မောင်
နှလုံးသားမှာ
ဒဏ်ရာများနဲ့
အနာတရ
ရှိခဲ့ရလည်း
မောင်ရှိလေရာ
ဟိုးး
အဝေးကိုမှန်း
လွမ်းစိတ်ကိုဖြေ
ပြေနိုင်သော်ငြား
ထင်ယောင်မှားလည်း
တကယ်တမ်းတ
လွမ်းရတဲ့ခါ
ရင်မှဖြစ်လာ
ဝေဒနာကို
မြိုသိပ်ခံစား
အလွမ်းများနဲ့
တိတ်တိတ်လေးပဲ
ချစ်စိတ်ဖြေလို့
ဆုတောင်းသစ္စာ
ပြုမိပါတယ်
ရင်မှဖြစ်လာ
ဤမေတ္တာသည်
ဖြူစင်သန့်ရှင်း
အပြစ်ကင်းလို့
အချစ်စစ်သာ
မှန်ခဲ့ပါလျင်
သံသရာဆက်
သက်ရှိခဲ့သော်
ချစ်သောသူကို
ဆုံးရှုံးခြင်းမှ
ကင်းဝေးပါစေ သားးး
ပန်းနုရောင်
No comments:
Post a Comment