လူမိုက်လား လူကောင်းလား
******
စောစောစီးစီး Facebook လေး ဖွင့်ကြည့်လိုက်တယ်။ စိတ်မချမ်းသာစရာ အကြောင်းအရာတွေ ပြည့်နေတာပဲ ခုခေတ်မှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေပတ်မဝင်အောင် အသုံးပြုပြောဆိုနေကြတယ်။
ငါဘာလဲ ငါလုပ်သင်တာဘာလဲဆိုတာ မသိကြတော့ဘူး မတွေးကြတော့ဘူး။
ကိုယ့်အလုပ် ကိုယ်တာဝန်ထက် အဆင့်ကျော်ကာ အမေကျော် ဒွေတော် အလွမ်းသယ်ပြနေကြတယ်။ ကိုယ်တာဝန်ကိုယ်မလုပ်ဘဲ ပေါ်လစီလိုက်ပြီ လုပ်စရာမလိုတဲ့ အလုပ်တွေကို လျှောက်လုပ်နေကြတယ်။
ရပ်ရွာအုပ်ချုပ်ရေး,ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ယူထားသူတွေက
ရပ်ရွာတိုးတက်ရေး ရပ်ကွက်တိုးတက်ရေးအလုပ်တွေကို
ပြုလုပ်ရမှာကို မပြုလုပ်ဘဲ မြို့နယ်အုပ်ချုပ်ရေးလုပ်ရမည့် အလုပ်တွေကို လုပ်နေကြတယ်။
မြို့နယ် တာဝန်ယူထားသူတွေက
မြို့နယ် တိုးတက်ရေးအလုပ်တွေကို
ပြုလုပ်ရမှာကို မပြုလုပ်ဘဲ တိုင်းအုပ်ချုပ်ရေး,ပြည်နယ်အုပ်ချုပ်ရေးလုပ်ရမည့် အလုပ်တွေကို လုပ်နေကြတယ်။
တိုင်းအုပ်ချုပ်ရေး,ပြည်နယ်အုပ်ချုပ်ရေး
တာဝန်ယူထားသူတွေက
တိုင်းတိုးတက်ရေး,
ပြည်နယ်တိုးတက်ရေးအလုပ်တွေကို
ပြုလုပ်ရမှာကို မပြုလုပ်ဘဲ
နိုင်ငံအကြီးအကဲတွေလုပ်ရမည့် အလုပ်တွေကို လုပ်နေကြတယ်။
နိုင်ငံ တာဝန်ယူထားသူတွေကလည်း
ပြည်ထောင်စုနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားတို့၏
အကျိုးစီပွားဖြစ်ထွန်းရေး, အန္တရာယ်ရှင်း ဘေးကင်းရေး လုပ်ငန်းတွေကို ဦးစားပေးမလုပ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂလုပ်ရမည့် တာဝန်တွေကို လုပ်ကိုင်နေကြတယ်။
မိမိတာဝန်ကို မိမိကျေပွန်အောင် လုပ်ရမည့်အစား မျက်နှာကြီးဖား,ဒေါ်လာရှိဖား တာဝန်တွေနဲ့ဝတ္တရားတွေကျော်ကာ
ဒီအခင့်အရေးတွေ ဒီအလုပ်တွေလုပ်ပေလိုက်ရင်
ဒါတွေရမှာပဲ ဒီလူတွေက ချစ်မှာပဲတွေပြီး ဖားအလုပ်တွေနဲ့ ပေးစာကမ်းစာမျှော်နေကြတယ်။
တကယ်တော့
မိသားစုရဲ့ခေါင်ဆောင် အိမ်ထောင်ဦးစီး ဖြစ်တဲ့သူဟာ မိမိရဲ့မိသားစုတိုးတက်ကြီးပွားအောင် မိမိ မိသားစုအန္တရယ်ကင်း ဘေးရှင်အောင် အကာအကွယ်ပေးတတ်,ဦးစီးဦးဆောင်တတ်တယ် ဆိုရင် သူတော်ကောင်း ချီမွမ်းကြစမြဲပါ။
ဒီလိုမှမဟုတ်ဘဲ
မိမိ၏မိသားစု မိမိ၏အိမ်ကို တံခါးမရှိဓားမရှိဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်ထွက် မိသားစုအခွင့်အရေးကို မကြည့်ဘဲ
ဧည်သည်အခွင့်အရေး ဧည်သည်အလိုကျ ဦးစားပေးပြီ ဧည်ဝတ်တွေပဲ ပြုနေမယ်ဆိုရင်တော့
မိသာစုဟာ ပြည်တန်ဆာမိသားစု ပြည်တန်ဆာအိမ် အဆင့်လောင်တောင်မရှိတော့ပါဘူး။
ဒီပုံစံနိုင်ငံဆိုရင်တော့
ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံကြီးဖြစ်သွားမှာပါ။
သူယုတ်တွေရဲ့ကဲ့ရဲ့မှာကြောက်ပြီ
သူတော်တွေချီးမွမ်းသံနောက် မလိုက်ဘူးဆိုရင်တော့ လူမိုက်ဘွဲ့နဲ့
အပါယတံဆိပ်ခပ်နှိပ်ကာ နိရယဘုံ စံမြန်းကုန်ရမှာ မလွဲပါဘူး။
လူမိုက်ဆိုတာကို
လောကမှာ များသောအားဖြင့် ဆိုးပေတေးနေတဲ့ လူတွေကိုပဲ လူမိုက်လို့ သုံးနှုန်းပြောဆိုနေကြတယ်။
လူမိုက်နဲ့ပတ်သက်လို့
ဘုရားရှင် ဟောကြားထားတာ လူမိုက်လိုသိနိုင်လက္ခဏာတွေ လူမိုက်ရဲ့စရိုက်တွေ လူမိုက်လုပ်ရပ်တွေဆိုပြီး လူမိုက်နဲ့ပတ်သက်တဲ့ တရားတွေ အများကြီးပါပဲ။
ဒီအများကြီးထဲကမှ လူအများစု အမှတ်တမဲ့ သတိမထားမိတတ်တဲ့ လူမိုက်နှစ်မျိုးကို ပြောပြချင်တယ်။
သာမဏေကျော် ပထမဆင့် စာသင်သားဘဝက သင်ကြားခွင့်ရခဲ့တဲ့ အင်္ဂုတ္တိုရ် ဒုကနိပါတ် ဒုတိယပဏ္ဏာသထဲက ဗာလဝဂ်မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားစကားပါ။
မြတ်စွာဘုရားက
လောကမှာ လူမိုက်နှစ်မျိုးရှိတယ်။
တစ် -မရောက်လာသေးတဲ့ တာဝန်ကို ထမ်းဆောင်သူ
နှစ် -ရောက်လာတဲ့ တာဝန်ကို မထမ်းဆောင်သူတဲ့
လုပ်ငမ်းတာဝန်နဲ့ကျင့်ဝတ်တရားအပေါ် လူမိုက်တို့ရဲ့ လုပ်ထုံးလုပ်နည်းလေးကို မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောကြား ထားခဲ့တာပါ။
ဒါကြောင့်
မိမိအဖွဲ့အစည်း
မိမိရပ်ရွာ
မိမိရပ်ကွက်
မိမိမြို့နယ်
မိမိတိုင်း
မိမိပြည်နယ်
မိမိနိုင်ငံအတွက် မိမိရွေးချယ်တဲ့အခါ ဒီလိုလူမိုက်စာရင်း ဝင်မည့် ခေါင်းဆောင်မျိုး မရွေးချယ်မိစေရန်, ရွေးချယ်မိသော်လည်း တာဝန်နှင့် ဝတ်တရားအပေါ် ဒီလိုပြုမူ လုပ်ကိုင်သော ဒွေတော်လွန်း လူစားမျိုးကို တာဝန်မှရပ်စဲအောင် ညီညီညာညာ ဆုံးဖြတ်နိုင်ကြရန်၊
မိမိကိုယ်တိုင် လူမိုက်စာရင်းထဲ မပါအောင်
လေးကျင့်နေထိုင်ပြီး
မိမိတို့ရဲ့ပတ်ဝန်ကျင်
မိမိတို့ရဲ့အဖွဲ့အစည်း
မိမိတို့ရဲ့ရပ်ရွာ
မိမိရပ်ကွက်
မိမိတို့ရဲ့ မြို့နယ်
မိမိတို့ရဲ့ တိုင်း
မိမိတို့ရဲ့ ပြည်နယ်
မိမိတို့ရဲ့ နိုင်ငံကို အကျိုးကျေးဇူးပြုနိုင်, အကာအကွယ်ပေးနိုင်သည့် ခေါင်းဆောင်ကောင်း ခေါင်းဆောင်မြတ်တွေကို ရွေးချယ်နိုင်ကြပါစေ။
ဒွေမေ ဘိက္ခဝေ ဗာလာ။
ကတမေ ဒွေ?
ယော စ အနာဂတံ ဘာရံ ဝဟတိ
ယော စ အာဂတံ ဘာရံ န ဝဟတိ။
ဣမေ ခေါ ဘိက္ခဝေ ဒွေ ဗာလာ တိ။
***************
တက္ကသိုလ်စာသင်သား-မန်းတက္ကသိုလ်
No comments:
Post a Comment