လူဘဝ အရတော်စေချင်
♡♡♡♡♡
ပညာဉာဏ်ကင်း လူမိုက်မှာမူ
ဒါနပြုရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----
ပညာဉာဏ်ကင်း လူမိုက်မှာမူ
သီလစောင့်ရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----
ပညာဉာဏ်ကင်း လူမိုက်မှာမူ
ဘာဝနာပွားရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----
ဒါနမပြု သီလကင်းသူ
ဘာဝနာပွားရေး အလေးမမူ
တမလွန်ရောက်မှ နောင်တစိတ်ပူ
အပါယ်လေးပါး စုန်ဆန်မျောမည့်သူ---
မသေခင်လေး မျှော်တွေးကာယူ
ဒါန,သီလ ဘာဝနာသုံးမူ
ပြုလိုက်ကြ လူ့ဘဝ အရတော်သူ----
တက္ကသိုလ်စာသင်သား
[အရှင်ဣန္ဒာစရိယ(မော်ကျွန်း)]
သာသနာ့တက္ကသိုလ် ၊ မန္တလေး
၉-၉-၂၀၁၂၊(၁၃၇၄-ခု၊ ဝါခေါင်လဆုပ်-၈-ရက်) တနင်္ဂနွေနေ့။
No comments:
Post a Comment