လာပါ အန်တီ.. ကျွန်တော်တို့ လမ်းလျှောက်ကြည့်ရအောင်
************************************
လာပါ အန်တီ ...
မြန်မာနိုင်ငံမြောက်ပိုင်းကို ဆက်ပြီး လမ်းလျှောက်ကြည့်တာပေါ့ ......
ဒါက မြန်မာပြည်မြောက်ပိုင်းက ကချင်ပြည်နယ်လေ ....
ဧရာဝတီမြစ်ကြီးကို မွေးဖွားရဒေသပေါ့ ......
ဒီနေရာလေးမှာ တစ်ချိန်က တိုင်းတပါး လက်အောက်ခံတို့ သွေးထိုးမှုကြောင့်
ကျောင်းသားတွေ သွေးစွန်းခဲ့ရတဲ့မြေလေ ....
ကျောင်းသားအချင်းချင်း ၀ါဒစွဲတွေနဲ့ အချင်းချင်းသတ်ဖြတ်ခံခဲ့ရတယ်။
အဲ့တုန်းက အန်တီကိုယ်ရံတော် မိုးသီးဇွန်တောင်ပါသေးတယ် အန်တီ ......
မတရား အသတ်ခံရတဲ့ ကျောင်းသားတွေရဲ့ဝိဥာည်တွေဟာ၊
သူတို့အတွက် အမှန်တရားရှာဖွေပေးဖို့ ကျန်ရစ်အရိုးစုတွေ၊
အော်ဟစ် ဆူညံ မြောက်ပိုင်းက အရိုးတွန်သံလို့တောင် ခေါ်ဝေါ်ခဲ့ကြရတယ်.....
လာပါ အန်တီ .......
ဒီလမ်းလေးကို ဖြတ်ပြီး ဟိုတောင်ကုန်းလေးကိုတွေ့လား ......
အဲ့တောင်ကုန်းလေးမှာ မပခ ဆက်ဆံရေးအရာရှိ တစ်ဦး၊
အကြောင်းမဲ့ ဖမ်းဆီးခံရတယ်၊
သူ့ဖြစ်စဉ်က ၂၀၁၁ မတိုင်မီ သံတမန်အရာရှိအနေနဲ့ သွားရောက်တဲ့အချိန်ပေါ့ ......
ရိုးရိုးလေးပဲ လက်ခံပြီး ပြန်မလွတ်တော့ပဲ သုံ့ပန်းအဖြစ် ဖမ်းဆီးကြောင်း ကြေငြာချက်ထုတ်၊
စစ်ကို စတင်စေခဲ့တာပေါ့ ........
လာပါ အန်တီ .......
ဒါက ဗိုလ်ဇော်ရဲထွန်းတို့ ဒဏ်ရာရ စစ်သည်တွေ၊ လမ်းမလျှောက်နိုင်တော့တဲ့ ခြေတစ်ဖက်စွန့်လွှတ်စစ်သည်တွေ၊ ရာသီဥတုဒဏ်နဲ့ ဖျားနာစစ်သည်တွေကို ပြန်ပို့တဲ့ လမ်းလေးလေ .......
ဒီလမ်းမှာပဲ မိုင်းဆွဲတိုက်ခိုက်ပြီး၊ ကားကို မီးလောင်တိုက်သွင်းခဲ့လို့၊
ကျွန်တော်တို့ စစ်သည်တွေ မီးလောင်သေဆုံးခဲ့ရတယ် အန်တီရယ် .......
လာပါ အန်တီ ........
ဒါက လဂျားယန်လို့ခေါ်တဲ့ တပ်စခန်းတွေပေါ့ ......
ဒီတပ်စခန်းတွေဟာ ၁၉၉၄ ခုနှစ် ...
ကေအိုင်အေနဲ့  ငြိမ်းချမ်းရေး မယူခင်ကတည်းက ….
တည်ရှိနေတဲ့  တပ်စခန်းတွေပါ
စခန်းရဲ့ တာဝန်က
ပြည်ထောင်စု လမ်းမကြီး ရဲ့  လုံခြုံရေး ဖြစ်ပါတယ် အန်တီ .....
ဒီ စခန်းကုန်းကို လူအင်းအား များစွာနဲ့ ၀ိုင်းပတ်ပိတ်စို့ပြီးတိုက်ခိုက်ခဲ့ကြတယ်၊
ကျွန်တော်တို့ တပ်စခန်းဟာ ၁ ပတ်ကျော်ရိက္ခာပြတ်လတ်ခဲ့ပါတယ် အန်တီ .....
အဲ့မှာ ထိုင်နေတဲ့ စကခ ၃ လက်အောက်ခံ တပ်ရင်းတစ်ရင်းဟာ
စစ်သည် ၂၁ ဦးကျဆုံးပြီး၊ ၁၃၃ ဦးဒဏ်ရာရခဲ့ပါတယ်အန်တီ ....
ပိတ်မိနေတဲ့ တပ်ကို ပြန်ဆွဲထုတ်ဖို့ လေကြောင်းပစ်ကူယူပြီး၊ ဆွဲထုတ်ခဲ့ရပါတယ်။
ဒီအချက်ခြာကုန်းကို ပြန်ရဖို့ ....
အသက်ပေါင်းများစွာနဲ့ ရင်းပြီး ပြန်လည်အခြေချခဲ့ရပါတယ်။
ဒီ လဂျားယန်ကုန်းလေးမှာ ကျွန်တော်တို့ စစ်သည်တွေ့ရဲ့ အရိုးစုတွေလည်း ရှိနေခဲ့ပါတယ်။
အန်တီတက်လာတုန်းက မြင်တဲ့ မြေကမုလေးတွေက နိုင်ငံတော်အလံလွမ်းခြုံပြီး မြေနဲ့ဖုံးအုပ်ထားရတဲ့၊ အရိုးစုတွေပေါ့ .......
လာပါ အန်တီ ......
ဒါမြေပုံလေးက ဒုတပ်ကြပ်သီဟသူရ အောင်သိန်းရဲ့ မြေပုံလေးပေါ့.....
သူက တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၁၇ ကလေ.....
တိုက်ပွဲ တပ်ရင်းမှူး နှင့် အရာရှိ/စစ်သည် အများစုရှိနေတဲ့ နေရာကို ....
ရန်သူ့ လက်ပစ်ဗုံး ကျလာလို့ ကျန်စစ်သည်တွေ မထိခိုက်စေဖို့ အတွက် ...
သူ့ ခန္ဓာကိုယ်ကို လက်ပစ်ဗုံးပေါ် ပစ်မှောက် လိုက်ပြီး ....
အားလုံးအတွက် ရဲရဲဝံ့ ဝံ့  အသက်စွန့်ခဲ့တဲ့သူပေါ့ ......
သူ့မြေပုံလေးကို အန်တီ ပြုံးပြခဲ့ပါဦး ......
တွေ့လား အန်တီ ......
ဟိုနားမှာ ညီမလေးတစ်ယောက်တွေတွေလေး မှိုင်နေခဲ့တာာာာာာာ
သူဟာ ဗိုလ်မျိုးမင်းသန့်ရဲ့ ချစ်ဇနီးပေါ့ဗျာ ......
မင်္ဂလာနေ့ရက်ကို ရက်သတ္တပတ်မပြည့်ခင်လေးပဲ ခံစားလိုက်ရပြီး
ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးသွားတဲ့ အရာရှိရဲ့ ဇနီးပေါ့ဗျာ ......
ဒီညီလေးနဲ့အတူ ကျန်အရာရှိ/စစ်သည် ၆၀ ကျော် ပဒေသာမိုင်းနဲ့ ကျဆုံးသွားခဲ့တာပါ...
လာပါ အန်တီ ......
ဒီဘက်ကို ဆက်လျှောက်ကြတာပေါ့ ...........
" အမေ ... အမေ ... "
အန်တီ နားထဲမှာ အမေလို့ ခံသံကြားလိုက်တယ်မှလား.....
အန်တီရယ် ဒီနေရာလေးမှာ ညီလေး ဇော်မျိုးထက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့နေရာလေးပါ .....
အခုကြားတဲ့ အသံဟာ ...
သူမဆုံးခင် " အမေ " အော်ဟစ်ညီးညူနေတာလေ .....
သူ့မျက်နှာကို ဒါးနဲ့မွှန်း၊ ခေါင်းကိုဖြတ်၊ ရင်ခွဲပြီး....
သူ့တပည့်တွေရှေ့မှာ သူ့ခေါင်းကို ဗိုက်ထဲထည့်ပြီး အသတ်ခံလိုက်ရတာလေ ...
၃၀.၈.၂၀၁၃ မှာ ကျဆုံးသွားခဲ့တာပါ ......
ဒီနေ့ရက်လေးကို ဘယ်တော့မှ မေ့ဖျောက်လို့မရအောင် ကျွန်တော်တို့ အသည်းမှာ မီးတံဆိပ်နဲ့ ခတ်နှိပ်ထားတာပါ ....
လာဗျာ အန်တီရာ .....
ကျွန်တော် မခံစားနိုင်တော့လို့ အောက်ပြန်ဆင်းရအောင်ဗျာ ......
ကွတ်ခိုင် - တာမိုးညဲ ကားလမ်းပေါ့ ......
ဒီလမ်းမှာလည်း ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသွားခဲ့တယ် .....
သူဘယ်လိုများကျဆုံးသွားလည်း အန်တီကိုပြောပြမယ် .....
သူတပ်ကိုပြန်ချိန် ........
သူ့အမေ၊ သူ့ဇနီး၊ သူ့သားသမီးတွေရှေ့မှာတင် လည်ပင်းကို ကျည်ဆံမှန်ပြီး
သူ့မိသားစု လက်ပေါ်မှာ ကျဆုံးသွားခဲ့ရတာလေ .......
လာပါ အန်တီရာ .....
ချမ်းအေးတဲ့ မြန်မာပြည်မြောက်ပိုင်းကနေ .....
တောင်ပိုင်းကို သွားကြရအောင် ......
ဝိုးးးးးးးးးးးးးးးး
ဆော်ရီး အန်တီ .....
ဒါက " ရွှေကျင်ကျောက်ကြီး ၀ှီးချဲစီး၊ ၁၉ ဖာပွန် တမလွန် " တဲ့
ဒီနေရာ ဒီဒေသမှာ ကျွန်တော်တို့ စစ်သည်တွေ
ခြေတစ်လှမ်းလှမ်းတိုင်း ဘုရားစာရွတ်ပြီး သွားခဲ့ရတယ်လေ .....
ဖြစ်စဉ်ဖြစ်တိုင်း တက်လာတဲ့ သတင်းက
မိုင်းဟောင်းတွေပါ ဆိုတဲ့စကားနဲ့ ကျေနပ်ခဲ့ရတယ် အန်တီရယ် ..........
အန်တီ .....
ဘာ့ကြောင့် ကျွန်တော်ဒီလို လမ်းလျှောက်ထွက်ဖို့ ခေါ်သလဲသိလား .....
ငြိမ်းချမ်းရေးအတွက် အသက်ပေး၊ ခန္ဓာစတေး၊ ဘ၀တွေပေးအပ်ခဲ့တဲ့ တပ်မတော်သားတွေကို အန်တီ မြင်လှည့်စေချင်လို့ပါ ......
အန်တီ့ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကြီးနဲ့ ကျွန်တော်တို့ တပ်မတော်သားတွေ အထူးသဖြင့် အန်တီ့ရဲ့ မောင်နှမတွေအတွက် အန်တီ လုပ်ပေးနိုင်မလား ..... ?
တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ
ဆု တံဆိပ်တွေ၊ အမည်နာမတွေ၊ ဘိုးဘွားဘီဘင်တွေရဲ့ ဂုဏ်ဒြပ်တွေနဲ့ လုံးဝ မဆိုင်ပါဘူးအန်တီ ........
ဟန်ဆောင်အပြုံးတွေနဲ့ စားပွဲပေါ်တက်ပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုး၊
ယုံကြည်လို့ လက်တွဲခါမှ ပုခုံးဖက်ပြီး နောက်ကျောကို ဓါးနဲ့ထိုးနေသူတို့ကို .
ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ကြမလဲ .....
ဒီလိုမေးလို့ တပ်မတော်ဘက်ကကြီး အပစ်ရပ်ဖို့ အကြံမပေးလိုက်ပါနဲ့ အန်တီ
ဒီအကြံဟာ ......
ရန်ဖြစ်သူ နှစ်ဦးကို တစ်ဖက်ကို ချုပ်ပေးလိုက်တာနဲ့ အတူတူပါပဲအန်တီ ......
အများအမြင်မှာ ကိုယ်က ကြားဝင်ဖြန်ဖြေတာပေါ့၊
တကယ်တော့ အချုပ်ခံလိုက်ရတဲ့သူက ပိုနာသွားတာကို နားလည်မယ်ဆိုရင်
............
သောင်းကျန်းသူတွေ ရှိနေသမျှ ကာလပတ်လုံး
မြန်မာပြည်ကြီး ငြိမ်းချမ်းရေးရဖို့ ......
ဘယ်ဘုရားမှ မစွမ်းသာပါဘူးးးးးး
Credit <<< ခြေလျင်စစ်သည်. (အောင်စစ်)
မူရင်း post ပိုင်ရှင်အား လေးစားပါသည်
No comments:
Post a Comment