Monday, August 28, 2017

အို ဂျီ အန်

အို ဂျီ အန်
-------------------------------------
အိမ်​ကကားကို
နိုင်​ငံခြား NGO အဖွဲ့တစ်​ခုကငှား​တော့
၁၄ သိန်းတဲ့ (တလစာ/ အသားတင်​)
ကိုယ်​ကလည်း မလိုက်​နိုင်​​လောက်​တာနဲ့
ဒရိုင်​ဘာလိုက်​မလား​ မေးကြည့်​​တော့
တစ်​လလုံး ၄ သိန်း​လောက်​ပေးမှ
လိုက်​နိုင်​မယ်​ဆို​တော့
ကိုယ်​ဖာကိုပဲမောင်း​တော့မယ်​ဆိုပြီး 
လိုက်​လာရင်း
ရန်​ကုန်​မှာ ​သောင်​တင်​​နေတာ​ပေါ့
၁၀ရက်​​လောက်​​တော့ကြာပြီထင်ပါတယ်
မြင်​ရ​တွေ့ရတာလည်း အသည်းနာရတယ်​။

ဒီ NGO က
ပြင်​သစ်​အ​ခြေစိုက်​ကို
ရန်​ကုန်​ ( ..... ) စင်​တာမှာ လာခွဲတာ
ရုံးခန်းငှားခနဲ့ တင်​ မစားသာ​လောက်​ဘူး
ဒါ​ပေသိ သူတို့က Online မှာ page ​ထောင်​ပြီး
နိုင်​ငံတကာကို အလှူခံတာဆို​တော့
တစ်​နှစ်​တစ်​နှစ်​ ​ဒေါ်လာကို
သန်း ရာနဲ့ချီရကြတာဆိုပဲ
ဟုတ်​​လောက်​ပါတယ်
ကျ​နော်​ နယ်​​တွေကို လိုက်​ပို့ရတဲ့အခါဆို
ရေ ကြီးတဲ့​နေရာ ဘာညာ​ပေါ့ဗျာ
အဲသလို ပို့ရရင်
ဟိုတယ်​ခ ဖရီးအပြင်
အသုံးစရိတ်​တစ်​ည ၁၀၀၀၀ ရတယ်
ကားထဲ ဆီအပြည့်​ ဖြည့်​​ပေးထားတယ်
နေပြည်​​တော်​က (အမရာ)လို ဟိုတယ်​မျိုးကို
ကိုယ့်​​ငွေနဲ့ကို တည်းပါ့လားဆို နိုးပါဗျာ
တတ်​နိုင်​ပါဘူး
တစ်​ည တစ်​သိန်းခွဲ နှစ်​သိန်း​လောက်​မလား
နိုးပါ အန်​ကယ်​က​တော့ နိုးနိုး နိုးပါပဲ
ဒါ​ပေမယ့်​ ဒီ NGO နဲ့ကျမ တည်းဖြစ်​ခဲ့ရတယ်
နတ်​ပြည်​​ရောက်​​နေလား မှတ်​ရတယ်
ပထမ​တော့ သာယာမိ​ပေမယ့်
နောက်​​တော့ ​....
အော်​....ကျွတ်​ကျွတ်​လို့ တမိတယ်​။

သူတို့ဝန်​ထမ်း​တွေရဲ့လစာ​မေးကြည့်​​တော့
သာမာန်​ဝန်​ထမ်း ၅၀၀၀၀၀(  ၅သိန်း )တဲ့
အမ​လေး​လေး တန်​လိုက်​တာ​ပေါ့
စူပါဗိုက်​ဆာက ၇၀၀၀၀၀( ၇သိန်း )တဲ့
ဟေ လုပ်​သင့်​တာ​ပေါ့
မန်​​နေဂျာက ၁၀၀၀၀၀၀( ၁သန်း )တဲ့
ဗျာ ထိုက်​တန်​လိုက်​တာ
စိတ်​ကူးများ​တောင်​ ယဉ်​မိပါတယ်​ တကယ်​ပါ
MD ကပြင်​သစ်​ ၃၀၀၀၀၀၀ ( ၃သန်း )တဲ့
ဟူး နည်းနည်း​နော​နောလားဗျာ
MD အတွက်​ တိုက်​ခန်းပါငှား​ပေးရ​သေးတာတဲ့
တိုက်​ခန်းဆို​တော့ ခင်​ဗျားတို့က
ကွန်​ဒို​မီနီယမ်​တွေကလို့ ထင်​ကြမှာ​ပေါ့
အာ့ဆိုရင်​​တော့ အမှားကြီး မှားပြီပဲ
ပန်းလှိုင်​အိမ်​ယာက လုံးချင်းတိုက်​ပါဗျာ
မိသားစုလိုက်​​နေကြတာ
ဒီ အဖွဲ့အစည်းထဲမှာ
အင်္ဂလန်တစ်​​ယောက်​က လက်​​ထောက်
နောက်​ ဘယ်​လ်​ဂျီယမ်​တစ်​​ယောက်​ပါ​သေးတယ်
ပြင်​သစ်​တို့ အင်္ဂလန်​တို့ ပြန်​တဲ့အခါမျိုး
ထိုင်း ဗီယမ်​နန်​ စင်္ကာပူ သွားတဲ့မျိုးတို့ဆိုရင်
လေယာဉ်​လက်​မှတ်​ အသုံးစရိတ်
လေဆိပ်​ ကြိုပို့ အကုန်​လုပ်​​ပေးကြရတာပါ
တကယ့်​ကို ​အေး​ဆေးပါပဲ ။

အချက်​အလက်​ရှာ​ဖွေဖို့
သွားရတာမျိုး​တွေလည်း ရှိတာ​ပေါ့
အချက်​အလက်​ဆိုတာကလည်း
မြို့​တွေရွာ​တွေမှာ သူတို့ဝန်​ထမ်း​တွေ
ထားထားပြီးသားပါ
ဒီ ဝန်​ထမ်း​တွေက​တော့ နယ်​ခံ​တွေများတယ်
ဆိုင်​ကယ်​တစ်​စီးဆီ ဝယ်​​ပေးထားတယ်
ဖုန်းတစ်​လုံးဆီ
ဒါမှလည်း သတင်းစုံပုလင်းစုံ ဖြစ်​မှာကို
အဲသလို​ပေါ့
သူတို့ဝန်​ထမ်း​တွေက ဘယ်​မှာ
ဘာဖြစ်​လို့ညာဖြစ်​လို့ သတင်းပို့တဲ့အခါ
ဗဟိုရုံးခွဲက လူ​တွေက
အဲ့ကိုသွား အင်​တာ​တွေဗျူး ဓာတ်​ပုံ​တွေရိုက်
ပြီးရင်​ ပြန်​​ပေါ့
နယ်​ကို ​လေ့လာ​ရေးခရီးထွက်​ရသလိုပဲ
အေး​အေးလူလူ ရှိပါ့
ကျန်​တဲ့ အချိန်​​တွေဆို ရုံးခန်းမှာ
တ​နေကုန်​ထိုင်​ပြီး Online တက်​​နေကြတာ
သူတို့​ပြောတာ​တော့ သတင်းကြည့်​တာတဲ့​လေ
ကျ​နော်​တို့က​တော့ အိပ်​ပဲ ။

ဒီလို ရှာ​ဖွေလာတဲ့
မှတ်​တမ်းဓာတ်​ပုံ​တွေကို
ဘယ်​နိုင်​ငံ ဘယ်​ပြည်​နယ်​ ဘယ်​မြို့ ဘယ်​ရွာ
ဆိုပြီး ​နေရပ်​လိပ်​စာနဲ့ ​နောက်​တစ်​ဖွဲ့က
Online မှာ တင်​ပြီး လှူဒါန်းနိုင်​ကြပါသည်​လို့
ရေးတင်​ပြီး အလှူခံကြတာ
တကယ်​ဖြစ်​ခဲ့တဲ့ အဖြစ်​အပျက်​​တွေဆို​တော့
ဓာတ်​ပုံ​တွေက သက်​ဝင်​​နေတာ​ပေါ့
ဒီ​တော့ နိုင်​ငံတကာက
နာဂစ်​လို အဖြစ်​သနှစ်​​တွေဆို​တော့
သနားစိတ်​​တွေကြွပြီး လှူကြတာ​ပေါ့
အ​မေရိကန်​​ဒေါ်လာကို သန်းချီရကြတာ
အဲဒါကို ခုနက ​နေရာ​တွေဆီ ပြန်​လှူကြတာ​ပေါ့။

ဒါနဲ့ ကိုယ်​ကလည်း စပ်​စုကြည့်​​တော့
" ခင်​ဗျားတို့ ရခိုင်​မုန်​တိုင်းတုန်းက ဘာ​တွေ လှူဖြစ်​ကြလဲ " ဆို​တော့
အိမ်​ အလုံး ( ၂၀ ) ​ဆောက်​​ပေးထားတယ်​တဲ့
နောက်​​ကောဆို​တော့
အဲ့​လောက်​ပဲတဲ့
ရော ခက်​ပြီ
အိမ်​အလုံး (၂၀ ) ဆိုတာက
ဘယ်​​လောက်​များများ ကုန်​မှာမို့လဲဗျာ  
ဒေါ်လာ တစ်​သိန်းဆိုရင်​ပဲ
မြန်​မာ​ငွေ သိန်း​ထောင်​ချီ​နေပီမလား
မြန်​မာပြည်​ရဲ့ ​ကျေးလက်​​ဒေသ​တွေမှာက
အိမ်​တစ်​လုံးကို သိန်း ၁၅၀ ဆိုရင်​ ရပါပြီ
တော်​​တော်​ ​ကောင်း​နေပါပြီ
အလုံး ၂၀ ဆို​တော့ မြန်​မာ​ငွေ သိန်း ၃၀၀၀
နိုင်​ငံတကာက လှူတာက
အ​မေရိကန်​​ဒေါ်လာ သန်းကို ရာချီလှူကြတာပါ
သန်း ၁၀၀ / ၂၀၀ နှစ်​တိုင်း ရ​နေတာပါ
သူတို့ ပြည်​တွင်းကို ပြန်​လှူတာက
တကယ့်​ သဘာဝ​ဘေး ဖြစ်​မှ
ဒေါ်လာ ​လေးငါးသိန်း​လောက်​ပါ
မြန်​မာ​ငွေနဲ့ဆို သိန်း ​လေးငါး​ထောင်​​ပေါ့
ဘာမှမဖြစ်​တဲ့ သာမာန်​နှစ်​​တွေဆိုရင်
ဒီလိုပဲ အိ​ရောအိ​ရောနဲ့ ပြီးသွားတတ်​ကြတာ
ဒါ​ပေမယ့်​ ဝန်​ထမ်း​တွေရဲ့ လခနဲ့အသုံးစရိတ်​က
တနှစ်​ပတ်​လုံး ဝရမ်း​နေတာ ။

အန်​တီစုအတွက်​ ​နော်​​ဝေ NGO က​နေ
မြန်​မာပြည်​ NGO ခွဲ ကို
အလှူ​ငွေ​တွေပို့ပေးတယ်​ ဒါ​ပေမယ့်
ဒီမှာ မယ်​မယ်​ရရ ဘာမှမလုပ်​လိုက်​ရ​သေးပဲ
ဝန်​ထမ်း စရိတ်​နဲ့ဘဲ
အ​တော်​များများ ကုန်​သွားခဲ့တယ်​တဲ့
ဒါ​ပေမယ့်​ ကိုယ့်​ လူမျိုး​တွေ ရကြတာပဲမို့
ကျမ​တော့ ဘာမှ မ​ပြောလိုပါဘူးလို့
အန်​တီစုက ​ပြောခဲ့တာ မှတ်​မိ​နေ​သေးတယ်
ပြောချင်​တာက NGO ​တွေရဲ့
ကြီးမားတဲ့ အသုံးစရိတ်​​တွေကိုပါ
ဒါကို ကျ​နော်​တို့​တော်​​တော်​များများက
သတိမထားမိကြပါဘူး ။

ဆင်းရဲမွဲ​တေမှုမြင့်​မားတဲ့
ဘင်္ဂလား​ဒေရှ့်​လို  မြန်​မာလို နိုင်​ငံ​တွေဆီက
အ​ကြေကွဲရဆုံးပုံ​တွေကို  အမိအရယူပြီး
Online ကို အ​ပြေးအလွှား တင်​ကြတာ
အလှူ​ငွေ မြန်​မြန်​နဲ့ များများ
ဦး​အောင်​ရ​အောင်​​ပေါ့ လုပ်​ကြတာ
တစ်​ခါတစ်​ခါ NGO ချင်း ထ သတ်​ကြ​သေးတာ
နင်​တို့ ​ဖောင်​​ဒေးရှင်းက ဘာညာ ဆိုပြီး
ဖြစ်​ ကြ​သေးတာဗျ
အပြင်​လည်း သတ်​တာပဲ
လိုင်း​ပေါ်လည်း တက်​သတ်​တာပဲ
ဒါ​တွေ ထားပါ​တော့​ဗျာ ။

ကျန်​တာ မကြည့်​နဲ့ဗျာ
ကျ​နော်​တို့ကို တစ်​လ​လောက်​ငှားတာ​တောင်
တပတ်​ကို ဖုန်း​ဘေလ်​ ၅၀၀၀ ရတယ်
နယ်​ခရီး မရှိရင်​ အဲကွန်းခန်းထဲ အိပ်
၁၂ နာရီ​လောက်​ကျ မနက်​စာ ထွက်​စား
ည​နေ ၅ နာရီဆို ​သော့ပိတ်​ပြန်
အေး​ဆေးမှ တကယ့်​ကို ​အေး​ဆေးပဲ
ဖက်​စလတီက လုံးဝ လုံးဝ အပြည့်​ကို
ပို​နေ​ပါသေးတယ်
ဘယ်​နားသွားပြီး
အန်​ဂျီအို လည်း မသိ​ပေမယ့်
သူတို့ဟာ သူတို့​တော့ အိုဂျီအန်​ ပီသားပဲဗျာ

ကျ​နော်​တို့နိုင်​ငံက ဆင်းရဲမွဲ​တွေမှု​တွေ
ကျ​နော်​တို့နိုင်​ငံက သဘာဝ​ဘေး​တွေရဲ့
မှတ်​တမ်းတင်​ဓာတ်​ပုံ​တွေကို ကမ္ဘာမှာချပြပြီး
အညွှန့်​အဖူး​လေး​တွေ
ခူးခပ်​   စား​နေကြတာကို
ကျ​နော်​တို့ လူမျိုး​တွေ သိ​စေချင်​ရုံသက်​သက်​ပါ ။

(​စေတနာသန့်​သန့်​ NGO များကို မထိခိုက်​​စေလိုပါ)

နေမင်းနွယ်
၂၇/၈/၂၀၁၇ ။

No comments:

Post a Comment