'ရှင်လောင်းပြုခြင်း နှင့်ပက်သက်၍ ထေရဝါဒမှတ်စုများ' ========================== ရှင်ရာဟုလာရှင်ပြုစဉ်က ရှင်ရာဟုလာရှင်ပြုစဉ်အခါကမြတ်စွာဘုရားတစ်ဝါသာရရှိသေးတယ်။မြတ်စွာဘုရားအယူဝါဒတို့များစွာ မပျံ့နှံ့သေး။ ဗြဟ္မဏဝါဒကြီးစိုးနေသော၊ အယူအစွဲကြီးမား ပျံ့နှံ့နေ သောထိုခေတ်အခါမှာပင် ရာဟုလာ ရှင်လောင်းကလေးအားဘယ်နတ်ဗြဟ္မာကိုမှ မပြသခဲ့ကြပေ။ အရှင်ဉာဏောဘာသ(အေးစေတီ၊မင်းဘူး) (ဓမ္မရတနာ ၉၉ နိုဝင်ဘာ)
ရှင်ပြုခြင်းဟူသည် ရှင်ပြုခြင်းဆိုသည်မှာ မြတ်စွာဘုရား၏သာ သနာတော်အတွင်းသို့ ရဟန်းအဖြစ်သွတ်သွင်းခြင်း ဖြစ်ကြောင်း သဘောပေါက်ထားသည်။ အမိအဖတို့က သာသနာ့ဒါယကာ၊ သာသနာ့အမွေကိုခံယူခြင်းဖြစ်သည်။ လောကီကိစ္စမဟုတ်ပေ။လောကုတ္တရာကိစ္စ စစ်စစ်ကြီးသာဖြစ်၏။ ယနေ့သော် ရှင်ပြုခြင်းမှာ လောကီပကာသန အခြယ်အမှုန်း များပြားမှုကြောင့် အနှစ်ကိုအကာဖုံး နေသည့်အတွက် လောကီကိစ္စပဓာနအဖြစ် ထင်ယောင်ထင်မှားဖြစ်နေပုံရသည်။စင်စစ်ကား လောကုတ္တရာကိစ္စ၊ သာသနာရေးကိစ္စသာဖြစ်သည်။ အရှင်ဉာဏောဘာသ(အေးစေတီ၊မင်းဘူး) (ဓမ္မရတနာ၊ ၉၉ နိုဝင်ဘာ)
ရှင်လောင်းနတ်ပြခြင်း၏ဆိုးကျိုး သေချာသောမမှားနိုင်သောအမှန်တစ်ခုမှာ ရှင်လောင်းကို နတ်ပြပြီးမှကိုရင်ဝတ်ရမည်ဟုဘယ်မှာမှမရှိခဲ့ပေ။ အယူသီးသူတို့၏တီထွင်မှုဟုယူဆရပါသည်။ နတ်ပြ ခြင်းဖြင့်မည်သို့မျှအကျိုးမထူးသည့်အပြင် သရဏဂုံညှိုးနွမ်းခြင်းစသော ဆိုးကျိုးတို့ပင် ဖြစ်ပေါ်စေပါသည်။ အရှင်ဉာဏောဘာသ(အေးစေတီ မင်းဘူး)(ဓမ္မရတနာ ၉၉ နိုဝင်ဘာ)
ရှင်လောင်းနတ်ပြခြင်းသည် အစဉ်အလာကောင်းတစ်ခုမဟုတ်ပါ။ စွန့်ပယ်အပ်သောအစဉ်အလာတစ်ခုဖြစ်ပါ၏။ မင်းနန် (မော်ကျွန်း)
ရှင်မဖြစ်ခြင်း၏အကြောင်းများ ရှင်လောင်းငယ်နေခြင်း၊ ရှင်လောင်းကစကား မပီခြင်း၊ ရှင်ပြုမှသရဏဂုံရွတ်ရခြင်းတို့သ ည်ရှင်မဖြစ်ခြင်း၏အကြောင်းများဖြစ်ကြပါသည်။ အရှင်ဝိမလ(တိုက်ကြီးကုန်း)(ဓမ္မရံသီ ၉၉ အောက်တိုဘာ)
သရဏဂုံကိုပီသအောင် ရွတ်ဆိုခြင်းမရှိသေးသောသုံးလေးနှစ်အရွယ်ကလေးငယ်များကို ရှင်ပြုပေးခြင်းသည် ဝိနည်းအလိုအရ မည်သည့်နည်းနှင့်မျှ ရှင်မဖြစ်နိုင်ပါချေ။ မင်းနန်(မော်ကျွန်း)
သားရှင်ပြုနှင့်သာသနာ့အမွေ မိမိတို့၏သြရသ ရင်နှစ်သားအချစ် တို့ကိုလည်းကောင်း၊ သူတစ်ပါးတို့၏ရင်နှစ်သည်းချာသားရတနာတို့ကိုတောင်း၍သော်လည်ကောင်း၊ ရဟန်းခံရှင်ပြုေ ပးခြင်းသည်မုချဖြစ်သော သာသနာ့အမွေကို မရသေး။သာသနာစိတ္တသမ္ဗဒ္ဓဟု ဆိုအပ်သောသာသနာတော်နှင့် စိတ်ချင်းစပ်သော အမွေကိုသာရနိုင် သည်ဟူ၍မှတ်ယူရမည်။မုချ ဧကန်စစ်မှန်သောသာသနာ့အမွေကို ရယူလိုသော် မိမိတို့ကိုယ်တိုင်ဤပစ္စုပ္ပန်ဘဝ၌ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင်အားထုတ်ရာ၏။ အရှင်ခေမိန္ဒသာမိ(ဓမ္မဗျူဟာ ၉၉ ဧပြီ)
မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးက ဓမ္မာသောက မင်းတရားကြီးအား"မိမိတို့၏ ရင်နှစ်သည်းချာ သားသမီး ရတနာများကို သာသနာတော်တွင်းသွတ်သွင်းချီးမြှင့်လိုက်လျှင် သာသနာ့အမွေကိုရသည်"ဟူ၍ဟောကြားတော်မူရာတွင် "သာသနာ့အမွေ"ဟူသည်မှာ သာသနာတော်ဖက်မှကူညီမည့်စိတ် အားပေးမည့်စိတ်မျိုးဖြစ် သောသာသနစိတ္တသမ္ဗန္ဓဟုဆိုအပ်သော သာသနာတော်နှင့်စိတ်ချင်းစပ်သော အမွေကို ရည်ရွယ်တော်မူခြ င်းဖြစ်ပါ၏။ မင်းနန်(မော်ကျွန်း)
ကလေးကိုရှင်မပြုရလျှင် အသေမဖြောင့်ဘူးတဲလား "ကလေးကို ရှင်မပြုရလျှင် အသေမဖြောင့်နိုင်တော့ပါ"စသည့်စကားမျိုးကိုပြောတတ်ကြသည်။ဟုတ်လောက်ပါသည်။ သို့သော်ကြိုတင်သိပြီးကြိုတင်၍စိတ်ကို ပြုပြင်ထားလျှင် ဤအဖြစ်မျိုးမဖြစ်နိုင်ပါ။ အသေဖြောင့်အောင် ဝိပဿနာရှုခြင်း၊ မေတ္တာပွားများခြင်း၊သေခြင်းကိုအမှတ်ရခြင်း တို့ကို အားကိုးသင့်ပါသည်။ အရှင်ဝိမလ(တိုက်ကြီးကုန်)(ဓမ္မရံသီ ၉၉ အောက်တိုဘာ)
ကလေးကိုရှင်မပြုရလျှင်အသေမဖြောင့်ဘူးဆိုပြီး သရဏဂုံမှ ပီသအောင်ရွတ်ဆိုနိုင်ခြင်းမရှိေ သးသောကလေးသူငယ်များအားရှင်ပြုခြင်းသည် ဘာသာသာသနာကိုလေးနက်စွာနားလည်သြိ မင်မှုမရှိသောကြောင့်ဖြစ်၏။ မင်းနန်(မော်ကျွန်း)
No comments:
Post a Comment