Sunday, July 17, 2016

နဖူးပေါ် လက်တင်စဉ်းစား

နဖူးပေါ် လက်တင်စဉ်းစား
----------------------------

လူ့ ဘဝကို ရ ရှိနေတာဟာ အင်မတန်မှပဲ
ကံကောင်းလှပါတယ်
၃၁ ဘုံအနက် လူ့ ဘုံဟာ တန်ဘိုးအရှိဆုံးပါပဲ
နတ်တွေဟာ သေခါနီးရင် လူ့ ပြည်ကိုလာဖို့ 
ကြိုးစားကြသတဲ့

ဘာ့ကြောင့်လည်းဆိုတော့ မဂ္ဂင်ရှစ်ပါးအကျင့်ကို
ကျင့်သုံးခွင့် ရ ရှိနေလို့ ပါတဲ့

လူလူချင်းတူတာတောင် မိစ္ဆာဒိဋ္ဌိဖြစ်နေသူတွေဟာ သမ္မာဒိဋ္ဌိဖြစ်နေတဲ့သူ
တွေထက် အဆမတန်များလှပါတယ်

မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးခွင့်ရနေတာဟာ
ဘယ်လောက်တောင် ကံကောင်းလိုက်ပါသလဲ
စဉ်းစားကြည့်ယုံနဲ့  အဖြေပေါ်ပါတယ်

အဲဒီလောက်တန်ဘိုးကြီးကြီးရနေတဲ့
ဗုဒ္ဓဘာသာတွေရဲ့ သာသနာတွင်းအချိန်တွေကို
ဘယ်လိုအကြောင်းအရာ ဘယ်လိုအခြေအနေ
ဘယ်လိုအကြောင်းနဲ့ များ အဆုံးရှုံးခံသင့်ပါသလဲ

နဖူးပေါ်လက်တင်စဉ်းစားကြည့်ပါ

တကယ်တော့

လူ့ ဘဝကလဲမမြဲ
သာသနာတော်ကလဲ မမြဲ
အသက်တမ်းကလည်း တို

ကျွန်တော်တို့ တတွေဟာ
အချိန်အကန့် အသတ်နဲ့ 
နိဗ္ဗါန်ကို ရောက်ဖို့  ပါရမီဖြည့်ကြရမှာပါ

ဘာလုပ်သင့်သလဲဆိုတဲ့
အဖြေကို
မြန်မြန်စဉ်းစားကြပါ

အချိန်နှောင်းမှ သိရင်တော့
တသံသရာလုံး
ဆုံးရှုံးတာနဲ့  အတူတူပါပဲ လို့ 
သတိပေးပါရစေ

နဖူးပေါ် လက်တင် စဉ်းစားကြပါ

ဦးမြင့်ခိုင်

share

No comments:

Post a Comment