"ဝါဆိုပန်း"
~~~~~~~~~~~~~~~
လဝါဆိုဦးပေမို့
မြအလွှာ မြူးရွှေဆင့်ကာနဲ့
ဖူးဝေပွင့်ကြ တစ်ပင်လုံးမြိုင် ...။
လောကီနယ် ရုန်းထွက်မြန်းသူတို့
ပုန်းညက်ပန်းချူ ကာ ဘုရားမှာလှူ လို့
သွားလာသူတွေလည်း ခူးဆွတ်ကြ
ဦးရစ်အလှ ရှုကောင်းရာအပြိုင်
သူ့ခေါင်းမှာလည်း တစ်ခိုင်,နှစ်ခိုင်
ကိုယ့်ခေါင်းမှာလည်း တစ်ခိုင်,နှစ်ခိုင် ...။
စာပေရွာ မောင်သက်ဆွေ
(17-7-2016/12:18 PM)
No comments:
Post a Comment