ဝန်ထမ်းများ နှင့် လုပ်ငန်းခွင်ဝင်မည့်သူများ လေ့လာသင့်သည့်ပညာရပ်များ
*******************
မည်သူမဆို အရွယ်ရောက်လာသည့် အချိန်တွင်
အောက်ဖော်ပြပါအချက်များကို လေ့လာခြင်းအားဖြင့် သင်လုပ်မည့်လုပ်ငန်းအတွက် အင်မတန်အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်
။
- Computer အခြေခံအသုံးပြုတက်ရပါမည်။ (ယခုနောက်ပိုင်း အစိုးရအလုပ်များ၊ Company များတွင် Computer အခြေခံအသုံးပြုတက်သူများကိုသာခန့်လေ့ရှိပါသည်)
- လုပ်ငန်းများအတွက်အဓိကကျသည့် စာရွက်စာတမ်းများရေးသား၍ စာစီစာရိုက်လုပ်ရန်အတွက် Microsoft Office ကိုလည်းကျွမ်းကျင်စွာအသုံးပြုတက်ရပါမည်။
- စာရင်းဇယားများ စီစဉ်အကွက်ချတွက်ချက်ရန်အတွက် Microsoft Excel ကိုလည်းလေ့လာထားသင့်ပါသည်။
- Presentation များအတွက်အဓိကကျသည့် Power point ကိုလည်းလေ့လာသင့်ပါသည်။
- Print ထုတ်နည်းများ၊ အင်တာနက် အီးမေးလ် အသုံးပြုနည်းများကိုလည်းလေ့လာထားသင့်ပါသည်။
- အချို့သောလုပ်ငန်းများအတွက် Photoshop ဖြင့် ဓာတ်ပုံများပြုပြင်နည်းကိုအနည်းငယ်လေ့လာထားသင့်ပါသည်။
- English ရေး၊ ဖတ်၊ ပြော ကိုနေ့စဉ်ပုံမှန်ဖြည်းဖြည်းချင်းလေ့လာသင့်ပါသည်။
အထက်ပါအချက်များကိုလေ့လာထားပါက ဘွဲ့ရထားသူဖြစ်ဖြစ် မဖြစ်ဖြစ် မည်သည့်လုပ်ငန်းကမှ သင့်ကိုငြင်းပယ်လိမ့်မည်မဟုတ်ပါ။
ကိုယ်ပိုင်စီးပွားရေးကိုဦးစီးဦးဆောင်လုပ်ကိုင်သူများလည်းဖော်ပြပါအချက်များကိုလေ့လာထားသင့်ပါတယ်။
No comments:
Post a Comment