အမေကိုယ်တိုင် မရေးတဲ့ အမေ့ကဗျာ
♡♡♡♡♡♡
အမေ့ရဲ့ သမိုင်းဝင် နေ့စွဲတွေကို
အမေကိုယ်တိုင် ရေးစရာမလိုသလို
သားသ္မီးတွေ ကိုယ်တိုင်လည်း
ရေးစရာမလိုပါဘူး----
အမေ့ဘဝ အမေ့အကြောင်း
အမေ့မေတ္တာ ဇာတ်လမ်းဟောင်းတွေကို
ပိဋကတ်တော်အဖြစ်
ဘုရားရှင်က ဟောခဲ့တယ်---
အဋ္ဌကထာဆရာက ဖွင့်ခဲ့တယ်---
ဋီကာဆရာက ချဲ့ခဲ့တယ်---
ခေတ်အဆက်ဆက် ရေးစပ်ခဲ့ကြတဲ့
အမေ့အတွက် ကဗျာတွေလည်း ရှိတယ်---
အမေ့အတွက် ဒဿနတွေလည်း ရှိတယ်---
အမေ့အတွက် သံစဉ်တွေလည်း ရှိတယ်---
အမေ့အတွက် စာအုပ်တွေလည်း ရှိတယ်---
အမေ့နှလုံးသား ရှိုက်သံကို
အမေကိုယ်တိုင် မရေးချင်ပေမဲ့
အမေကိုယ်တိုင် ခံစားချင်မိတယ် ---
အမေ စာမတတ်ပါဘူး။
အမေ့နှလုံးသားကို
ပါဠိ, အဋ္ဌကထာ, ဋီကာတွေနဲ့
မညှိတတ် မကြည့်တတ်ပါဘူး---
အမေ့နှလုံးသားကို
ကဗျာ,ဒဿန,သံစဉ်တွေ, စာအုပ်တွေနဲ့လည်း
အမေ မခံစာတတ်, မခံစားချင်ပါဘူး----
အမေ့နှလုံးသားက အမေနားမလည်တဲ့
အမေ ဘာသာမပြန်တတ်တဲ့ စကားလုံးအစား
အမေ နားလည်တဲ့
အမေ ဘာသာပြန်တတ်တဲ့
''အမေ''လို့ ခေါ်သံလေးကိုပဲ ခံစားချင်နေမိတာပါ။
ဒါ---အမေကိုယ်တိုင် မရေးဖြစ်ခဲ့တဲ့ အမေ့ကဗျာလေးပါ----
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။
အမေ့များနေ့ကို ကြိုဆိုလျက်၊ ၂၈-၁၂-၂၀၁၆၊ ဗုဒ္ဓဟူးနေ့။
No comments:
Post a Comment