ဘုန်းကြီးခြင်း ဆိုသည်မှာ
=================
ပေးဘုန်း ကျွေးဘုန်း
ဗေဒင် ဘုန်းနှင့်၊
ဆေးဘုန်း ကူဘုန်း
လူကြီးဘုန်းပြင်၊
ချဲဘုန်း ချွဲဘုန်း
စကား ဘုန်းနှော၊
ခောတ်ဘုန်း ခင်ဘုန်း
ဘေးတီး ဘုန်းပါ၊
ချောဘုန်း သံဘုန်း
ဟန်ဆောင် ဘုန်းတို့၊
စာဘုန်း ကျင့်ဘုန်း
တရားဘုန်း ဟု၊
ဘုန်း အမျိုးမျိုး
နောက်သုံးမျိုးသာ၊
ပြစ်မျိုးကင်းကွာ အားကိုးရာ၏။
ရှေ့ကဘုန်းများ မကိုးစားရ
ဘုရား စက်ဆုပ် ကဲ့ရဲ့ရှုပ်ချ
ဝဋ်ဒုက္ခမှ လွတ်ဘို့အရေး
မျှော်ထောက်တွေး၍
ဝေးဝေး ရှောင်လေရာသတည်း။
No comments:
Post a Comment