Saturday, December 31, 2016

``မြန်မာ့သူရဲကောင်း သံဃာတော်များနှင့် မိစ္ဆာဒိဋ္ဌိတို့ရဲ့သွားရာလမ်း´´ ===မောင်သွေးချွန်==

``မြန်မာ့သူရဲကောင်း သံဃာတော်များနှင့် မိစ္ဆာဒိဋ္ဌိတို့ရဲ့သွားရာလမ်း´´
  ===မောင်သွေးချွန်==
****************************************

နိုင်ငံတော်တည်ငြိမ်အေးချမ်းနေချိန်မှာသံဃာတော်တွေဟာ ပရိယတ္တိ၊ ပဋိပတ္တိလုပ်ငန်းတာဝန်တွေကို ချမ်းချမ်းသာသဆာင်ရွက်နိုင်ကြတယ်။
နိုင်ငံတော်ကြီး ဘေးအန္တရာယ်တွေ ကျရောက်လာချိန်မှာတော့ သံဃာတော်တွေ မနေသာတော့ဘဲ နိုင်ငံအရေးကိုရှေ့တန်းက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာ
ပုဂံခေတ်ကစပြီး ဒီနေ့အချိန်ထိဖြစ်တယ်။

ပုဂံခေတ်မှာ မွန်ဂိုတရုတ်စစ်ဘေးကြီးကျရောက်လာတော့ ဘုရင်နဲ့ မှူးမတ်တွေ ထွက်ပြေးခဲ့ပေမယ့် ရှင်ဒိသာပါမောက်က ရှေ့ထွက်ပြီး စစ်ပြေငြိမ်းရေးဆောင်ရွက်ကာ နိုင်ငံတော်ကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အင်းဝခေတ်မှာလည်း ရာဇဓိရာဇ်ရဲ့ ဟံသာဝတီစစ်တပ်ကြီးက အင်းဝကို ဝင်းရံပိတ်ဆို့သိမ်းပိုက်လုဆဲဆဲစကြိုသူမြတ်ဆိုတဲ့ ရဟန်းတော် ရှေ့ထွက်ပြီးငြိမ်းချမ်းရေးတရားဟောနိုင်ခဲ့တဲ့အတွက်ရာဇာဓိရာဇ်ရဲ့ စစ်တပ်ကြီး နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်။

အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူတို့ အောင်မြင်ခဲ့တာ အရှင်အရဟံဦးဆောင်တဲ့ သံဃာတော်များရဲ့ စောင့်ရှောက်မှု၊လမ်းညွှန်မှု၊ ကျေးဇူးပြုမှုတွေကြောင့်ပါပဲ။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ နိုင်ငံတော်ကြီး မတိမ်းစောင်းအောင် ထိန်းကျောင်းတည့်မတ်ပေးခဲ့တာ သံဃာတော်အရှင်သူမြတ်များပဲဖြစ်ပါတယ်။

နယ်ချဲ့ကုလားဖြူမိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်တွေမြန်မာပြည်ကို စတင်သိမ်းပိုက်ချိန်ကစပြီး လွတ်လပ်ရေးရတဲ့အထိ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဆင့်ဆင့်မှာ သံဃာတော်တွေ ရှေ့တန်းကပါဝင်ခဲ့တာချည်းပါပဲ။

ဒါကြောင့်ကုလားဖြူမိစ္ဆာဒိဋ္ဌိအစိုးရက သံဃာတော်တွေကို ရန်သူလို့သတ်မှတ်ပြီး နှိပ်ကွပ်နှိမ်နင်းခဲ့တယ်။ သံဃာကျဆုံးရင် ဗုဒ္ဓသာသနာတော်ကြီး ဗုံးဗုံးလဲပြီး မြန်မာတစ်မျိုးသားလုံးကိုနဖားကြိုးထိုးနိုင်လိမ့်မယ်လို့ ယူဆပြီး အင်္ဂလိပ်က သံဃာတော်တွေကို နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

ကုလားဖြူမိစ္ဆာဒိဋ္ဌိတွေ မန္တလေးရွှေမြို့တော်ကြီးကို သိမ်းပြီးစ ပထမဆုံးလုပ်တဲ့အလုပ်ဟာ ပိဋကတ်သုံးပုံနဲ့ ယဉ်ကျေးမှုအမွေအနှစ်ပေစာ၊ ပုရပိုက်စာတွေကို မီးရှို့ဖျက်ဆီးပစ်ခြင်းပဲဖြစ်ပါတယ်။ နန်းမြို့ရိုးကြီးထဲက ပေါ်ထွက်လာတဲ့ မီးတောက်မီးလျှံတွေဟာ ပိဋကတ်စာပေတွေကို မီးရှို့နေတာဖြစ်ကြောင်း သိရတဲ့အခါသံဃာတော်တွေဟာ စိတ်မထိန်းနိုင်တော့ဘဲသင်္ကန်းခါးတောင်းကျိုက် နန်းမြို့ရိုးကိုကျော်တက်ပြီး မိစ္ဆာဒိဋ္ဌိကုလားဖြူတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ဆုံးမခဲ့ကြတော့တယ်။

(ညွှန်း - ၁၉၉၅ မေလထုတ် ဆရာမြသန်းတင့်ရဲ့တောင်သမန်ရွှေအင်းက လေညင်းဆော်တော့)ကုလားဖြူမိစ္ဆာဒိဋ္ဌိတွေဟာ မြန်မာပြည်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် တည်ငြိမ်အောင် အုပ်ချုပ်လို့မရခဲ့တာ သံဃာတော်များရဲ့ ထကြွတော်လှန်မှုကြောင့်ပါပဲ။

မျက်နှာဖြူအရာရှိတစ်ဦးဖြစ်တဲ့ ဆရာကြီးဖာနီဗယ်ကိုယ်တိုင်က မြန်မာ့နိုင်ငံရေးမှာ သံဃာတော်များရဲ့ အခန်းကဏ္ဍဟာ အလွန်အံ့သြလေးစားဖွယ်ရာကောင်းတယ်လို့ မှတ်တမ်းတင်ခဲ့ရတဲ့အထိပါပဲ။ မိစ္ဆာဒိဋ္ဌိကုလားဖြူအစိုးရဟာ သံဃာတော်တွေကို'ရန်သူတော်'လို့ သတ်မှတ်တဲ့အထိ မျက်မုန်းကျိုးခဲ့ပါတယ်။

ဒါ့ကြောင့် မျက်နှာဖြူအစိုးရဟာBURMA LISTလို့ခေါ်တဲ့ 'ရန်သူတော်စာရင်း'ကို လျှို့ဝှက်ပြုစုခဲ့ရာမှာ သံဃာတော်တွေအများအပြား ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းကို 'မြန်မာသူရဲကောင်း ဗြိတိသျှရန်သူတော်'အမည်နဲ့သခင်ကျော်စိန်က ရေးသားပြုစုခဲ့ပြီး ၂ဝ၁၄ဇွန်လမှာ နေရီရီစာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

'၁၉၄၂ ခု၊ ဇန်နဝါရီ ၁ ရက်နေ့အထိလျှို့ဝှက် ဗမာနိုင်ငံစာရင်း(BURMA LIST)ခေါ် 'နယ်ချဲ့စနစ်၏ ရန်သူတော်များစာရင်း'ဆိုင်ရာ စာရွက်စာတမ်းများမှာ နယ်တစ်နယ်ရှိစီရင်စုရုံးစိုက်ရာ မြို့တစ်မြို့တွင် ဗြိတိသျှအရာရှိများက လျှို့ဝှက်စာတမ်းများကို ဧပြီလတွင်မီးရှို့ဖျက်ဆီးခဲ့ရမည်ဟူသော ညွှန်ကြားချက်အရ ၁၉၄၂ ခု အိန္ဒိယသို့ ဆုတ်ခွာမည့်ဆဲဆဲတွင်မီးပုံရှို့ထားသည့် မီးပုံထဲမှာ ဆွဲထုတ်ဆယ်ယူထားခဲ့သော စာရွက်စာတမ်းများဖြစ်ပါသည်။ထို့ကြောင့် အချို့စာတမ်းများကို အပြည့်အစုံရရှိပြီး အချို့ကို မရရှိခဲ့ပါ'လို့ သခင်ကျော်စိန်ရဲ့မှတ်ချက်အကျဉ်းမှာ တွေ့ရပါတယ်။ဗြိတိသျှအစိုးရက ရန်သူတော်လို့ သတ်မှတ်ခံရသူတွေကို ၂၄ နာရီစောင့်ကြည့်ခဲ့ကြောင့်လည်း မိတ်ဆက်ဖော်ပြထားပါတယ်။

'ဤရန်သူတော်စာရင်းတွင် ဖော်ပြထားခြင်းခံရသူတို့မှာ ဗမာနိုင်ငံတွင် ဗြိတိသျှနယ်ချဲ့စနစ်အတွက် ထိထိရောက်ရောက် ကြောက်စရာကောင်းလှသော ဗမာနိုင်ငံမှ နိုင်ငံရေးသမားများဖြစ်ကြသည့်အတိုင်း စီအိုင်ဒီ (CID)ခေါ် မှုခင်းစုံစမ်းထောက်လှမ်းရေးဋ္ဌာန၏ကိုလိုနီထောက်လှမ်းရေးဋ္ဌာနခွဲမှ တစ်နေ့လျှင်၂၄ နာရီအပြည့်စောင့်ကြည့်နေကြရမည့်သူများ ဖြစ်ကြပါသည်'လို့လည်း အလေးအနက်မှတ် ချက်ပေးထားပါတယ်။

မိစ္ဆာဒိဋ္ဌိအစိုးရရဲ့ အဓိကရန်သူတော်အယောက် ၄ဝ မှာ သံဃာတော် ၁၁ ပါးပါဝင်နေတာကြည့်ရင် လွတ်လပ်ရေးတိုက်ပွဲရဲ့အဓိကခေါင်းဆောင်တွေထဲမှာ သံဃာတော်တွေက လေးပုံတစ်ပုံကျော် ပါဝင်နေတာတွေ့ရပါလိမ့်မယ်။ ရန်သူတော်စာရင်းမှာ နံပါတ်တစ်နေရာက စာရင်းသွင်းခံရသူကတော့အမျိုးသားစာဆိုတော်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာအမျိုး ဘာသာ သာသနာအတွက် ကလောင်စွမ်းထက်ထက်နဲ့ ရေးသားလှုံ့ဆော်ခဲ့တဲ့အတွက်မိစ္ဆာဒိဋ္ဌိတွေရဲ့ ရန်သူနံပါတ်တစ်ဖြစ်ခဲ့ပါတယ်။

'၁၉၂၉ ခုနှစ်တွင် ရန်ကုန်ဗဟိုထောင်အတွင်း၌ ပျံလွန်တော်မူခဲ့သော ဦးဝိစာရကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ပေါ်၌ ကျင်းပခဲ့သည့် လူထုအစည်းအဝေးများဝယ် သူ့အားထင်ရှားစွာ တွေ့ခဲ့ရသည်'လို့ အင်္ဂလိပ်တွေရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သံဃာကိုထိရင် ခေါင်းငုံ့မခံတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါပဲ။ လွတ်လပ်ရေးကို လက်ဖြန့်ခံတောင်းနေလို့မရနိုင်၊ ပုန်ကန်ထြ<ွကမှ ရနိုင်မယ်လို့ လှုံ့ဆော်ဟောပြောခဲ့တာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါပဲ။ ဆရာစံအရေးတော်ပုံကြီးကိုတရားတယ်လို့ ထောက်ခံခဲ့တဲ့အတွက် နယ်ချဲ့အစိုးရက ရန်သူတော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းလောက်နာမည်မကြီးပေမယ့် မိစ္ဆာဒိဋ္ဌိအစိုးရကို အားကောင်းမောင်းသန် တိုက်ပွဲဝင်ခဲ့သူကတော့ဆရာတော်ကြီးဦးကေတုဖြစ်ပါတယ်။ ဆရာတော်ကို နယ်ချဲ့အစိုးရက ရန်သူတော်နံပါတ်-၂ အဖြစ် သတ်မှတ်ပါတယ်။ ရန်သူတော်စာရင်းမှာ 'ဦးကေတု (ခေါ်) မောင်စံဖေ' ဖိုင်တွဲအမှတ်(4A - 31 of 1926) လို့ မှတ်တမ်းတင်ထားပါတယ်။ ဦးကေတုဟာ ကရင်အမျိုးသားတစ်ဦးဖြစ်ပြီး ၁၈၈၃ ခုနှစ်မှာ တွံတေးမြို့နယ်တွံတေးဝကျေးရွာမှာ ဖွားမြင်ခဲ့ပြီး အသက် ၁၂နှစ်မှာ ကိုရင်ဝတ်၊ အသက် ၂ဝ မှာ ရဟန်းဖြစ်ခဲ့ကြောင်း ဗြိတိသျှအစိုးရက မှတ်တမ်းတင်ထားခဲ့ပါတယ်။

'၁၉၂၂ တွင် ဦးဥတ္တမနှင့် ဆက်သွယ်မှုရပြီး ၁၉၂၂ ခုနှစ်၊ ၁၉၂၃ ခုနှစ်၊ ၁၉၂၄ခုနှစ်များတွင် နိုင်ငံနှင့်အဝှမ်း ဦးဥတ္တမခရီးလှည့်လည်ရာနောက်သို့ သူလိုက်ပါခဲ့ပါသည်။သူသည် နိုင်ငံရေးကို စိတ်ဝင်စားနေပြီဖြစ်သော်လည်း ၁၉၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်သထုံစီရင်စု၊ မုက္ခုရွာ ဝံသာနုအစည်းအဝေး၌သဘာပတိအဖြစ် ဆောင်ရွက်သောအခါကျမှသာ ထူးထူးခြားခြား သွက်လက်စွာ လှုပ်ရှားလာခဲ့ပါသည်။

ပြန်လာသောအခါ ဗုဒ္ဓဘာသာပျက်စီးယိုယွင်းလာခြင်းမှ ပြည်သူတို့က ကာကွယ်စောင့်ရှောက်ကြပါရန် သူမေတ္တာရပ်ခံလက်မှတ်ရေးထိုးပြီး တစ်နိုင်ငံလုံး ဖြန့်ချိခဲ့သောစာရွက်စာတမ်းကို ထုတ်ဝေခဲ့ပါသည်။ ၁၉၂၆ခုနှစ်၊ ဧပြီလ ဘေးမဲ့ သံဃ သမဂ္ဂီတွင် ပါဝင်ကြသော ဘုန်းကြီးငယ်တစ်စုတို့ကို ထောင်အချခံ၊ အသက်အသေခံသည်အထိ ဥပဒေတွင်းနည်းဥပဒေနည်းမျိုးစုံတို့ဖြင့် အမျိုး ဘာသာသာသနာအကျိုး ဆောင်ကြဉ်းကြရန် ရည်ရွယ်ချက်ဖြင့် ဗမာနိုင်ငံဒီစတြိတ်ပေါင်းစုံ အမှုဆောင်ကောင်စီအမည်ဖြင့် အဖွဲ့သစ်တစ်ရပ်ထူထောင်လုပ်ကိုင်လာခဲ့ကြသည်'

(ဗြိတိသျှရန်သူတော် - စာ - ၂၄)ဦးကေတုဟာ မိစ္ဆာဒိဋ္ဌိအစိုးရကို အစာငတ်ခံဆန္ဒပြ အသက်အသေခံသွားတဲ့ ဆရာတော်ဦးဝိစာရရဲ့ တပည့်တစ်ဦးလည်းဖြစ်တယ်။ '၁၉၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်ထိုအခါက သာယာဝတီအချုပ်တွင် အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ ဖမ်းဆီးအရေးယူခံနေရစဉ် အစာငတ်ခံတိုက်ပွဲဝင်နေသည့်ပျံလွန်တော်မူပြီဖြစ်သော ဦးဝိစာရကို သွားရောက်တွေ့ဆုံခဲ့ပါသည်'လို့ နယ်ချဲ့အစိုးရရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ မိတ္ထီလာမှာပုဒ်မ ၁ဝ၇ နဲ့ ဖမ်းဆီးအရေးယူခံနေရတဲ့ ဦးဝိမလဗုဒ္ဓိကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဦးကေတုဟာ မည်သည့်ရာဇဝတ်ပြစ်မှုကိုမှ မကျူးလွန်ပါဘဲ မိစ္ဆာဒိဋ္ဌိအစိုးရက ရန်သူတော်နံပါတ်(၂)အဖြစ် စာရင်းသွင်းခဲ့ခြင်းဟာ- ဗုဒ္ဓဘာသာကို ပျက်စီးယိုယွင်းလာခြင်းမှ ပြည်သူတို့က ကာကွယ်စောင့်ရှောက်ကြပါရန်၊

- ထောင်အချခံ အသက်အသေခံပြီးအမျိုး ဘာသာ သာသနာအကျိုးဆောင်ရွက်ကြရန်၊တပ်လှန့်နှိုးဆော်လှုပ်ရှားခဲ့တဲ့အတွက်ရန်သူတော်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

၁၉၂၇ ခုနှစ်မှာတော့ ဦးကေတုဟာတစ်ဆင့်တက်ပြီး

(၁) နိုင်ငံခြားတိုင်းပြည်လုပ်ပစ္စည်းများသပိတ်မှောက်ရေး၊

(၂) အခွန်မပေးရေးနှင့် အာဏာဖီဆန်မှု လှုပ်ရှားဆောင်ရွက်ရေး၊

(၃) ဝံသာနုအသင်းများ ထူထောင်ရေး၊

(၄) ဗုဒ္ဓဘာသာ သာသနာ ပျက်စီးယိုယွင်းလာသည့်အရေး၊

(၅) မန္တလေးတွင် ဖြစ်ခဲ့သော အဓိကရုဏ်းအရေး၊

(၆) သူ၏ စာချဆရာတော်ဖြစ်ခဲ့သော(ပျံလွန်တော်မူပြီဖြစ်သော ဦးဝိစာရ) ဆရာတော်အား တရားသူကြီးက 'မောင်မင်း'ဟုစော်ကားခဲ့သည်ဟူသော စွပ်စွဲချက်အရေး၊

(၇) တက္ကသိုလ် ရန်ပုံငွေအရေး(Theuniversity Endonment Fund)

(၈) မြူနီစပါယ်အုပ်ချုပ်မှုကို ဝေဖန်ရေး....တို့ကို -ဦးဥတ္တမရဲ့ ခရီးစဉ်တွေမှာ လိုက်ပါပြီးဟောပြောခဲ့တဲ့အတွက် ပုဒ်မ(၁၄၄)ဖြင့် တားဆီးပိတ်ပင်ခဲ့ပေမယ့် မလိုက်နာဘဲ ဆက်လက်ဟောပြောခဲ့တဲ့အတွက် ၁၉၂၇ ခုနှစ်၊ ဧပြီ၊ ၂၂ရက်မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)လအပြစ်ပေးခြင်းခံခဲ့ရပါတယ်။ ထောင်ကထွက်လာပြန်တော့လည်း မိစ္ဆာဒိဋ္ဌိအစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ပြီး 'သာသနာပြန်လည်ထွန်းကားအောင် ပြည်သူတို့က ဝိုင်းဝန်းလုပ်ကြမည်ဖြစ်ကြောင်း' ဆက်လက်ဟောပြောခဲ့ပြန်ပါတယ်။ (ညွှန်း၊ ရန်သူတော်-စာ၂၅)ဆရာတော်ဦးကေတုရဲ့ လှုံ့ဆော်ဟောပြော စည်းရုံးမှုတွေ အောင်မြင်ခဲ့ပါတယ်။အခွန်မပေးရေး လှုပ်ရှားမှုတွေ 'ကြောက်မက်ဖွယ် ကြီးမားပြင်းထန်လာပြီဖြစ်ကြောင်း' သာယာဝတီ ဒိစတြိတ်မှာ စစ်ပုလိပ်တပ်ဖွဲ့တွေ ချထားရန်လိုအပ်လာခဲ့ကြောင်း နယ်ချဲ့မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။

၁၉၂၈၊ နိုဝင်ဘာ၂၇ ပရိတ်သတ် ၅ဝဝတက်ရောက်တဲ့ ရေနံချောင်းမြို့ အစည်းအဝေးကြီးမှာလည်း ' မိထ္ထီလာမြို့ ရွှေမြင်တင်ဘုရားကို ပြည်သူများအားပြန်အပ်ရန်၊ ရွှေတိဂုံဘုရားကုန်းတော်မှ စစ်လက်နက်တိုက်ကို ရွှေ့ပြောင်းပေးရန်၊ ဘုရားများပေါ်သို့လည်းကောင်း၊ ဝတ္တကမြေပေါ်သို့လည်းကောင်း ဖိနပ်များ စီးနင်းတက်ရောက်ခွင့်မပြုရန်တို့ကို ဆူပူမှုများလုပ်ကြဖို့ ' ဟောပြောတိုက်တွန်းခဲ့ပါတယ်။ (၎င်းး စာ-၂၆)

ဆရာတော်ဦးကေတုရဲ့ ဟောပြောချက်တွေဟာ အမျိုး ဘာသာ သာသနာအတွက်ဖြစ်ကြောင်း အထူးပင် ထင်ရှားပေါ်လွင်နေခဲ့ပေပြီ။ ဆရာတော်ဦးကေတုဟာ အမျိုးသားရေးလှုပ်ရှားမှုတိုင်းမှာ ထိပ်ဆုံးကပါဝင်ခဲ့ပြီး အဖမ်းခံရဟန်းသံဃာတော်များ လွတ်မြောက်ရေးအတွက် တက်တက်ကြါကြွ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် မိစ္ဆာဒိဋ္ဌိအင်္ဂလိပ်အစိုးရက-'ဦးကေတုသည် တော်လှန်ရေးအယူအဆများနှင့် အားတက်သရော အလုပ်လုပ်သူတစ်ဦးဖြစ်ပြီး အစွန်းရောက်ဆူပူလှုံ့ဆော်ရေးသမားများ အထူးသဖြင့် မြန်မာ့နိုင်ငံရေးလောကတွင် မနားမနေဆူပူလှုံ့ဆော်ရေးသမားကြီးဖြစ်သော ဦးဥတ္တမနှင့် အလွန်ရင်းနှီးသူဖြစ်ပါသည်။ ထို့ကြောင့် သူ့ကို ဂရုစိုက်စောင့်ကြည့်ရန်လိုအပ်ပါသည်'လို့ ရန်သူတော်စာရင်းမှာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးကေတုနဲ့ပက်သတ်တဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်ခဲ့ပြီး (၂၈-၉-၃၄တွင် ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။)လို့ ဖော်ပြထားပါတယ်။ (ညွှန်း - ရန်သူတော် စာ-၃ဝ)ဦးကေတုလိုပဲ အမျိုး ဘာသာ သာသနာအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ အများကြီးထဲက အဓိကထင်ရှားသော သံဃာ(၁ဝ)ပါးကိုလည်း မိစ္ဆာဒိဋ္ဌိအစိုးရက ရန်သူတော်စာရင်း သွတ်သွင်းခဲ့ပါတယ်။

ဗုဒ္ဓဘာသာအကျိုးသယ်ပိုးတဲ့ ရဟန်းသံဃာတော်တွေကို 'ရန်သူတော်'အဖြစ် သတ်မှတ်လိုက်ခြင်းဟာ အစိုးရကိုယ်တိုင်က မိစ္ဆာဒိဋ္ဌိဖြစ်နေလို့ပါပဲ။

ဒီနေ့ နိုင်ငံတော်ဟာ ဗြိတိသျှနယ်ချဲ့မိစ္ဆာဒိဋ္ဌိတွေရဲ့ လက်အောက်က လွတ်မြောက်ခဲ့ပြီဖြစ်ပေမယ့် အမျိုး ဘာသာ သာသနာတော်ကြီးဟာ ဘာသာခြား၊ လူမျိုးခြားနဲ့ အမျိုးသားသစ္စာဖောက်တို့ရဲ့ ဘေးရန်အန္တရာယ်တွေ ဝိုင်းဝိုင်းလည်နေချိန်ဖြစ်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသားတွေကို ဘာသာခြား၊ လူမျိုးခြားတွေက အကြိမ်ကြိမ်စော်ကားတာတွေ ကြုံတွေ့နေပါတယ်။ ဒါကြောင့် ဆရာတော်သံဃာတော်များက သမိုင်းအစဉ်အလာရှိခဲ့တဲ့အတိုင်းအမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအလုပ်တွေ ရှေ့ထွက်ပြီးလုပ်ဆောင်လာကြတဲ့အခါ မိစ္ဆာဒိဋ္ဌိအင်္ဂလိပ်အစိုးရကသတ်မှတ်ခေါ်ဆိုခဲ့တဲ့အတိုင်း 'အစွန်းရောက်ဆူပူလှုံ့ဆော်ရေးသမားများ'လို့ စွပ်စွဲစော်ကားလာခဲ့ကြပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း(၈ဝ)ကျော်က မိစ္ဆာဒိဋ္ဌိအစိုးရက ခေါ်ဆိုခဲ့တဲ့
အတိုင်း'အစွန်းရောက်'လို့ မြန်မာ ဒီမိုကရက်တစ်တွေက
ခေါ်ဝေါ်သုံးနှုန်းနေခြင်းဟာ သူတို့ကိုယ်တိုင် ဗြိတိသျှအစိုးရကဲ့သို့ 'မိစ္ဆာဒိဋ္ဌိ' ဖြစ်နေပြီဆိုတာကို ဝန်ခံဖော်ပြရာ ရောက်နေပါတယ်။

သံဃာတော်တွေကို ရန်သူပမာ ပြစ်မှားစော်ကားနေတာတွေဟာလည်း မိစ္ဆာဒိဋ္ဌိတွေရဲ့ လုပ်နည်းလုပ်ဟန်တွေပဲ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာအမည်ခံ မြန်မာတွေကိုယ်တိုင်က ဘာသာခြား၊ လူမျိုးခြားတွေရဲ့အလိုကျ ရဟန်းသံဃာတွေကို ပြစ်မှားစော်ကားနေခြင်းဟာနယ်ချဲ့မိစ္ဆာဒိဋ္ဌိအစိုးရက သံဃာတော်တွေကိုရန်သူတော်စာရင်း သွတ်သွင်းတာထက် ပိုဆိုးနေပါတယ်။

ဘာသာ သာသနာကို ပြစ်မှားပြီးသံဃာတော်များကို စော်ကားနေတဲ့ မိစ္ဆာဒိဋ္ဌိတို့ရဲ့သွားရာလမ်းဟာ အပါယ်လေးဘုံကလွဲပြီးအခြားမရှိဆိုတာ သတိပေးပြောကြားလိုက်ပါတယ်။

``မောင်သွေးချွန်´´

            သာကီသွေးဂျာနယ်အတွဲ(၄)အမှတ်(၅)

  ``မဘသ(ဗဟို)Online Media´´

Thursday, December 29, 2016

သရုပ်ပြအပြုံးနဲ့ နှုတ်ဆက်နေမယ်

သရုပ်ပြအပြုံးနဲ့ နှုတ်ဆက်နေမယ်
♡♡♡♡♡
ဩော်--------ချစ်သူရယ်
မဖြစ်နိုင်မှန်း သိလျက်နဲ့
ဖြစ်နိုင်သလောက်အချိန်အထိ
အတင်းနေရာယူ ချစ်ပြခဲ့မိတယ်---

အခုရင်ထဲက ခံစားချက်ကို
မင်းရှေ့မှာ ချမပြတော့လို့
ရင့်ကျက်သွားပြီ
နေနိုင်သွားပြီ မင်းထင်နေလား-----

အတွင်းဒဏ်ရာတွေနဲ့ ဒီနှလုံးသားကို
မင်းပေးခဲ့တဲ့ ဆေးမြီးတို
ဓာတ်ပုံလေးတွေနဲ့ပဲ
တိတ်တိတ်ကလေး ကုသနေလျက်ပါ
မင်းမရှိတဲ့အချိန် မင်းပုံရိပ်တွေကို
အဖော်အဖြစ် ထားခဲ့ပေးလို့
အတွင်းဒဏ်ရာကို အပြုံးတံခါးတွေနဲ့
ပိတ်ထားနိုင်အောင် ကြိုးစားပေပါမယ်
ယနေကစ သရုပ်ပြအပြုံးတွေနဲ့ပေါ့လေ --

အပြုံးများနှင့်နှုဆက်နေမယ်-------အောင်နိုင်ဦး

Wednesday, December 28, 2016

အမေကိုယ်တိုင် မရေးတဲ့ အမေ့ကဗျာ

အမေကိုယ်တိုင် မရေးတဲ့ အမေ့ကဗျာ
♡♡♡♡♡♡

အမေ့ရဲ့ သမိုင်းဝင် နေ့စွဲတွေကို
အမေကိုယ်တိုင် ရေးစရာမလိုသလို
သားသ္မီးတွေ ကိုယ်တိုင်လည်း
ရေးစရာမလိုပါဘူး----

အမေ့ဘဝ အမေ့အကြောင်း
အမေ့မေတ္တာ ဇာတ်လမ်းဟောင်းတွေကို
ပိဋကတ်တော်အဖြစ်
ဘုရားရှင်က ဟောခဲ့တယ်---
အဋ္ဌကထာဆရာက ဖွင့်ခဲ့တယ်---
ဋီကာဆရာက ချဲ့ခဲ့တယ်---

ခေတ်အဆက်ဆက် ရေးစပ်ခဲ့ကြတဲ့
အမေ့အတွက် ကဗျာတွေလည်း ရှိတယ်---
အမေ့အတွက် ဒဿနတွေလည်း ရှိတယ်---
အမေ့အတွက် သံစဉ်တွေလည်း ရှိတယ်---
အမေ့အတွက် စာအုပ်တွေလည်း ရှိတယ်---

အမေ့နှလုံးသား ရှိုက်သံကို
အမေကိုယ်တိုင် မရေးချင်ပေမဲ့
အမေကိုယ်တိုင် ခံစားချင်မိတယ် ---

အမေ စာမတတ်ပါဘူး။
အမေ့နှလုံးသားကို
ပါဠိ, အဋ္ဌကထာ, ဋီကာတွေနဲ့
မညှိတတ် မကြည့်တတ်ပါဘူး---
အမေ့နှလုံးသားကို
ကဗျာ,ဒဿန,သံစဉ်တွေ, စာအုပ်တွေနဲ့လည်း
အမေ မခံစာတတ်, မခံစားချင်ပါဘူး----

အမေ့နှလုံးသားက အမေနားမလည်တဲ့
အမေ ဘာသာမပြန်တတ်တဲ့ စကားလုံးအစား
အမေ နားလည်တဲ့
အမေ ဘာသာပြန်တတ်တဲ့
''အမေ''လို့ ခေါ်သံလေးကိုပဲ ခံစားချင်နေမိတာပါ။
ဒါ---အမေကိုယ်တိုင် မရေးဖြစ်ခဲ့တဲ့ အမေ့ကဗျာလေးပါ----

                                             တက္ကသိုလ်စာသင်သား
                                  သာသနာ့တက္ကသိုလ်၊ မန္တလေး။
   အမေ့များနေ့ကို ကြိုဆိုလျက်၊ ၂၈-၁၂-၂၀၁၆၊ ဗုဒ္ဓဟူးနေ့။

ကိသာဂေါတမီထေရီအပါဒါန်

ကိသာဂေါတမီထေရီအပါဒါန်
@@@@@@@@
နာမည်ကဂေါတမီ
ပိန်လှီတဲ့ခန္ဓာကြောင့်
ကိသာဆိုတဲ့ဂုဏ်ပုဒ်
အများကသမုတ်ကြတော့
ကိသာဂေါတမီရယ်ပေါ့...
လွန်ခဲ့တဲ့အတိတ်
ပဒုမုတ္တရဘုရားအရိပ်မှာ
အဓိကာရဆုတောင်း
ခေါင်းပါးတဲ့အကျင့်ကိုဆောင်လိုကြောင်းပေါ့.....
ခန္ဓာကိုခင်တွယ်
ဘ၀ကိုမပယ်နိုင်တဲ့တဏှာကြောင့်
နတ်ပြည်နဲ့လူပြည်အကြိမ်ကြိမ်ကျင်လည်ရပြီ....
တို့ဘုရားရှင်လက်ထက်
နေပြည်တော်သာဝတ္တိ
ပြန်လည်လို့မွေးဖွားမိတော့
ဆင်းရဲတဲ့ဘ၀ကြုံရရှာတယ်....
အချိန်တန်အရွယ်ရောက်
အိမ်ထောင်ကျပြန်တော့
သားတစ်ယောက်ဖွားအပြုံးတွေကြားမှာလေ
ဟိုလူကဂေါတမီ
ဒီလူကဂေါတမီနဲ့
မျက်နှာပွင့်နေလိုက်တာ...
ဒေသနာထင်လင်းဟောနေပါလျက်
အနိစ္စမမြဲခြင်း
နှလုံးမသွင်းဘဲ
သားငယ်နှင့်ပျော်
လက်ဆောင်တွေနဲ့တပြုံးပြုံး
နေတုန်းထိုက်အခိုက်
ကံကြမ္မာလှိုင်းရိုက်ခတ်လေပြီ....
သားငယ်ကဘ၀ကူး
နှလုံးသားမှာသောကစူးက
ရူးအောင်စူးစေခဲ့ပြီ....
ဆိုးဝါးတဲ့လောကဓံတရား
ရင်ဆိုင်ဖို့ပြင်မထားတော့
သားငယ်ကိုရင်မှာပိုက်
အိမ်စဉ်လိုက်လို့ဆေးတောင်းနေပြီ...
ဇာတိနဲ့အစပျိုးလို့
မရဏနဲ့အဆုံးသတ်ရမယ့်လောက
ဘုရားရှင်မှတပါးဆေးပေးနိုင်ရိုးလား.....
(အပိုင်း၂ဆက်ရန်)
ကိုယ်တိုင်ရေးဖွဲ့သည် (ဟင်္သာမင်း)

Monday, December 26, 2016

ခြေသလုံးကြွက်တက်ရခြင်း

ခြေသလုံးကြွက်တက်ရခြင်း
===================
လူ့ ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သား
နှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ
ခြေ နှင့် လက်တို့  မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို...
့ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သောကြွက်သားဟု
ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ ဖြစ်စေနိုင်သော
ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ ခေါ်ပါတယ်။
ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့ သွားချိန်မှာ ကြွက်တက်ခြင်း(သို့ မဟုတ်)
အကြောဆွဲခြင်းတို့  ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု(သို
့မဟုတ်)ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့ သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့် အနည်းငယ်(သို့ မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း
ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊
သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့်
ကြွက်တက်နိုင်သလို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်း
ဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှင့်လက်တို့ မှာ
ကြွက်တက်လေ့ရှိပါတယ်။ *ကြွက်တက်ရသော အကြောင်းရင်း…

* ရေဓာတ်အနည်းငယ်
ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့ အကျိုးဆက်အဖြစ် ခြေသလုံး
ကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ
လူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်
ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ
ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း
သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့ မ
ဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊
ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့် ခြင်း၊ ခပ်ပြင်းပြင်း
လေ့ကျင့်ခဏ်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ ကြောင့်ကြွက်
တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်(သို့ မဟုတ်)ပိုတက်စီယမ်(သို
့မဟုတ်)မဂ္ဂနီစီယမ်ဓာတ်ချို့ တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော(သို
့မဟုတ်)ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊
ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား(ခေါ်)ဇရာ ကြိုရောဂါကု ဆေးဝါး၊
ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊
ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့
ပဋိဇီဝဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

<< ကြွက်တက်တဲ့အခါ >>
(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို
အနားယူဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက
ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊
ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို
လက်ဖြင့်ကိုင်၍ချိုးပေးပါ(ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သား
တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

< နောက်တနည်း > မတ်တတ်ရပ်နေစဉ်
ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို
ဖြည်းဖြည်းခြင်းဆန့် တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့် ၂၀
လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့ အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂)
အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့ ။
ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့် တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍
ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမချင်း
ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို
အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်
ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ
(သို့ မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို
့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့ 
တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့် အနည်းငယ်အတွင်းမှာပင်
ပြေလျော့သွားစေပါတယ်။ *

(မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက
သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကို
ပိုမိုဆိုးရွားသွားစေနိုင်လို့  သတိပြုပါ)*

<< ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ >>

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့် လက်ဆန်
့လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ ဖြင့်
ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ်
လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့ အစည်းများ
နှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့  အတွက် သင့်တင့်သော
ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်
ချွေးထွက်သန် သူများအဖို့  ဥပမာ အငံဓာတ်ပါရှိသော မုန့် အငံစားပါ(သို
့မဟုတ်)သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland
Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ
တစ်ဦးရဲ့  တစ်နေ့ တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်
ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို
့ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊
ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို
့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊
သိုးသား တို့ စားပေးပါ။

(၄) the National Institutes of Health မှ
ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့ တာ
ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့  တဲ့ပါက
ကြွက်သားများ ကျုံ့ သွားစေနိုင်ပါတယ်တဲ့။ နွားနို့ ၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄
မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရိုးပါဝါးစားလို
့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့  စားပေးပါ။

(၅) အားနည်းခြင်း၊
ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ ခြင်းတို့ ဟာ
မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
မှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်ဝတဲ့
အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့်
ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့ လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို
့စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့  quinine ဓာတ်ပါရှိသော
အားဖြည့်ရေကို သောက်ပါ (သို့ မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin
ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ
ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့  သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့ တာလုံးရေ
သောက်နဲခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့  ဘက်မှာရေ
များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊
ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို
ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အ၀ါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့ ၍
ကြွက်တက်ခြင်းအတွက် အသုံးဝင်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့
အ၀ါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။
်DATA Doctor