လကုန်ဖို့ နီးလာတာနှင့် သင့်လက်ထဲမှာ ငွေပျက်တာမျိုးဖြစ်ဖူးပါသလား။
တစ်ကိုယ်ရေ ဘဏ္ဍာရေးအတွက် Budgeting ဆိုတာဘာလဲ။
ဝင်ငွေနဲ့ သုံးငွေကြား မျှတနေစေဖို့ Budgeting ကို ဘယ်လို စတင်လုပ်ဆောင်ရမလဲ။
ဆက်လက် လေ့လာကြည့်ကြရအောင်..........
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ကိုယ်ရေ ဘဏ္ဍာရေးအတွက် Budgeting ဆိုတာဘာလဲ။
နှစ်စဉ် Budget ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီများတွင် Budgetng ကို ကျွန်ုပ်တို့အားလုံး ကျယ်ကျယ်ပြန်ပြန်သိပြီး ကြားဖူးပြီးဖြစ်ပါသည်။ ဒါဆိုရင် ကိုယ်ပိုင် တစ်ကိုယ်ရေ ဘဏ္ဍာရေးအတွက် Budgeting ဆိုတာ ကကော ဘာလဲ။ Budgeting ဆိုတာကတော့ သင့်ငွေကြေးများကို ဘယ်လို အသုံးပြုမလဲဟုသော အစီအစဉ်တစ်ခုကိုဖန်တီးခြင်းဖြစ်စဉ် ကို ပြောခြင်းဖြစ်သည်။ ပြီးတော့ ထိုအစီအစဉ်ကို Budget ဟုခေါ်သည်။ ထိုကဲ့သို့ ငွေသုံးစွဲခြင်း အစီအစဉ်ကို ဖန်တီးထားခြင်းသည် သင်လုပ်ချင်သော၊ သင်လုပ်ဖို့လိုသော ကိစ္စများအတွက် သင့်တွင် ပိုက်ဆံအလုံအလောက် ရှိမရှိကို သင့်ကို ကြိုတင် စီစစ်တွက်ချက်ထားစေသည်။
ထို့ကြောင့် Budgeting သည် ရိုးရိုးရှင်းရှင်းဖြင့် သင့်ရဲ့ ဝင်ငွေနှင့် သုံးငွေများကို ညီမျှစေသည်။ အကယ်၍ သူတို့ မညီမျှနေပဲ သင်ရှာတာထက် သင်ပိုသုံးနေမယ်ဆိုလျှင်တော့ သင်ပြဿနာတတ်တော့မှာဖြစ်တယ်။ လူအများသတိမထားမိသော အရာကတော့ သူတို့ရှာဖွေနိုင်တာထက် သူတို့ပိုမို အသုံးပြုနေကြပြီး နှစ်စဉ် အကြွေးနွံထဲတွင် နက်သည်ထက်နက်အောင် နစ်နေကြသည်ဖြစ်သည်။ ထို့ကြောင့် Financial Thutha မှ တစ်ကိုယ်ရေ ဘဏ္ဍာရေးအတွက် Budgeting ကို လေ့လာရန် ဆုံးဖြတ်ထားပါသည်။ သို့မှသာ မြန်မာနိုင်ငံမှ အယောက်ချင်းစီတိုင်း သူတို့ရဲ့ငွေကြေးကို ပိုမိုကောင်းမွန်အောင် ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ သိလာပြီး ပိုမိုပြည့်စုံသော ဘဝကို နေထိုင်နိုင်ကြမှာဖြစ်ပါသည်။ ဤဆောင်းပါးကို myMoneyCoach, Forbes နှင့် Pratical Money Skills ဟူသော website များမှ မှီငြမ်းထားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Budgeting သည် အဘယ့်ကြောင့် အရေးကြီးရပါသလဲ?
Budgeting သည် သင့်ငွေကြေးကို သုံးစွဲဖိုအစီအစဉ်တစ်ခု ဖန်တီးခွင့်ပေးသောကြောင့် သင်လိုအပ်သော ကိစ္စများနှင့် သင့်အတွက် အရေးကြီးသော ကိစ္စများအတွက် သင့်မှာ အမြဲငွေကြေးလုံလုံလောက်လောက် ရှိစေပါသည်။ Budget သို့မဟုတ် သုံးစွဲမှုအစီအစဉ်အတိုင်းလိုက်နာခြင်းသည် သင့်ကို အကြွေးများနှင့် ကင်းဝေးစေပါလိမ့်မည်။ သင့်တွင် လက်ရှိပေးရမည့် အကြွေးတွေရှိနေပါကလည်း ထိုအကြွေးတွေမှ ရုန်းထွက်ရန် ကူညီပေးပါလိမ့်မည်။ Financial Thutha မှ ဆိုရိုးလေးတစ်ခုကို မှတ်ချက်ပေးချင်ပါတယ်။ "When you fail to plan, you plan to fail." "သင် အစီအစဉ်ဆွဲဖို့ ပျက်ကွက်သောအချိန်တွင် သင် ဆုံးရှုံဖို့ အစီအစဉ်ဆွဲလိမ့်မယ်။" ထို့ကြောင့် အယောက်ချင်းစီတိုင်းအတွက် အရေးကြီးတာကတော့ Budgeting အစီအစဉ်တစ်ခုကို စတင်ဆွဲဖို့နှင့် ထိုအစီအစဉ်အတိုင်း လိုက်နာကြဖို့ ဖြစ်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"50-20-30" နိယာမ ဆိုတာဘာလဲ။
"50-20-30" နိယာမ ဆိုတာကို ကြားဖူးပါသလား။ အခြေခံအားဖြင့် Budget အစီအစဉ်တစ်ခု၏ အခြေခံအုတ်ချပ်တစ်ခု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငွေသုံးစွဲခြင်းကဏ္ဍ (၃)မျိုးကို သုံး၍ သင် Budgetingလုပ်တာကို ကူညီပေးမှာဖြစ်သောကြောင့် ဖြစ်ပါသည်။
- သင့်ဝင်ငွေ၏ ၅၀% သည် သင်နေထိုင်ရှင်သန်ဖို့ လိုအပ်ချက်များနှင့် အသုံးစရိုတ်များကို သွားသင့်သည်။ ဘာတွေပါဝင်သလဲဆိုတော့ ငှားခများ၊ အသုံးအဆောင်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလုပ်အသွားအပြန် ခရီးစရိတ်တို့ ဖြစ်သည်။
- သင့်ဝင်ငွေ၏ ၂၀% သည် သင့်ရဲ့ ဘဏ္ဍာရေး ပန်းတိုင်အတွက် ဖြစ်သင့်သည်။ ဆိုလိုသည်မှာ စုဆောင်းငွေများ၊ ရင်းနှီးမြုပ်နှံခြင်းများနှင့် အကြွေးပေချေ ဆက်ပေးခြင်း (အကယ်၍ သင့်တွင် ခရက်ဒစ်ကဒ်အတွက်ပြန်ဆပ်ရငွေတို့ကဲ့သို့သော အကြွေးများရှိလျှင်) တို့ဖြစ်သည်။
- သင့်ဝင်ငွေ၏ ၃၀% သည် ဟိုသုံးဒီသုံးများကဲ့သို့သော ငွေကြေးသုံးစွဲမှုများအတွက် ဖြစ်သည်။ သင်အမှန်တကယ် လိုအပ်၍မဟုတ်ပဲ သင်လိုချင်၍ ဝယ်/သုံးသော ကိစ္စတိုင်းပါဝင်သည်။ ဥပမာအားဖြင့် အပျော်ခရီးသွားခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ခြင်းတို့ဖြစ်သည်။
Financial Thutha မှ မှတ်ယူရလွယ်ကူအောင် ဥပမာလေးတစ်ခုဖြင့် ပြသချင်ပါသည်။ သင့်ရဲ့ လစဉ်ဝင်ငွေသည် 500$ ရှိသည်ဆိုပါစို့။ သင်သည် 250$ ကို နေထိုင်စရိတ်အတွက်ဖယ်ထားရပြီး 100$ ကို စုဆောင်းငွေ နှင့် 150$ ကို ရုပ်ရှင်ကြည့်ခြင်းနှင့် ခရီးသွားခြင်းတို့ကဲ့သိုသော ဟိုသုံးဒီသုံးများအတွက် ထားရမည်ဖြစ်သည်။ ဤပုံစံသည် သင့် ငွေကြေး Budget အတွက် ဘောက်ကန့်ထားပေးလိုက်ခြင်း ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"50-20-30" နိယာမသည် အဘယ်ကြောင့် အလုပ်ဖြစ်ရပါသနည်း။
၎င်းသည် သင့်ရဲ့ တစ်ကိုယ်ရေဘဏ္ဍာရေးကို ရိုးရိုးရှင်းရှင်းဖြစ်စေသည်။ ထို့ကြောင့် သင့်ကုန်ကျစရိတ်များအတွက် ပေးနိုင်သည်။ ငွေစုနိုင်သည်။ ပျော်ရွှင်မှုအတွက်လဲ လွတ်လွတ်လပ်လပ် ငွေသုံးစွဲနိုင်သည်။ Budgeting လူသစ်များအတွက်လည်း စတင်လုပ်ဆောင်သင့်သော အချက်တစ်ခုဖြစ်ပေသည်။ မသေချာမှုတွေ ရှိမနေတော့ပါ။ သင့်ရဲ့ လုပ်ဆောင်မှု ခြေလှမ်းတိုင်းဟာ ရှင်းရှင်းလင်းလင်းဖြစ်နေမှဖြစ်ပြီး ငွေစုခြင်း၊ ရင်းနှီးမြုပ်နှံ့ခြင်းနှင့် အခြားဘဏ္ဍရေးပန်းတိုင်များအတွက်ပါ အထောက်အကူပြုစေမှာဖြစ်သည်။ သင်ဒီလမ်းကြောင်းအတိုင်သာ ဆက်လျှောက်သွားမည်ဆိုလျှင် မလွဲမသွေပင် သင်မျှော်လင့်ထားသော ငွေကြေးတည်ငြိမ်မှုကို ရရှိမှာဖြစ်သည်။ Financial Thutha မှ မှတ်ချက်ပေးချင်တာကတော့ "50-20-30" နိယာမ အမှန်တကယ် အလုပ်ဖြစ်တယ်ဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ သက်သေတွေရှိပြီးဖြစ်သည်။ သို့သော် မေးစရာ မေခွန်းကြီးတစ်ခုရှိတယ်။ ထိုနိယာမကို တစိုက်မက်မက် လိုက်လျှောက်ဖို့ အသေအချာ စိတ်ဆုံးဖြတ်ပြီးပါပြီလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Budgetingသည် ရှိသင့်သော အကျင့်ကောင်းတစ်ခုဖြစ်ပြီး ယခုချက်ချင်းစတင်ဖို့ အချိန်တန်ပြီ
Budgeting သည် ရှုပ်ထွေတယ်လို့ ထင်ရသော်လည်း အလွန်အခြေခံကျသော တစ်ကိုယ်ရေ ဘဏ္ဍာရေး ကျွမ်းကျင်မှု တစ်ခုဖြစ်နိုင်သည်။ သင့်ရဲ့ Budget ကို ရိုးရိုးရှင်းရှင်း အပေါ်ယံပဲလုပ်သည်ဖြစ်စေ၊ တစ်ကျပ်ကျန်သည်အထိ အသေးစိတ်လုပ်သည်ဖြစ်စေ Budgeting ၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ လက်တွေ့လုပ်ဆောင်ဖို့ပင်ဖြစ်သည်။ သင်သုံးစွဲသမျှကို မှတ်ထားဖို့ သင့် Budget ကို စီမံခန့်ခွဲရာတွင် မရှိမဖြစ်လိုအပ်သည်။ ထိုကြောင့် Financial Thuha မှ အကြံပေးချင်တာကတော့ သင့်ရဲ့ Budget အစီအစဉ်ကို အမှန်တကယ် လက်တွေ့ လုပ်ဖို့ စတင် စီစဉ်သင့်ပြီဖြစ်သည်။ "50-20-30" နိယာမကို သုံးပြီး ဒီနေ့မှစတင်၍ လိုက်နာရမည့် ရိုးရိုးရှင်းရှင်း စည်းမျဉ်းများ ထွက်လာရပါမည်။ လစဉ်ဝင်ငွေ၏ ၅၀% ကို အသုံးစရိတ်အတွက်၊ ၂၀% ကို စုငွေနှင့် ရင်းနှီးမြုပ်နှံမှုအတွက်နှင့် ၃၀% ကို အထွေထွေသုံးအတွက် ထားရမည်ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ထိုစည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပြီး လုံ့လဝီရိယဖြင့် လစဉ် လိုက်လျောက်ဖို့ဖြစ်သည်။ ဤအရာသည် အယောက်ချင်းစီတိုင်းကို ဘဏ္ဍာရေးပန်းတိုင်နှင့် အိမ်မက်များကိုရရှိအောင် ကူညီပေးမှာဖြစ်ပါသည်။
ထို့ကြောင့် working professional များအတွက် ငွေစုသောအကျင့်ကောင်းလေး စတင်ပျိုးထောင်ဖို့နှင့် ဝိရီယရှိရှိ အစဉ်တစိုက်လိုက်လျှောက်နိုင်ဖို့ Budget အစီအစဉ်လေး ထွက်လာဖို့ အလွန်အရေးကြီးပါသည်။ ၎င်းသည် သင့် ဘဏ္ဍာရေးပန်းတိုင်နှင့် အိမ်မက်ဆီသို့ ပိုမိုနီးကပ်အောင် ကူညီပေးမည်ဖြစ်သည်။
အကယ်၍ ဤဆောင်းပါးသည် သင့်အတွက် အကျိုးရှိမယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။ ပြီးနောက် Financial Thutha ၏ Facebook Page ကို like လုပ်ပြီး follow လုပ်ထားပေးပါ။ သင့်ဤဆောင်းပါးကို ကြိုက်နှစ်သက်ကြောင်းလည်း comment ပေးထားနိုင်ပါသည်။ ကျွန်ုပ်တို့အတွက် ဤကဲ့သိုသော ဆောင်းပါးများ ဆက်လက်ရေးသားရန်အတွက် အားပေးမှုဖြစ်စေမှာ ဖြစ်ပါသည်။ ဤဆောင်းပါးကို အောက်ပါ link များမှ မှီငြမ်းရေးသားထားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*** This article has been referenced and extracted from these websites, namely, myMoneyCoach, Forbes and Practical Money Skills. It is from the link, http://www.mymoneycoach.ca/budgeting/what-is-a-budget-planning-forecasting. It is written by the team in myMoneycoach. It is also being extracted and referenced from,https://www.forbes.com/sites/trulia/2016/07/11/new-to-budgeting-why-you-should-try-the-50-20-30-rule/#6012c03732e9. It is being written by Trulia, Forbes Contributor. It is also extracted and referenced fromhttps://www.practicalmoneyskills.com/learn/budgeting. It is being written by the team in Practical Money Skills.
The Truth About Blockchain
Financial Thuta would like to sincerely thankmyMoneyCoach(Writing team in myMoneyCoach), Forbes(Trulia, Forbes contributor ) and Practical Money Skills(Writing team in Practical Money Skills). Financial Thuta referenced and extracted the article from these sites. The Image is from, http://www.mymoneycoach.ca/budgeting/what-is-a-budget-planning-forecasting. Financial Thuta would like to thank myMoneyCoach for the image. Image Credit to myMoneyCoach.com.ca. Financial Thuta combines these insights from these sources in their analysis. *** Do note that certain parts are written by Financial Thuta but mostly referenced frommyMoneyCoach(Writing team in myMoneyCoach), Forbes(Trulia, Forbes contributor ) and Practical Money Skills(Writing team in Practical Money Skills). It is also being translated by Financial Thuta. Financial Thuta is sharing the article to encourage financial learning in Myanmar solely for the purpose of learning. This article does not reflect the opinions and recommendations of Financial Thuta. All recommendations are made without guarantee on the part of Financial Thuta. Financial Thuta disclaim any liability in connection with the use of this information.
No comments:
Post a Comment