Saturday, August 19, 2017

ဘာလို့ဆင်းရဲတာလဲ ? (မြန်မာ-အင်္ဂလိပ်)

ဘာလို့ဆင်းရဲတာလဲ ? (မြန်မာ-အင်္ဂလိပ်)
▄▄▄▄▄▄▄▄▄▄▄▄▄
ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတယ်
"ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်း"ဘုရား

ဘုရားရှင်က ပြောပါတယ်" သင်ဟာ ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။"

ဆင်းရဲသားက ပြန်ပြောတာ "ကျွန်တော်မျိုး မှာ.....ပေးကမ်းစရာ ဘာမှ မရှိတာ.....ဆိုတော့"
မြတ်စွာဘုရားရှင်က "သင်ပေးစရာ သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။"

"မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။"

"ပါးစပ်- - သင်သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။"

"နှလုံးသား -တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ"နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။"

"မျက်လုံး- တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်"

"ကိုယ်ခန္ဓာ-သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်"

"ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့် ကျဆင်းရဲခြင်းတွေကသာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။"

ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါ
ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်
သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်

ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ
ပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေပါပဲ။

သင်ဒီစာကို ဖတ်ပြီးတဲ့အခါ သင့်မှာ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။
၁။ သင်တတ်နိုင်သလောက်မျှဝေလိုက်တဲ့အခါ လောကကြီးဟာ မေတ္တာတရားတွေ တိုးများလာမယ်
၂။ သင်စိတ်မဝင်စားပဲ နေလိုက်လို့ ရသလို မမြင်ခဲ့ဖူးသလို နေလိုက်လဲရပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••

သင့်ရဲ့ မျှဝေမှု သေးသေးလေးဟာ
တခြားသူအမြောက်အများကို အမြင်ကျယ် လာစေနိုင်ပါတယ်။ သင့်ရဲ့လေ့လာမှုကြောင့် ပြောင်းလဲမှုတွေရှိလာမယ် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ကြီးသထက်ကြီးထွားပြီး လူအမြောက်အများဆီကူးစက်ပြန့်ပွားနိုင်ပါစေ။

Why are we poor?
▄▄▄▄▄▄▄▄▄▄▄
One poor asking Buddha, "Why can not we live a poor and destitute"

Emotional said. If you are "giving and giving Enjoy.

Poor ' "Giving ..... Because I had nothing to do ....." Buddha taught that "a haunting pipes.

Sad face can provide.
Refreshed-active and joyful experience can provide.

Mouth-you "give words - encouraging - can you speak good Blessed.

- Heart - one who could've shown genuine "honest efforts white" friend can provide.

Eye-one was a good, good vision and can see
Choose a warm companion and can provide "

Using her body can help others

So you do not want. If only poor instincts lower poverty.

When you release Love
Love will return
Will be back to help when assistance is another

When sending you happiness
Happiness is often returned. It may get more pay as well as world natural.

You have two options when you read this message.
1. When you can share will increase in the world a friend
2. You can not just allow interest can be seen from just
•••••••••••••••••••••••••••••••••••••••••••••••••• •••••••

Your small shares
Several other awareness. Your going to study it changes your love than to a growing number of people infected can propagate itself.

Shwe Aeim Si
https://www.facebook.com/shweaeimsidictionary/?ref=page_internal
အင်္ဂလိပ်-မြန်မာအဘိဓာန်-ရွှေအိမ်စည်

No comments:

Post a Comment