Sunday, July 3, 2016

အမေ့ထံ ဖုန်းဆက်လိုက်ပါတယ်

အမေ့ထံ ဖုန်းဆက်လိုက်ပါတယ်
အမေတစ်ယောက် အမောပပြေပေမဲ့
အမေပျော်ပါတယ်တဲ့
**************
အမေရေ
အမေ့သား တက္ကသိုလ်စာသင်သား
ညံ့ဖျင်းချက်ကတော့
ကျမ်းပြီး ၁၄၀၀ကျော် အောင်တာတောင်
သား မပါဘူးလို့ ပြောလိုက်တော့

အမေက
အားပေးစကား ပြောပေးပါတယ်။

လုပ်နေရင် ရဖို့မဝေးဘူး
လမ်းကြောင်းမပျောက်ရင် ပန်းတိုင်ရောက်မှာပါ
စိတ်ဓာတ်ကျနေပြီလားတဲ့

မကျပါဘူး အမေးဆိုတော့

အမေက ထပ်ပြောတယ်။

စိတ်ဓာတ်မကျတာ
အကောင်းဆုံး အင်အားပဲ သား

ဒါပေမဲ့  
ပြိုင်ပွဲဝင်တယ်ဆိုတာ
အရင်ရောက်သည်ဖြစ်စေ
နောက်ကျသည်ဖြစ်စေ
ပန်းတိုင်ရောက်အောင်တော့
အရောက်သွားလိုက်နော်တဲ့။

အမောပပြေပေမဲ့
သားဖုန်းဆက်လို့
အမေပျော်ပါတယ်တဲ့

အမေဘယ်တက္ကသိုလ်မှ
မတက်ခဲ့ရပေမဲ့
တက္ကသိုလ်စာသင်သားကို
အသိအလိမ္မာ အတွေးအခေါ်ပညာတွေ
သင်ပေးတတ်ပါတယ်။

အော်
အမေးလည်း
တက္ကသိုလ်စာသင်သားတစ်ပါးကို
နည်းပေးလမ်းပြဆုံးမဖို့
ကောက်စိုက်ရင်း ထမင်းချက်ရင်းနဲ့
ကလောင်တံ မကိုင်အားပေမဲ့
နှလုံးသားမှာ ဓမ္မသံစဉ်တွေကို
ဘာသာပြန်နေတာ
ဘာသာပြန်စွမ်းရည်တွေတောင်
အတော်ထက်နေပါလား။

(တက္ကသိုလ်စာသင်သား၏ အမေ့ထံဖုန်းဆက်ပြီးအမှတ်တရ)
3:7:2016 တနင်္ဂနွေနေ့

No comments:

Post a Comment