Thursday, December 1, 2016

အရှင်ကောဏ္ဍညမထေရ်

အရှင်ကောဏ္ဍညမထေရ်

ဤဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားလက်ထက်တော်ဝယ်ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (ရဟန်းဝါအကြီးဆုံးအရာ)၌ အမြတ်ဆုံး-ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို ကြားသိရသော

အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဘုရားအမှူးရှိသော ရဟန်းတော်တသိန်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းဆက်ကပ်ပြီး နောက်ဆုံးနေ့တွင် တိစီဝရိတ် သင်္ကန်းများကို လှူဒါန်းကာ “ရတ္တညူအရာ=ဧတဒဂ်ရာထူး” ကို ဆုတောင်းခဲ့လေသည်။

ကိုးဆယ့်တကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဝိပဿီဘုရားလက်ထက်တော်ဝယ် မဟာကာလအမည်ဖြင့် သူကြွယ်မျိုး၌ ဖြစ်သောအခါမှာလည်း ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ်ကိုးကြိမ် အဦးအစအလှူ(အဂ္ဂဒါန) ပြုလုပ်ခဲ့လေသည်။

ဆုံးဘဝမူ၊ ရတ္တညူ၊ ရယူဧတဒဂ်
ထို့ကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်ဝယ် အရှင်ကောဏ္ဍညသည် အလုံးစုံသော တပည့်တို့ထက် အဦးအစ သစ္စာလေးပါးတရားကို သိတော်မူသောကြောင့် ထိုသိမြင်သည့် ရှည်လျားစွာသော အချိန်မှစ၍ ထိုညဥ့်အပိုင်းအခြားကို သိကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။

(အံ-ဋ္ဌ-၁၊ ၁၀၅၊ ၁၁၅)
Posted by: mingala
Labels: ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ

No comments:

Post a Comment