မြတ်စွာဘုရား၏ လေးဆယ့်ငါးဝါ ဝါဆိုရာ ဌာနများ
ဝါတော်စဉ် ဝါဆိုရာဌာန
1) ၁-ဝါ ဗာရာဏသီ မိဂဒါဝုန်တော
2) ၂-၃-၄-ဝါ ဗာရာဏသီ မိဂဒါဝုန်တော
3) ၅-ဝါ ဝေသာလီပြည်
4) ၆-ဝါ မကုဠတောင်
5) ၇-ဝါ တာဝတိံသာ
6) ၈-ဝါ ဘဂ္ဂတိုင်း
7) ၉-ဝါ ကောသမ္ဗီပြည်
8) ၁၀-ဝါ ပါလိလေယျကတော
9) ၁၁-ဝါ နာဠပုဏ္ဏားရွာ
10) ၁၂-ဝါ ဝေရဉ္ဇာပြည်
11) ၁၃-ဝါ စာလိယတောင်
12) ၁၄-ဝါ သာဝတ္ထိပြည်
13) ၁၅-ဝါ ကပိလဝတ်ပြည်
14) ၁၆-ဝါ အာဠဝီပြည်
15) ၁၇-ဝါ ရာဇဂြိုလ်
16) ၁၈-၁၉-ဝါ စာလိယတောင်
17) ၂၀-ဝါ ရာဇဂြိုလ်
18) ၂၁ မှ ၄၄-ဝါ သာဝတ္ထိပြည် ဇေတဝန်ကျောင်း
19) ၄၅-ဝါ ဝေဠုဝရွာ
မှတ်ချက်။ ။ မြတ်စွာဘုရားသည် ဝါတော် ၂၀-ဝါ အထိ အမြဲ သီတင်းသုံး နေထိုင်ခြင်းမရှိခဲ့ပါ။ ထိုထိုမြို့ရွာတို့သို့ လှည့်လည်ပြီး ဝါဆိုတော်မူသည်။ ထို့ကြောင့် ဝါတော် ၂၀-ထိ အနိဗဒ္ဓဝါဟု ခေါ်သည်။ ၂၁-ဝါမှ ၄၅-ဝါတော်ထိ နောက်ပိုင်း ၂၅-ဝါတော် အနက် ၂၄-ဝါကို သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော် မူသည်။ နောက်ဆုံးဝါကို ဝေဠုဝရွာ၌ ဝါကပ်တော်မူသည်။ ထိုကြောင့် နိဗဒ္ဓဝါ ၂၅-ဝါဟု မှတ်ရမည်။
No comments:
Post a Comment