Sunday, July 17, 2016

ဒါယိမတစ်ယောက်ရဲ့ မချိ တင်ကဲ လျှောက်ထားချက်.....

ဒါယိမတစ်ယောက်ရဲ့ မချိ တင်ကဲ လျှောက်ထားချက်.....
🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡

မဘသ အဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်များ နှင့် မဘသ အဖွဲ့ဝင် မဟုတ်သော ဆရာတော်အရှင်သူမြတ်များဘုရား

     ဘုရားတပည့်တော်မ ဆရာတော်အရှင်သူမြတ်တို့၏ ခြေအစုံကိုဦးခိုက်၍ ၇ိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား.........✏ ✏
   ဆရာတော်အရှင်သူမြတ်တို့ဘုရား ယခု အချိန်ကာလမှာ ဆရာတော်တို့်အား လမ်းလျှောက်လျှင်တောင် ဘယ်ခြေထောက် အရင်လှမ်းတာလား ညာခြေထောက် အ၇င်လှမ်းတာလဲ ဆိုပြီး စောင့်ကြည့်နေတဲ့ အချိန်ပါ ဘုရား......
  ဘယ် ဘက်နှင့် လှမ်းလှမ်း အပြစ်က မလွတ်ပါ ဘုရား.....
တပည့်တော် အကြံတစ်ခု ပေးပါရစေ ဘုရား.....သူတို့မှာလဲ အရှင်ဘုရားတို့အား တမင် မကောင်းသောစိတ်ဖြင့် အပြစ်ရှာခြင်း ဆဲဆိုနေကြခြင်း မဟုတ်တန်ပါ ဘုရား....✏ ✏
  အရှင်ဘုရားတို့က မိမိ သာသနာအလုပ်တင်မကဘဲ ၎င်းတို့အလုပ်ပါ ဝင်ရောက်တာဝန်ထမ်းဆောင်နေတော့ သူတို့ခမျာ အချိန်တွေပိုနေသည့်အတွက် ပြောဆို ကြခြင်း ဖြစ်ပါတယ် ဘုရား.......✏ ✏
သည့်အတွက် အရှင်ဘုရားတို့. ပရိယတ် ပဋိပတ်နှင့် ပဋိဝေဓ ၃ရပ်ပဲ လုပ်ပါ ဘုရား ....✏ ✏
     ယခု ရခိုင်ပြည်နယ်ေ၇ကြီးနေတဲ့နေရာ မသွားပါနဲ့ ဘုရား ..... ဒုက္ခသည်တွေအတွက်လဲ အလှူမခံပေးပါနဲ့ ဘုရား....  မြန်မာနိုင်ငံမှာေ၇ကြီးသည့် ဖြစ်စဉ်....မြေပြိုသည့်ဖြစ်စဉ်....မီးလောင်သည့်ဖြစ်စဉ်များ ....ဖြစ်မှာဘုရား ကပ်တွေက တစ်ခုမဟုတ် တစ်ခု ဆိုက်မှာပါ ဘုရား....✏ ✏
   ထိုသတင်းများ ကြားတဲ့အခါ ဆရာတော် အရှင်သူမြတ်တို့ ဥပေက္ခာပြုပေးပါ ဘုရား ✏ ✏
   မိမိ အလုပ်များကိုသာ ပုံမှန် လုပ်ဆောင်ပါ ဘုရား✏ ✏
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

#အဘယ်ကြောင့်ဆိုသော်

      မဘသ မလိုဘူးဟု ပြောခဲ့သူများ လုပ်ဆောင်ပါလိမ့်မယ် ဘုရား ✔ ✔
      ရေကြီးသည့်နေရာများ သွားရောက်၍ အားတက်သရော ကူညီပါလိမ့်မယ်ဘုရား✔ ✔
     ရေမရှိတဲ့နေရာများ သူတို့သွားတူးပါလိမ့်မယ် ဘုရား✔ ✔
     တ၇ုတ်က နှိပ်စက်၍သော်လည်းကောင်း  ကုလားက နှိပ်စက်၍သော်လည်းကောင်း အရှင်ဘုရားတို့ဆီ ရောက်လာသူများအား တပည့်တော်ကို ပြောပြပါဘုရား တပည့်တော်မှ တစ်ဆင့် ၎င်းးတို့ထံကို  ခ၇ီးစရိတ်အကုန်အကျခံကာ ပို့ဆောင်ပေးလိုက်ပါ့မယ် ဘုရား✔ ✔
   သူတို့ဖြေရှင်းပေးမှာပေါ့ ဘုရား✔ ✔
   ဓမ္မစကူးလ် သင်မနေနဲ့ဘုရား သူတို့မျိုးဆက်တွေ ရိုင်းအောင်တော့ မထားလောက်ပါဘူး ဘုရား .......ဘယ်လိုပုံစံထွက်လာမလဲ တပည့်တော် သိချင်လို့ပါ ဘုရား✔ ✔
    ပြည်သူများ တစ်ဘက်နှင့်တစ်ဘက် ဆန္ဒပြမယ် အဓိကရုဏ်း လုပ်မယ်ဆိုလဲ မတားကြပါနဲ့ဘုရား ဝင်မထိန်းပါနဲ့ဘုရား....အရှင်ဘုရားတို့ တရားသာ အားထုတ်ပါဘုရား✌ ✔ ✌
    အရှင်ဘု၇ားတို့ မိဘမဲ့ကလေးများအား စောင့်ရှောက်ကာ စာပေများသင်ကြားပေးနေရသည်မှာလည်း အရှင်ဘု၇ားတို့နှင့် မလျော်ညီပါ ဘုရား....ကလေးထိန်းရသည့်အလုပ်က အိမ်ယာထူထောင်ထားတဲ့ တပည့်တော်တို့ လူတွေနှင့်သာ ဆိုင်ပါသည်ဘုရား.....
ဆရာတော်တို့ စောင့်ရှောက်ထားတဲ့ ကလေးများကို တပည့်တော်တို့ အဖွဲ့ စာ၇င်းလိုက်ကောက်ပါမယ် ဘုရား...ပြီးရင် အရေအတွက်အတိုင်း ၎င်းတို့နှင့် အချိုးချကာ သူတို့မွေးစားပါလိမ့်မယ်ဘုရား....:-P :-P ✔ ✔
      ဘုန်းဘုန်းတို့က အုတ်တစ်ချပ် သဲတစ်ပွင့် ဝင်ထမ်းငြားသော်လည်း တစ်ကယ် အလုပ်လုပ်ချင်သူ ပြည်သူတို့မှာဖြင့် လုပ်စရာ အလုပ်မရှိကြလေတော့သောကြောင့် ဆ၇ာတော်ဘုရားများကို အပြစ်တင်ကာ.....

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
       
      ဘုန်းကြီးက  ဘုန်းကြီးအလုပ်မလုပ်ဘူး .....☺ ☺ ☺ မဘသ မလိုဘူး :-O :-O :-O
      ပြစ်တင်ပြောဆို ဆဲဆိုမိကြခြင်းပါ ဘုရား:-( :-(
      အများအကျိုးဆောင်ရွက်ချင်ကျသူများအား ဗွေ မယူပါနှင့်ဘုရား☺ ☺ ☺
      ဆရာတော်ဘုရားတို့လဲ ယခု အချိန်မှစ မိမိ၏ ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာ ၃ဖြာ အား တစိုက်မတ်မတ် ဆောင်ရွက်လို့ရပြီ ဖြစ်သောကြောင့် ဝမ်းသာကြပါ ဆရာတော် အရှင်သူမြတ်တို့်ဘုရား......
   အရှင်ဘုရားတို့အား ဆဲဆို၍ မဘသ မလိုဘူးဟု ပြောသူတို့မှာလည်း ၎င်းတို့ လုပ်စရာ အလုပ်များရှိသွားသောကြောင် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေလောက်ပါပြီဘုရား....✌ ✌
   မြန်မာတစ်နိုင်ငံလုံးရှိ ဆရာတော် သံဃာတော် အရှင်သူမြတ်များ စိတ်ဆင်းရဲကင်းပါစေ...
ကိုယ်ဆင်းရဲ ကင်းပါစေ...ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြပါစေ ဆရာတော်အရှင်သူမြတ်တို့ဘုရား
   ဘုရားတပည့်တော်မ ရိုသေစွာဖြင့်
          ♕Aye Zin Mar Htet♕

No comments:

Post a Comment