"နေရာမှားသောတန်ဖိုး"
******************
ကွယ်နေတဲ့မျက်လုံးထက်
အဆိုးမြင်နေတဲ့မျက်လုံးက
ပျော်ရွှင်မှုနဲ့ဝေးကွာစေပြီး
သာလွန်သော ဆုံးရှုံးမှုကို ဖြစ်စေပါတယ်....
ဆွံ့အနေသောနှုတ်ထက်
အပြောမတတ်သော နှုတ်က
အန္တရာယ်ပိုများပြီး များစွာသော
ဝဋ်ကြွေးသစ်ကို အစပျိုးစေပါတယ်....
သောတအာရုံချွတ်ယွင်းနေတာထက်
အမှန် အမှား မခွဲခြားတတ်သောနားက
အကုသိုလ် ပိုများစေပါတယ်....
ဉာဏ်ရည်မမှီသောဦးဏှောက်ထက်
တွေးခေါ်မှုလွှဲတဲ့ဦးဏှောက်က
ပစ္စုပ္ပန်သာမက သံသရာအဆက်ဆက်ပါ
သောကငရဲနဲ့ပိုနီးစေပါတယ်...
နေရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်....
ဓာတ်ဆီဟာ မိုင်ပေါင်းများစွာကို
ခရီးပေါက်စေပါတယ်။
အထားမတတ်ရင် ဆင်းရဲခြင်းလမ်းကို
ဖောက်ပေးပါတယ်.....
အရသာရှိသောဟင်းလွှာရဖို့
မီးကများစွာအထောက်အပံ့ပေးပါတယ်။
တခဏသတိလက်လွတ်မိရင်တော့
ဟင်းသာမက ပိုင်ဆိုင်မှုများစွာကိုပါ
ကြတ်စေပါတယ်...
လောကမှာအပေါင်းအသင်းများစွာရှိပါတယ်။
တစ်ချို့သူတွေက ငရဲသွားဖို့
အထောက်အကူပြုပြီး
အချို့ကနိဗ္ဗာန်ရောက်ဖို့ လက်ယှက်ခေါ်ပါတယ်။
ကျမတို့ရဲ့ရွေးချယ်တတ်မှုဟာ ကျမတို့ရဲ့ဘဝပါ။
(မိမိကိုယ်ကိုဆုံးမခြင်း)
မဟူရာ
Credit to Dr shwe Tun
No comments:
Post a Comment