Thursday, December 29, 2016

သရုပ်ပြအပြုံးနဲ့ နှုတ်ဆက်နေမယ်

သရုပ်ပြအပြုံးနဲ့ နှုတ်ဆက်နေမယ်
♡♡♡♡♡
ဩော်--------ချစ်သူရယ်
မဖြစ်နိုင်မှန်း သိလျက်နဲ့
ဖြစ်နိုင်သလောက်အချိန်အထိ
အတင်းနေရာယူ ချစ်ပြခဲ့မိတယ်---

အခုရင်ထဲက ခံစားချက်ကို
မင်းရှေ့မှာ ချမပြတော့လို့
ရင့်ကျက်သွားပြီ
နေနိုင်သွားပြီ မင်းထင်နေလား-----

အတွင်းဒဏ်ရာတွေနဲ့ ဒီနှလုံးသားကို
မင်းပေးခဲ့တဲ့ ဆေးမြီးတို
ဓာတ်ပုံလေးတွေနဲ့ပဲ
တိတ်တိတ်ကလေး ကုသနေလျက်ပါ
မင်းမရှိတဲ့အချိန် မင်းပုံရိပ်တွေကို
အဖော်အဖြစ် ထားခဲ့ပေးလို့
အတွင်းဒဏ်ရာကို အပြုံးတံခါးတွေနဲ့
ပိတ်ထားနိုင်အောင် ကြိုးစားပေပါမယ်
ယနေကစ သရုပ်ပြအပြုံးတွေနဲ့ပေါ့လေ --

အပြုံးများနှင့်နှုဆက်နေမယ်-------အောင်နိုင်ဦး

No comments:

Post a Comment