ခွေးမောင်းလင်္ကာ
******
ခွေးဟောင်သံကြားနေရသော်
ခွေးသံတိက်မှ အိပ်လိုက်ပါ
********
တော်သလင်းလ, ခွေးအူကြ,ဟု
ရှေ့က,စကား, လွန်ထင်ရှား,လည်း
ခုများ,ချိန်ခါ, တို့ပြည်ရွာ,မှာ
သာယာ,မရှိ ဟောင်အားရှိ,၍
လ-ရှိ,သမျှ, အူး-ဟောင်ကြ,သည်
သူ့လ,မသိ, ခွေးအသိ,မို့
အသိ,ဉာဏ်ယှဉ်, ခွင့်လွှတ်ချင်၏။
သို့သော်ခွေးရှင်, ခွေးသခင်,ကား
ဉာဏ်မြင်,ကင်းပ, မတားကြ,၍
ခွေးက,ဂုဏ်ထင်, ဟောင်အော်ချင်,၏။
ခွေးချင်း,ပေါင်းဖော်, ခွေးဆိုးကျော်,တို့
ဟောင်အော်,အူကြ, ရူးသွက်ကြ,ကား
နေည,မခြား, သူတော်များ,ကို
ဟောင်အား,ကိုမြှင့်, ဟောင်သံလွှင့်,၍
သံလွှင့်,ဒုက္ခ, ပေးနေကြ,ကြောင့်
နိုးထ,စေရေး, ခွေးမောင်းရေး,တွက်
ထိုခွေး,မွေးရှင်, ခွေးသခင်,ကို
များရှင်,ဆန္ဒ, ထုတ်ဖော်ကြ,လိမ့်။
သူ့လ,မဟုတ်, ဟောင်သံထုတ်,သည့်
ခွေးယုတ်,ပေါင်းဖော်, ခွေးဆိုးကျော်,ကို
ရှေ့ခေါ်,မထား, ဘေးဖယ်ထား,မှ
အများ,သူငါ, တို့မြန်မာ,တို့
သာယာ, နေ့ည, အိပ်ကောင်းကြ,မည်
ခုက,စ၍ မောင်းသင့်ပြီ။
ကြောင်းကျိုးမချစ်, တဗြစ်ဗြစ်,နှင့်
ဆယ့်နှစ်,ရာသီ, ဟောင်အော်မြည်,သည့်
မိုက်ဘိ,ခွေးမျိုး, ဒီခွေးဆိုး,ကို
သူ့လို,တုလိုက်, နောက်ခွေးမိုက်,တို့
ဟောင်မိုက်,အစဉ်, မရှိချင်,က
ခုလျှင်,ကစ, မောင်းနှင်ရ,မည်
ကျိုးစ,မြင်ပြန်, ကောင်းကျိုးဟန်,ဖြင့်
ခွေးသံ,တိက်မှ, အိပ်လိုက်ပါ။
မှတ်ချက်။ ။အမဲရိုးကို မျှော်ကိုးကား ဟောင်းနေကြသော ခွေးအုပ်ကြီး၏ ဟောင်သံကို ကြားနေရ၍ သူတော်ကောင်းများ အိမ်မရမည်ကို တွေးတောမိသောကြောင့် ခွေးရှင်များနှင့် သာသနာချစ် ဒါယိကာ,ဒါယကာများ ကျောင်းနားလာဟောင်နေသော ခွေးအုပ်ကြီးကို မောင်းပေးနိုင်ရန် နှိုးဆော်သောအားဖြင့် ခွေးမောင်း လင်္ကာကို ရေးသားလိုက်ပါသည်။
တက္ကသိုလ်စာသင်သား
၎-နာရီ, ၅၀မီနစ်
10;7;2016 (တနင်္ဂနွေနေ့)
No comments:
Post a Comment