ခရေပမာ မောင့်ချစ်မေတ္တာ
******
ပန်းခရေ နွမ်းကြွေသွားပါစေ
ရနံ့တွေက ရှင်သန်နေဆဲ---
တို့နှစ်ယောက် ဝေကွားနေရပါစေ
ငါ့အချစ်တွေက ရှင်သန်နေဆဲ---
လေးညှင်းလေး တစ်ချက်အဝှေ့မှာ
ပန်းခရေ ရနံ့တွေ ထင်ရှားလာခဲ့သလို-----
မင်းခေါင်းလေး တစ်ချက်အညိတ်မှာ
ငါ့ချစ်မေတ္တာတွေ ထင်ရှားလာပါလိမ့်မယ်---ချစ်သူရယ် (A.N.O)
No comments:
Post a Comment