တရုတ်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားပြီ
***********************
တရုတ်နိုင်ငံသည် ကွန်မြူနစ်န်ုင်ငံ ဖြစ်သောကြောင့် ဘာသာရေးကို အားမပေးခဲ့ပါ။ ထို့ကြောင့် ဗုဒ္ဓသာသနာ အားနည်းသွားပါတော့သည်။
သို့သော် ယခုအချိန်၌ တံခါးဖွင့် ကွန်မြူနစ် ဖြစ်သောကြောင့် စီးပွားရေး အားကောင်းလာသကဲ့သို့ ဘာသာရေးလည်း လွပ်လပ်ခွင့် ရရှိနေ၏။
မိုးကုတ်စက်ဝိုင်းနှင့်
ယူနန်ပြည်နယ်
---------------
ယူနန်ပြည်နယ်ရှိ ရှမ်းလူမျိုးအများစုနေထိုင်ရာ ခရိုင်တို့၌ ထေရဝါဒ ဗုဒ္ဓသာသနာ စည်ပင်လျက်ရှိသည်။
မြန်မာပြည်ရှိ ရှမ်းဘုန်းကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ယူနန်ပြည်နယ်ရှိ ရှမ်းရွာကြီးများမှာ မိုးကုတ် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ( ရှမ်းဘာသာပြန် ) ဖြင့် သစ္စာမိုးများ ရွာသွန်းလျက်ရှိပါသည်။ ကြားရသူအဖို့ အားရစရာ ကောင်းလှပါသည်။
ဖားအောက်ရိပ်သာ
-----------------
ထို့အပြင် ပီကင်းမြို့အနီး ချွတ်ချိမ်မြို့၌ ဖားအောက်နည်းဖြင့် ဝိပဿနာပြသဖို့အတွက် ဓမ္မရိပ်သာကြီး တည်ဆောက်လျက် ရှိ၏။ တရုတ်လူမျိုးများ ဝိပဿနာတရား အားထုတ်ခွင့် ရတော့မည် ဖြစ်သည်။
ယခုလောလောဆည်၌ ထိုရိပ်သာအတွင်းဝယ် ရဟန်းခံခြင်း စသည့် သာသနာရေးကိစ္စများ ဆောင်ရွက်နိုင်ဖို့အတွက် သိမ်သမုတ်လျက် ရှိပါသည်။
မကြာမီကာလမှာ တရုတ်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာကြီး နေလို လလို ထွန်းကားစည်ပင်လာတော့မည် ဖြစ်ပါသည်။
No comments:
Post a Comment