Sunday, July 3, 2016

""စကားဆုံးပါစေဦး""

""စကားဆုံးပါစေဦး""

တစ်နေ့လင်ယောကျာ်းက မိန်းမကိုပြော၏။
""ငါ့မိန်းမရဲ့ အသားရေက နူးညံ့လှချေလား ""

မိန်းမကပြန်ပြောသည်။
""ဒီလိုပဲ၊ ကျွန်မ အသားအရေကို ကိုင်ဖူးတဲ့ လူတိုင်းက ပြောကြတာပဲ..""

""ဘာပြောတယ်....ဖြန်း...ဖြန်း...ဖြန်း...""
မိန်းမ၏ပါး အရိုက်ခံလိုက်ရတော့သည်။ မိန်းမက ငိုပြီး ပြောရှာသည်။

""ယောကျာ်းရယ်၊ စကားကိုလည်း ဆုံးအောင် ပြောခွင့်ပေးပါဦး.."""

""ပြောစရာ မလိုဘူးကွ။ ဘယ်ကောင်တွေက မင်းကို ကိုင်ကြ ၊တွယ်ကြတာလဲ ""

""ကျွန်မ တစ်လတစ်ကြိမ် ""ဗြူတီပါလာ"
မှာ မျက်နှာကို ပေါင်းတင်တယ်။ အဲဒီ ဆိုင်က အလှပြင်ဆရာမလေးတွေက ပြောတာပါ ..."""။

""ဟေ...!!!""။ ။

No comments:

Post a Comment