မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးရေးသားပြုစုတော်မူသည့် မဟာဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်ပေါ်လာပုံ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဆရာတော် ဝိနယဓယ ဖြစ်ပြီးချိန် ၁၃၁၃--ခုနှစ်လောက်က နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဗုဒ္ဓဝင်ကျမ်းပြုဖို့ လျောက်ထားဖူးပါသည်။
တိပိဋကဓရစာမေးပွဲ အကြောင်းပြ၍ ငြင်းပယ်ခဲ့ပါသည်။(၁၃၁၆)ခုနှစ် ထပ်မှန်လျောက်ထားရာတွင်လည်း "ပါဠိတော် သံဂါယနာ တင်ပြီးချိနိထိ ဆိုင်းငံ့ပါအုံး"ရွှေဆိုင်လိုက်ပြန်သည်။ ပါဠိတော်သံဂါယနာတင်ပြီး လျေက်ထားရာတွင်ကတိသုံးချက်တောင်း၍ လက်ခံလိုက်သည်။ ကတိသုံးချက်မှာ
(1) စေတနာဝန်ထမ်းအဖြစ်သာ ဆောင်ရွက်ရလျှင်လည်းကောင်း
(2)ရုံးကိစ္စအဝဝ ဘုန်းကြီးနှင့် မပတ်သတ်လျင်လည်းကောင်း။
(3)မိမိတတ်စွမ်းသမျှ စာပေကိစ္စတွင်သာ ဦးစီးဆောင်ရွက်ခွင့် ရလျှင်သော်လည်းကောင်း၊ ရေးသားပါမည်ဟု ဝန်ခံလိုက်သည်။
ဝန်ကြီးချုပ်ကလည်းဆရာတော်ဆန္ဒအတိုင်းသာ ဖြစ်ပါစေမည်ဘုရားဟု လျောက်ထားလိုက်သည်။
ဆရာတော်သည် မဟာဗုဒ္ဓဝင်ကျမ်းကြီးပြုစုရာတွင် သမိုင်းဝင်ဖြစ်အောင် ကျောင်းဒကာကြီး ဦးမြို့ ±ဒေါ်ဆင်ဆင်တို့က ဗုဒ္ဓဂင်ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒါန်းပါသည်။ ရေချိုးခန်း ကျမ်းမာရေးကုဋီပါတွဲ၍ဆောက်လုပ်လှူဒါန်သည်။ ဗုဒ္ဓဝင် ကျမ်းပြုစုနိုင်ရန် စားပွဲ ကုလားထိုင် စသည့် အပြည့်အစုံ စီစဉ်ပေးသည်။ဆရာတော်သည် ထိုကျောင်းပေါ်၌ ဗုဒ္ဓဝင်ကျမ်း စတင်င်ပြုစုသည်။နောင်အခါ ဓမနာဒ တိုက်အတွင်း လူများရောပြွန်သဖြင့် ဆရာကြီး ဒေါ်ဓမ္မစာရီတို့ထေိုင်ရာ ရန်ကုန် အိမ်ကြီးချောင်အတွင်းရှိ စာပျက်စဉ်က အသုံးပြုခဲ့သော ကျိုတ်လပ် ဇရပ်ကြီးပေါ်မှာ သွား၍ပြုစုသည်။ အရေးမကြီးသော သာမာန်ကိစ္စဖြင့် လာသူများကို ကျမ်းပြုချိန်တွင် မတွေ့ရအောင် တပည့်များက အလိုက်တသိစီစဉ်ပေးသည်။
ဆရာတော်သည် ဗုဒ္ဓဝင်ပြုစုရာတွင် ဆိုင်ရာပါဠိတော်၊ အဠကထာ ဋီကာများကို ကြည့်၍ တစ်ခါနည်းလက်နှိပ်စက်ဖြင့် ရိုက်၍ ပြုစုပါသည်။ မူကျမ်း မူချော နှစ်မျိုးမရှိပါ။ကော်မာ၊ သန္ဓိစပ်၊တစ်ချောင်းပိုဒ်၊ နှစ်ချောင်ပိုဒ်၊ စသည်စနစ်တကျ သေသေသပ်သပ် ရိုက်နှိပ် ပြုစုတော်မူပါသည်။ ပါဠိတော်၊ အဠကထာ၊ ဋီကာများကိုအရှိအတိုင်းကိုသာ ညက်ညက်ညောညော ဖြစ်အောင် မြန်မာပြန်ဆိုရေးသားပါသည်။ဆွဲ၍ ဘာသာမပြန်ပါ။တစ်ခါက ဆရာတော်မိန့်ဖူးသည် " တပည့်တော် စကားဆိုလျင် ရှင်လူများက အခိုင်အမာ မှတ်သားတတ်တော့ စာမရှိတဲ့ တရားမျိုးကို မဟောရဲဘူး။ စာအရှိအတိုင်းသာ ဟောတယ် စာပေမရှိတဲ့ အရေးအသား မျိုးကို မရေးရဲဘူး စာပေအရှိအတိုင်းသာ ရေးတယ်" ဟူ၍ မိန့်ဖူးပါသည်။
ဆဌသံဂါယနာ ဖွားဖက်တော် တစ်ပါးဖြစ်၍ ဗုဒ္ဓဝင်ကျမ်းကြီးကို အတွဲပေါင်း ခြောက်တွဲ ခွဲခြားရေးသည်။ ထိုကျမ်းတွင်ပါဝင်သောစာများမှာ နိဗ္ဗာန်ရောက်ကြောင်း ၊မဂ္ဂရှစ်ပါး ၊တရားလမ်းစဉ်များဖြစ်၍ အုပ်ရေ ရှစ်အုပ်ရေးသားသည်။ လေးဆယ်ငါးဝါပတ်လုံး ဘုရားရှင်ကိုယ်တော်မြတ် မနေမနားသတ္တဝါတို့ အကျိုးစီပွား ဆောင်ရွက်တော်မူသည်ကို အားကျကြည်ညိုလှ၍ အခန်းပေါင်း လေးဆယ်ငါးခန်းရေးသားသည်။ စာအုပ်ပြီးစီးချိန်မှာ စာပေဝေဖန်ရေး ဆရာတို့က " အခိုင်အမာ အကိုးအကားခံ စာအုပ်ကြီးတစ်ဆူဖြစ်သည် " ဟူ၍ လည်းကောင်း " ရေးသားပုံမှာ ယဉ်သည်.သန့်သည် ခန့်သည် ညက်ညောသည် "ဟူ၍ လည်းကောင်း ချီးကျူးကြပါသည်။ ယနေ့အထိ အကြိမ်ပေါင်းများစွာ ရိုက်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်များအား အလင်းရောင်ပေးနိုင်သည့် ကျမ်းကြီးတစ်ဆူဖြစ်ပါသည်။
🌝အမှားများပါပါက ခွင့်လွတ်သီးခံ၍ ဖတ်ပေးပါရန်🌝
စိန်နားကပ်ကြီး
No comments:
Post a Comment