Sunday, July 3, 2016

စာမေးပွဲကျလို့..... လူထွက်မှာလား၊ ထက်စိန်ခေါ်မှာလား၊ ငိုမှာလား.....

...စာမေးပွဲကျလို့.....
လူထွက်မှာလား၊ ထက်စိန်ခေါ်မှာလား၊ ငိုမှာလား.....

မင်းကွန်းဆရာတော်သည် ငယ်စဉ်က ပထမကျော်
အောင်ပြီးဖြစ်၍ သကျသီဟစာမေးပွဲကိုလည်း ပြဌာန်း
စာသိပ်မကွာလို့ အလွယ်တကူနှစ်ချင်းပေါက်အောင်
မည်ဟုထင်နေ၏။ တကယ်ဖြေသည့်အခါ ကျသွား၏။
ဆရာတော်လောင်းသည် ဝမ်းမနည်း နောက်နှစ် ပထမ
ရရမည်ဟုအားခဲလျှက် စာမေးပွဲကျင်းပသောလူကြီးများ
ကိုလည်း ဦးဇင်း ပထမကျော်အောင်ပြီးသား ဒကာကြီး
တို့အသင်းစာမေပွဲ ဒီနှစ်ဝင်ဖြေတာကျတယ် ဦဇင်း ဝမ်း
မနည်းပါဘူး နောက်နှစ်ပထမရရမည်လို့ စိန်ခေါ်လိုက်
သည်။နောက်နှစ်ဆက်ဖြေသည် စိန်ခေါ်သည့်အတိုင်း ပထမဖြင့်အောင်ခဲ့ပါသည်။.....

နောင်အခါဆရာတော်ကြီး ဖြစ်လာမည့် မောင်ဌေးလွင်
ဟူသောအသက်ငယ်ငယ်ကျောင်းသားလေးတစ်ယောက်ရှိပါသည်။ပထမပြန်စာမေးပွဲများ စတင်ကျင်းပသော
အချိန်ဖြစ်၍ လူတိုင်းစိတ်ဝင်းစားကြ၏။ မောင်းဌေးလွင်
သည် ပထမငယ်တန်းပြဋ္ဌာန်းစာတင်မက ပထမလတ်၊
ပထမကြီးစာများလည်း ရပြီး၊တက်ပြီးဖြစ်သောအခါ စာမေးပွဲဖြေချင်၍ စာချဆရာတော်ထံခွင့်တောင်း၏။
မောင်ဋ္ဌေးလွင်သည် ဝင်ရောက်ဖြေလျှင် မုချအောင်
မည်ဟုထင်ထား၏။ စာချဆရာတော်ကလည်း ဝင့်ခွင့်
ပေးပြီး အောင်မည်ဟုထင်ထား၏။အောင်ဂေဇတ်ထွက်
သောအခါကျသွား၏။ မောင်ဋ္ဌေးလွင်သည် အသက်အရွ
ယ်ငယ်သေးသဖြင့် စာမေးပွဲကျသောဒဏ်မခံနိုင်သော
ကြောင့် ငိုလိုက်တာ တစ်ရက်မက နှစ်ရက်မက သော
ကတွေမဖြေနိုင် ဖြစ်ခဲ့ရသည်။နောင်ကြီးလာသောအခါ
မောင်းဋ္ဌေးလွင်သည် မဟာဂန္ဓာရုံဆရာတော် အရှင်ဇန
ကဘိဝံသဖြစ်လာခဲ့ပါသည်။......

မင်းကွန်းဆရာတော်ကြီးက ငယ်ငယ်ကစာမေးပွဲလို့
စိန်ခေါ်ဖြေတယ်၊မဟာဂန္ဓာရုံဆရာတော်က ငယ်ငယ်
ကစာမေးပွဲကျလို့ ငိုတယ်၊ယခုခေတ် မိမိတွေ့ဖူးသော
ပတ်ဝန်းကျင်မှာတော့ အချို့လည်းလူထွက်ကြတယ်
မိမိလည်း စာမေးပွဲဝင်စာသင်သားတစ်ပါးပင်ဖြစ်သော
ကြောင့် အောင်မြင်သောသူများအတွက်ဝမ်းသာသလို၊
ကျသောသူများအတွက်လည်း ဖြေသိပ်စရာလေးရဖို့
မှတ်သားဖူးတာလေးမျှဝေခြင်းဖြစ်ပါသည်။

အလွဲနှင့်အတွေ့အကြုံများကို သင်ခန်းစာယူပြီး
အောင်မြင်ကြပါစေ......

No comments:

Post a Comment