message မက်ဆေ့ဂ်ျစာရသည်
Get the sack အလုပ်ဖြုတ်ခံရသည်
Get upset စိတ်ထိခိုက်သည်
Get wet စိုရွဲသည်
Get worried စိုးရိမ်သည်

Get အသုံး-၂
▄▄▄▄▄▄▄▄
1. get = ရသည် ၊ ယူသည် ၊ ရောက်သည်။
2. get along with = လိုက်ပါသည် ၊ အဆင်ပြေသည်။
3. get along = လုပ်ဆောင်နိုင်သည်။
4. get around = ပျံ့နှံ့သည် ။
5. get away with = ယူပြေးသည်။
6. get at = လာဘ်ထိုးသည်။
7. get back = ပြန်လာသည်။
8. get down = ဆင်းသည်။
9. get in = အထဲသို့ဝင်သည်။
10. get in the way = ဟန့်တားသည်။
11. get into trouble = ဒုက္ခရောက်သည်။
12. get off = ယဉ်ရထားပေါ်မှ ဆင်းသည်။
13. get on =ကြီးပွားသည် ၊ တိုးတက်သည်။
14. get out of = ထွက်သွားသည် ။
15. get over = ကျော်လွန်သည်။
16. get to = ဆိုက်ရောက်သည် ။
17. get together = သဘောတူသည် ၊ ညှိနှိုင်းသည်။
18. get together with = တွေ့ဆုံသည် ၊ ပူးပေါင်းသည်။
19. get through = အောင်မြင်သည် ၊ ပြီးစီးသည်။
20. get up = အိပ်ယာမှထသည် ။ မတ်တပ်ရပ်သည်။
21. He gets the first prize in the class.
သူ အတန်းထဲမှာ ပထမဆုရတယ်။
22. They will get there in time.
သူတို့ အဲ့ဒီကို အချိန်မီရောက်ပါလိမ့်မယ်။
23. If you work hard, you will get along in this job.
မင်းကြိုးစားရင် ဒီအလုပ်ကို လုပ်နိုင်ပါလိမ့်မယ်။
24. She will get along with me abroad.
သူမ ကျွန်တော်နဲ့အတူ နိုင်ငံခြားကို လိုက်လိမ့်မယ်။
25. The thief got away with my purse.
သူခိုးသည် ကျွန်တော့် ပိုက်ဆံအိပ်ကို ယူပြေးသည်။
26. Nothing gets around faster than bad news.
မကောင်းတဲ့သတင်းလောက် ပျံ့နှံ့လွယ်တာမရှိ။
27. His friends got at the judge.
သူ့ သူငယ်ချင်းတွေက တရားသူကြီးကို လာဘ်ထိုးကြတယ်။
28. When did you get back from work?
မင်း အလုပ်က ဘယ်အချိန်ပြန်လာမှာလဲ။
29. He gets down from a tree.
သူ သစ်ပင်ပေါ်က ဆင်းလာတယ်။
30. The man got in the car and drove away.
လူကြီးသည် ကားပေါ်တက်ပြီး မောင်းထွက်သွားသည်။
31. He won't let anything get in his way.
သူသည် သူ့ကို နှောက်ယှက်ဟန့်တားမည့် အရာမှန်သမျှ ဘာကိုမှ ခွင့်ပြုလိမ့်မည်မဟုတ်ပါ။
32. They are going to get you into trouble.
သူတို့ မင်းကို ဒုက္ခရောက်အောင် လုပ်ကြလိမ့်မယ်။
33. I am getting off at the next bus-stop.
ကျွန်တော် ရှေ့မှတ်တိုင်မှာ ဆင်းတော့မယ်။
34. He is sure to get on in his life.
သူ့ဘ၀မှာ အောင်မြင်ကြီးပွားမှာ သေချာတယ်။
35. We got out of the cinema at 12:30.
ကျွန်တော်တို့ ၁၂ နာရီခွဲမှာ ရုပ်ရှင်ရုံထဲက ထွက်ခဲ့ကြတယ်။
36. He will soon get over his illness.
သူ မကြာခင် ပြန်နေကောင်းလာမှာပါ။
37. When did they get to Yangon?
သူတို့ ရန်ကုန်ကို ဘယ်အချိန်ရောက်ကြသလဲ။
38. We get together to set up a business.
ကျွန်တော်တို့ စီးပွားရေးအလုပ်တစ်ခု တည်ထောင်ဖို့ သဘောတူလိုက်ကြတယ်။
39. Let's get together with Su Su and study for the test.
ငါတို့ စုစုနဲ့ တွဲပြီး စာမေးပွဲအတွက် စာကျက်ကြစို့။
40. He failed in the exam but he got through at last.
သူ စာမေးပွဲကျပေမယ့် နောက်ဆုံးအောင်အောင် လုပ်နိုင်ခဲ့တယ်။
41. When did you get up this morning?
မင်း မနက်က ဘယ်အချိန်အိပ်ယာထသလဲ။

https://www.facebook.com/shweaeimsidictionary/
#shweaeimsidictoonary

Wake up & Get up

Wake up & Get up
▄▄▄▄▄▄▄▄▄▄▄
(မှားတတ်တဲ့ သတိထားသင့်တာလေးတွေ)
Wake up ဆိုတာက အိပ်ရာက နိုးချိန်
Get upဆိုတာက အိပ်ရာက ထချိန်.

Wake up ဆိုတာက အိပ်ရာက နိုးချိန်
မျက်လုံးဖွင့် ဖွင့်ချင်းပဲပေါ့ ဒါပေမယ့် မထသေး
(I wake up at 7 o'clock
ကျွန်တော် ၇နာရီမှာ နိုးသည်..)
Get upဆိုတာက အိပ်ရာက ထချိန်.
အိပ်ရာခင်းတွေကို ခေါက်ပြီး.ထချိန်ပေါ့
(I get up at 7 o'clock
ကျွန်တော် ၇နာရီမှာ အိပ်ရာက ထသည်)

အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

အာဒိတိပိဋကဓရ-လောင်းလျှာရှင်၏ရဟန်းခံပွဲ

အာဒိတိပိဋကဓရ-လောင်းလျှာရှင်၏ရဟန်းခံပွဲ
===============================
{၁၂▪၉▪၂၀၁၇}

ပိဋကတ်သုံးပုံ မဟာအဓိကရ
ပါဠိ အဋ္ဌကထာ့ ဋီကာအစုံ။

ရှာကြည့်လှပ ကြည်သာခုံမင်
မှီရာတစ်ဖုံပင် နိဿယများ။

ကျမ်းစာစုံထည့် ဗီယိုမကွာ
ကြည်ညိုစရာ ဆရာတော်ဘုရား။

မင်းကွန်းထေရ်မြတ် ရဟန်းခံသဘင်
ကျမ်းဂန်အစဉ် စုံလင်များ။

ဆန်းဉာဏ်အရှင် ခုံမင်ပွားဖို့
ဂုဏ်အင်များတဲ့ ပစ္စည်းတွေ။

ဆာဦးသွင်ခေါ် ရဟန်းဒကာကြီးက
လန်းသဒ္ဓါမငြီး ဖြည့်ဆည်းလှူဒါန်းပေ။

မန်းမြို့ထင်ရှား စာပေအကျော်မော်
မဟာထေရ်ဆရာတော် အရှင်ကောင်းတို့က။

အစဉ်ပေါင်းလို့ကြွ ခရီးရောက်မှန်အောင်ရာ
ချီးမြောက်ကံဆောင်ကာ။

အာဒိ-တိပိဋကဓရ လောင်းလျှာကျော်ရှင်
ကောင်းရာပေါ်လွင် ရဟန်းခံပွဲသို့ လေး။

မှတ်ချက်။ ။ မင်းကွန်းဆရာတော်ကြီး၏ ဂုဏပူဇာစာစောင်ကို မှီငြမ်း၍
အာဒိ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးနှင့်
ပိဋက ပါဠိ အဋ္ဌကထာ ဋီကာပါဠိကျမ်းစာအုပ်များနှင့်
မှီရာနိဿယကျမ်းစာအုပ်များကို အစုံလိုက်
ထည့်စရာ စာအုပ်ဗီယိုနှင့်တကွ လှူဒါန်းသော ရဟန်းဒကာကြီး သူဌေးကြီးဆာဦးသွင်တို့အား
လေးစား အလေးထား ရေးသားပူဇော်ပါသည်။

အရှင်သုမန{ကန့်ဘလူ}

Online မှ သင်ကြားပေးမယ့် အခြေခံ မိုဘိုင်းဖုန်းပြုပြင်ခြင်း

Online မှ သင်ကြားပေးမယ့် အခြေခံ မိုဘိုင်းဖုန်းပြုပြင်ခြင်း
Software Online Training သင်တန်း အပတ်စဉ် - ၃
(3.12.2017 to 3.2.2018) ( 2 Months)

Software Online Training - Basic Group
***  အာမခံ အတတ်သင်ကြားပေးခြင်းစနစ်ဖြင့် ***

အပတ်စဉ် ၁ မှ သင်တန်းသားများရဲ့ မှတ်ချက်များကို
လေ့လာလိုပါက - https://goo.gl/3A244a

အပတ်စဉ် ၂ မှ သင်တန်းသားများရဲ့ မှတ်ချက်များကို
လေ့လာလိုပါက - https://goo.gl/hC9zUK

- လူဦးရေ ကန့်သတ် သင်ကြားပေးခြင်း စနစ် /
- သင်တန်းပြီးဆုံးပါက Certificate ပေးခြင်း စနစ် /
- Firmware Brand အစုံ 2000 GB ပေးခြင်း စနစ် /
- သင်တန်းမှာ သင်ကြားသလို Video ဖြင့်လက်တွေ့
  သင်ကြားပေးခြင်းစနစ်
- Group မှသင်ပေးခြင်း ဖြစ်သည့်အတွက် မိမိ
  အဆင်ပြေသည့် အချိန်မှသာ လေ့လာနိုင်ခြင်းစနစ် ./
- အချိန် ကန့်သတ်ချက် မရှိခြင်း စနစ်.။
- နားမလည် မခြင်း ပြန်မေးနိုင်သည့် စနစ် . /
- အချိန် ၂ လ လုံး လေ့လာနိုင်မည့် စနစ် . /

+30000 ဖြင့် ထပ်မံရရှိမည့် Firmware Data များကို
လေ့လာလိုပါက ဒီကနေ ၀င်လေ့လာနိုင်ပါတယ် -
https://my.pcloud.com/publink/show?code=XZu4407ZXG3Mq9PePfY9PUL9eV9wfbPaJP27

သင်တန်းပြီးဆုံးသွားရင် Certificate ပါပေးအပ်သွားမယ့်
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Mobile Basic Online Trainng ၂ လတာ အခြေခံ မိုဘိုင်းဖုန်းပြုပြင်နည်း
သင်တန်း လေးပါ.

ဒီလို သင်တန်း မျိုး ဘယ်သူတွေ
တက်သင့်လဲ ? ဘာကြောင့်တက်သင့် ?
ဘယ်လို Support ပေးမလဲ? ဘယ်လို အာမခံချက် နဲ့?

Mobile Software သင်တန်းတစ်ခါမှ မတက်ဖူးဘဲ
Service လုပ်နေကြတဲ့ ညီအကိုတွေ နဲ့ သင်တန်းတက်ပြီး
Update ဖြစ်လာတဲ့ အခြေခံ သဘောတရားလေးတွေ
မသိလိုက်တာတွေ. ပြီးတော့ ဖုန်းတစ်လုံးကို
Level တစ်ခုထိ ပြင်နိုင်တယ် Service လုပ်နိုင်ပေမယ့် အခြေခံနားမလည်ထားတဲ့ ညီအကိုတွေ တက်သင့်ပါတယ်. ဘာကြောင့်လဲ . ရိုးရိုးလေးပါ.
*ဒီလိုဖြစ်ရင် ဒီလိုလုပ်ရတယ်ဆိုတာ သိပေမယ့် .
ဘာကြောင့် ဒီလိုလုပ်ရင် ကောင်းသွားတယ်ဆိုတာ
တော်တော်များများ မသိကြပါဘူး**

ဒီလိုအခြေခံကျကျ အချက်လေးတွေကို ပိုင်ပိုင်နိုင်နိုင်သိစေဖို့
အတွက် ညီအကိုတို့ရဲ့ အားလပ်အချိန်လေးကနေ တဆင့်
Online ကနေ လေ့လာနိုင်မယ့် Mobile Software
Online Training - Basic ကို တက်သင့်ပါတယ်.

ကျနော့်ရဲ့ အခြေခံသင်ကြားပေးမယ့် Online Groupထဲမှာ
ညီအကိုတို့အတွက် Video Tutorial လေးတွေနဲ့
သင်ကြားပေးမှာဖြစ်ပြီး သင်ခန်းစာတွေကိုလည်း
C1/C2/C3/..ဆိုပြီး Android သင်ခန်းစာများဖြစ်သော
မိုဘိုင်းဖုန်းမျိုးစုံကို Official Firmware တင်နည်း/
Official Firmware တင်လို့မရတဲ့ ဖုန်းများ CPU
အလိုက်ခွဲပြီး UnOfficial Firmware တင်နည်း/
Android Ver 4.0 မှ 7.0 ထိ Root ဖောက်နည်း /
Root လုပ်ပြီး မြန်မာစာသွင်းနည်း/
Root မလုပ်ပဲ မြန်မာဖောင့်သွင်းနည်း/
Firmware Backup ထုတ်နည်း/
Pattern,Password Lock ဖြည်နည်း/
Bootloader Unlock လုပ်နည်း/
FRP Lock ဖြည်နည်းတွေအပြင်
ခေတ်စားနေတဲ့ MI Account Lock ဖြည်နည်း။

IOS  သင်ခန်းစာတွေအတွက် မည်သည့် Iphone မဆို
Firmware တင်နည်း ။ Apple ID ဖွင့်နည်း ။
Jailbreak မလုပ်ပဲ မြန်မာဖောင့် သွင်းနည်း ။
Iphone Software များ ဖုန်းဖြင့် Download ဆွဲနည်း /
Computor မှ ဒေါင်းလုပ်ဆွဲနည်း စတဲ့ သင်ခန်းစာသာမက

Firmware File တွေ Root ဖိုင်တွေTWRP တွေ
Software တွေ Online ကနေ ကိုယ်တိုယ်ရှာဖွေနည်းတွေ
ကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာပါ. သင်ခန်းစာများကို
တတ်ကျွမ်းသည်အထိ သင်ကြားပေးပါသည်။

သင်ခန်းစာ တစ်ခု မှာလည်း သင်ခန်းစာအတွက် လိုအပ်မယ့်
Tool တွေ Driver တွေ File တွေကိုလည်း Supporting
ပေးသွားမှာဖြစ်ပြီး 1 Click Download Link တွေနဲ့
သင်ကြားပေးသွားမှာပါ. လိုင်းမကောင်းလို့ Video တိုက်ရိုက်
မကြည့်နိုင်တဲ့သူတွေအတွက်. Video ကို Download
ဆွဲနိုင်အောင် Link ပါ တစ်ခါတည်း ချပေးထားမှာပါ.

နောက်ပြီး ညီအကိုတို့ကိုသင်ကြားပေးမယ့် ကျနော့်ရဲ့
Online Training လေးထဲမှာ ကျနော်သင်ကြားပေးမယ့်
သင်ခန်းစာနဲ့ ပတ်သက်ပြီး နားမလည်မချင်း
ပြန်မေးနိုင်ခွင့်ရှိပါတယ် လုံးဝကို အတတ်သင်ပါ.
နားမလည်ရင် မလည်တဲ့အပိုင်းကို ပုံနဲ့တကွ တင်မေးပါ.
အပြင်မှာသင်သလို လုံးဝကို တတ်မြောက်စေရပါမယ်.

သင်တန်းကာလ     - ၂ လ ( 60 Days)
သင်တန်းအချိန်      - တစ်ရက် ၂ နာရီ ခန့်
သင်တန်းကြေး       - ၃၀၀၀၀ ကျပ်.
သင်တန်းစမည့်ရက် - 3.12.2017
(ယခု အပတ်စဉ် ၃ ကို အကြောင်းအမျိုးအမျိုးကြောင့်
မတက်ဖြစ်လိုက်တဲ့သူတွေအတွက် အပတ်စဉ် ၄ ကို
၂ လပိုင်း ၂၀၁၈  မှာ ပြန်စမှာ ဖြစ်ပါတယ်)

နောက်ဆုံး ငွေလွဲရမယ့် နေ့ကိုတော့ 30.11.2017
သတ်မှတ်ထားပါတယ် ၁၂ လပိုင်း ၃ ရက်နေ့ဆိုရင်တော့
သင်တန်းစမှာပါ

သင်တန်းပြီးဆုံးသွားပါက ပြန်လှန်သင်ကြားခြင်း /
Certificate ပေးအပ်ခြင်း / Service ညီအကိုတွေအတွက်
Service လုပ်ရာမှာ Firmware ဒေါင်းလုပ်ဆွဲရတဲ့
အခက်အခဲ မကြုံရလေအောင် အောက်ဖော်ပြပါ
Data 2TB ကိုလည်း 30000 ကျပ်ဖြင့် ရယူနိုင်ပါတယ်.
https://my.pcloud.com/publink/show?code=XZu4407ZXG3Mq9PePfY9PUL9eV9wfbPaJP27

ကဲစိတ်ပါဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့

ငွေလွဲရမယ့် Bank Account တွေကတော့ -
KBZ ATM Card Account
Min Oke Kar Kyaw
99930799930167401
.
CB ATM Card Account
Min Oke Kar Kyaw
0110600100006629
.
AYA ATM Card Account
Min Oke Kar Kyaw
0075 1190 1000 3968
.
Wave maney ဖြင့်လည်း အကောင့်ထဲ ငွေသွင်းပေးလို့
ရပါတယ်. wave maney account - 09786490196
(ငွေသွင်းခြင်းနဲ့အကောင့်ထဲ ငွေသွင်းပေးရမှာပါ။)

OK Dollar $
Account - 09786490196

အခု ကြော်ငြာ တွေ့သည့် နေ့မှ စပြီး ငွေလွဲလက်ခံနေပါပြီ။
ငွေလွဲပြေစာကိုတော့ ဒီအကောင့်ကနေ ပို့ပေးရမှာပါ.
ပြေစာကို လက်ခံရရှိမှသာ သင်ကြားမည့် Group
ထဲသို့ ထည့်သွင်းပေးမှာဖြစ်ပါတယ်။
https://www.facebook.com/mr.okekar

ထပ်မံ အသိပေးတာပါ ငွေလွဲရမယ့် နောက်ဆုံး ရက်က
၁၁ လပိုင်း ၃၀ ရက်နေ့ ဖြစ်ပြီး လူဦးရေ ၇၀ သာ သတ်မှတ်ထားပါတယ်

၁၂ လပိုင်း သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ ငွေလွဲပေးမည်ဆိုပါက အပတ်စဉ် ၃ တွင် အကျုံးမ၀င်ပါ
အပတ်စဉ် ၄ အတွက်သာ ကြိုလွဲငွေအဖြစ် သတ်မှတ်ပါမည်

Contact -
Min Oaker - 09257711112 (9 AM to 9 PM)
https://www.facebook.com/mr.okekar

#Min_Oaker
#Online_Training
#Software_Online_Training
#Mobile_Software_Basic_Online_Training
#Mobile_Software_Advance_Online_Training

သင်ကြားမယ့် Tutorial Video ပုံစံကိုတော့
ဒီအောက်က Link ကိုနှိပ်ပြီး ၀င်ရောက်လေ့လာနိုင်ပါတယ်
Toturial Video ကတော့ ကျနော် သင်ကြားမယ့်
သင်ခန်းစာတွေထဲက Root ဖောက်ရခက်တဲ့
Samsung (Version 5.1 to 6.0.1) ဖုန်းတွေ
Root ဖောက်တဲ့ သင်ခန်းစာလေးပါ။ကျန်တဲ့ သင်ခန်းစာများကိုလည်း အခုလို သင်ကြားပေးသွားမှာပါ

https://m.facebook.com/story.php?story_fbid=1617852441611350&id=983582188371715

လူ.နတ်.ဘီလူး နက္ခတ်တွက်နည်း

လူ.နတ်.ဘီလူး နက္ခတ်တွက်နည်း

-

နက္ခတ်တွက်နည်းကိုကြားဖူးနေကြမှာပါ။ လွယ်လွယ် လေးပါ မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။ ဒါပါပဲ။ ယေဘူယျ စိတ်နေစိတ်ထားပေါ့။

-

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။