အိပ်မက်ပြောပြီသားပါ
*******
အိပ်မက်ရယ်
မင်းကြိုတင် နိမိတ်ဖတ်ပြပေးခဲ့တာ
ငါမယုံခဲ့မိဘူး
အခု ကွက်တိပါပဲ
ငါကျေနပ်တယ်လေ
သူ့မျှော်လင့်ချက်တွေ
လှပစေဖို့
သူရွေးချယ်ခဲ့တာမှန်ပါတယ်
ငါကို အများကြီးသင်ပေးခဲ့တဲ့
ငါရဲ့ဆရာပါ
ငါငိုတတ်သွားပြီ
လွမ်းတတ်သွားပြီ
ကြွေတတ်သွားပြီ
ငါဆွေးတတ်သွားပြီ
ထူးခြားတာက အစားမထိုးမိဖို့ပါပဲ
No comments:
Post a Comment